နေပြည်တော် မေ ၂၄-၂၀၁၉
ကိုထွန်း
မေလ၂၄ရက်နေ့ ဒီနေ့မနက်က နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမဆောင်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိဌာနဆိုင်ရာဝန်ထမ်းတွေ တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ သမ္မတဦးဝင်းမြင့်က
“အပြန်အလှန်နားလည်မှုနဲ့လုပ်ပါ၊ အပြန်အလှန်နားလည်မှုဆိုတာ ပေါင်းရိုက်စားခိုင်းတာမဟုတ်ဘူးကိုယ်ချင်းစာတရားထားရမယ်၊ နိုင်ငံရေး၊ တရားဥပဒေကအစ တရားမျှတမှုထားရမယ်၊ ကိုယ်ကိုတိုင်ပြုပြင်ပြောင်းလဲမှသူတစ်ပါးကိုပြုပြင်နိုင်မှဖြစ်မယ် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီပြောခဲ့သလိုနိုင်ငံတော်က သင့်ကိုဘာလုပ်ပေးမလဲဆိုတာထက် နိုင်ငံတော်အတွက်သင်ဘာလုပ်ပေးမလဲဆိုတဲ့စကားလိုနိုင်ငံတော်အတွက်ဘာလုပ်ပေးနိုင်မလဲစဉ်းစားကြပါ၊ ရတဲ့လစာ၊ အဆောင်အယောင်ကို သာယာမက်မောမနေကြဖို့ပြောကြားလိုပါတယ်၊၊နောင်ခါလာနောင်ခါဈေးမထားခဲ့ကြပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နေပြည်တော်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေထဲက ဦးစီးမှူးအထက် အရာရှိ ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
#voiceofmyanmar #နေပြည်တော် #နိုင်ငံတော်သမ္မတ #ဦးဝင်းမြင့် #ဌာနဆိုင်ရာဝန်ထမ်း #အပြန်အလှန်နားလည်မှုဆိုတာပေါင်းစာဖို့မဟုတ်