ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ရာထူးမှ နှုတ်ထွက်တော့မယ်

လန်ဒန်၊ မေ-၂၄-၂၀၁၉

မျိုးဆက် (VOM)

 

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေဟာ သူမရဲ့ ဘရီဇစ်ဆိုင်ရာ  သဘောတူညီချက်နဲ့ပတ်သက်ပြီး ပါလီမန်အမတ်တွေရဲ့ ထောက်ခံမှုမရရှိပြီးနောက် ဇွန် ၇ ရက်နေ့မှာ ရာထူးက နှုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။

 

အီးယူနဲ့ပတ်သက်တဲ့ ၂၀၁၆ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်ကို လေးစားသောအားဖြင့် မိမိအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ဒေါင်းနင်းလမ်းမှာရှိတဲ့ ၀န်ကြီးချုပ်အိမ်တော်က ထုတ်ပြန်ချက်မှာ ထရီဇာမေက ပြောပါတယ်။

 

ဘရီဇစ်ဆိုင်ရာနဲ့ပတ်သက်ပြီး အစီစဉ်တကျသွားဖို့အတွက် နောက်တက်လာမယ့် ၀န်ကြီးချုပ်ဟာ ပါလီမန်မှာ ယုံကြည်မှုတည်ဆောက်လိမ့်မယ်လို့ သူမက ဆိုပါတယ်။ အငြင်းအခုန်ဖြစ်နေတဲ့ နှစ်ဖက်လုံး အလျှော့ပေးဖို့ ဆန္ဒရှိမှာသာ သဘောတူညီချက်ရရှိလိမ့်မယ်လို့လည်း ထရီဇာမေက ပြောပါတယ်။

 

ဝန်ကြီးချုပ်ရဲ့ ဘရီဇစ်မူဝါဒနဲ့ ပတ်သက်ပြီး ပါလီမန်အမတ်တွေက ကန့်ကွက်နေတဲ့အပြင် ဗြိတိန်အောက်လွှတ်တော်အကြီးအကဲ အန်ဒရီရာလိဆမ်ဟာလည်း  မကျေနပ်တာကြောင့် မေ ၂၂ ရက်ညပိုင်းမှာ ရာထူးကနှုတ်ထွက်သွားပြီးနောက် ထရီဇာမေဟာ ရာထူး မြဲနိုင်တော့မဟုတ်ဘူးလို့ အစိုးရအဖွဲ့ ၀န်ကြီးအချို့က သုံးသပ်ပြောဆိုထားပါတယ်။

 

Ref: CNA/ BBC

Photo : Getty Images

Photo : AP

 

#voiceofmyanmar # ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေရာထူးမှနှုတ်ထွက်တော့မယ် #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW