အကောင့်တု သုံးဘီလီယံကျော်ကို ခြောက်လအတွင်း ဖယ်ရှားခဲ့တဲ့ ဖေ့စ်ဘွတ်ခ်

နယူးယောက်၊ မေ-၂၄-၂၀၁၉

မျိုးဆက် (VOM)

 

၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် မတ်လအထိ ဖေ့စ်ဘွတ်ခ်က အရေးယူဆောင်ရွက်ခဲ့တဲ့ အကောင့်နဲ့ ပို့စ်အရေအတွက်ကို အသေးစိတ်ဖော်ပြထားတဲ့  နောက်ဆုံးအစီရင်စာတစ်ခုကို ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပါတယ်။

 

ဒီအစီရင်စာမှာတော့ ခြောက်လတာကာလအတွင်း အကောင့်တု သုံးဘီလီယံကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့တယ်လို့ ဖော်ပြထားပြီး ဒီပမာဏဟာ ယခင်ကာလတွေက ဖယ်ရှားခဲ့တဲ့ အရေးအတွက်ထက် ပိုမိုများပြားပါတယ်။

 

အမုန်းစကားဖြန့်ဝေတဲ့ ပို့စ် ခုနှစ်သန်းကျော်ကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဖယ်ရှားခဲ့ပြီး ဒီပမာဏဟာလည်း စံချိန်တင် အရေအတွက်ဖြစ်ပါတယ်။

 

ဒါ့အပြင်  ဖျက်ချခဲ့တဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ အယူခံဝင်တဲ့ အရေအတွက်နဲ့  ပြန်လည်သုံးသပ်ပြီးနောက် ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်တင်ခွင့်ပြုတဲ့ ပို့စ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဖေ့စ်ဘွတ်ခ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဖေ့စ်ဘွတ်ခ်ဟာ  ဥာဏ်ရည်တုနည်းပညာအသုံးပြုပြီး စောင့်ကြည့်မှုတွေပြုလုပ်နေတာကြောင့် အကောင့်တု အများစုဟာ  အကောင့်ဖွင့်ပြီး မိနစ်ပိုင်းအတွင်း အဖျက်ခံရတယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

Ref : BBC

Photo :Getty Images

 

#voiceofmyanmar # အကောင့်တုသုံးဘီလီယံကျော်ကိုခြောက်လအတွင်းဖယ်ရှားခဲ့ #ဖေ့စ်ဘွတ်ခ် #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW