စစ်​ပွဲတွေရပ်​ဖို့နဲ့ ဒုက္ခသည်​အရေးဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ်က မြို့နယ်၎ခုမှာ ​ဆန္ဒပြ

စစ်​တွေ၊မေ၁၉-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်ပြည်​နယ်​အတွင်းမှာလက်​ရှိဖြစ်​ပွားနေတဲ့စစ်​ရေးပြဿနာတွေကိုဖြေရှင်းဆောင်​ရွက်​ပေးရေးအတွက်​စစ်​တွေ၊ပေါက်​တော၊မောင်​တော၊ပုဏ္ဏားကျွန်းမြို့တွေမှာဒီကနေ့မေလ၁၉ရက်​နေ့နေ့လယ်၁နာရီကဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်​ခဲ့ကြပါတယ်​။

 

အဲ့ဒီရခိုင်​ပြည်​နယ်​အတွင်းကစစ်​ရေးပြဿနာတွေနဲ့ပါတ်​သက်​လို့သက်​ဆိုင်​ရာအစိုးရအဖွဲ့အစည်းတွေကဖြေရှင်းပေးဖို့အတွက်​လူမှုအဖွဲ့အဖွဲ့အစည်းတွေနဲ့သံဃာတော်​တွေစုပေါင်းပြီးတော့ပြီးခဲ့တဲ့မေလ၆ရက်​နေ့အစည်းအဝေးဆုံးဖြတ်​ချက်​၄ချက်​ကိုနိုင်​ငံတော်​အစိုးရဆီကိုတင်​ပြထားခဲ့ပေမယ့်​တစ်​စုံတစ်​ရာအကြောင်းပြန်​ခြင်းမရှိသလိုဆောင်​ရွက်​ခြင်းလည်းမရှိတဲ့အတွက်​အခုလိုဆန္ဒဖော်​ထုတ်​ခဲ့ကြတာဖြစ်​တယ်လို့ ဆန္ဒပြသူတွေက ဆိုကြပါတယ်။

 

“ရခိုင်​ပြည်​နယ်​အတွင်းမှာဖြစ်​နေတဲ့စစ်​ရေးကိစ္စတွေမှာမလိုလားအပ်​တဲ့ပြဿနာတွေဖြစ်​နေတယ်​။ဒါတွေကိုကျွန်​တော်​တို့ကမဖြစ်​သင့်​တာမဖြစ်​အောင်​ဥပဒေနဲ့အညီဆောင်​ရွက်​ကြဖို့အစိုးရကိုတိုက်​တွန်းမှုတွေလုပ်​ထားတယ်​။မထူးတဲ့အတွက်​ဒီကနေ့ဆန္ဒပြတာပါ။”လို့ဦးဆောင်​သူဦးအောင်​ဌေးကပြောပါတယ်​။

 

အဲ့ဒီဆန္ဒဖော်​ထုတ်​ဖေါ်ပွဲတွေမှာ  အရပ်​ဖက်​အဖွဲ့အစည်းတွေနဲ့သံဃာအဖွဲ့အစည်းတွေပူးပေါင်းပါဝင်​ခဲ့ကြပြီးစစ်​တွေမှာတော့အင်​အား(၂၀၀၀)ခန့်​ပါဝင်​တောင်းဆိုခဲ့ကြပါတယ်​။

 

“အဓိကကျွန်​တော်​တို့တောင်းဆိုတာကတော့အချက်​လေးချက်​ပါ။ရခိုင်​ကိုလည်းတခြားစစ်​တိုင်းတွေလိုအပစ်​ရပ်​ပြီးငြိမ်းချမ်းရေးဆွေနွေးဖို့ရယ်​၊ဒုက္ခသည်​တွေနေရပ်​ပြန်​ပြီးသူတို့ရဲ့အလုပ်​တွေကိုလုပ်​ကိုင်​နိုင်​အောင်​အကူအညီပေးဖို့ရယ်​၊စစ်​ဘေးရှောင်​တွေရဲ့စားဝတ်​နေရေး၊ပညာရေး၊ကျန်းမာရေးကိစ္စတွေအတွက်​အကူအညီပေးတဲ့အဖွဲ့တွေကိုသွားလာခွင့်​ပြုဖို့နဲ့တပ်​မတော်​ကကျေးရွာတွေကိုပစ်​ခတ်​မှုတွေနောက်​ထပ်​မပြုလုပ်​ဖို့အစိုးရကကြပ်​မတ်​ပေးဖို့အဲ့ဒီအချက်​တွေကိုတောင်းဆိုတာဖြစ်​ပါတယ်​။”လို့ဦးအောင်​ဌေးကပြောပါတယ်​။

 

လက်​ရှိမှာတော့ရခိုင်​ပြည်​နယ်​အတွင်းမှာဖြစ်​ပွားနေတဲ့စစ်​ရေးပြဿနာတွေကြောင့်​အရပ်​သားတွေထိခိုက်သေဆုံးနေကြရပြီး၃သောင်းကျော် အိုးအိမ်စွန့်ထွက်ပြေးနေရပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #ဒုက္ခသည် #စစ်ဘေး #စစ်တွေ #ပေါက်တော #မောင်းတော  #ပုဏ္ဍားကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW