မန္တလေး၊ မေ ၁၃-၂၀၁၉ ဟိန်းကို(VOM) ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗ.က.သ များ အဖွဲ့ချုပ်က ဦးဆောင်ပြီး အသစ်ပြင်ဆင်ပြောင်းလဲလိုက်တဲ့ အဝေးသင် ပညာရေးစနှစ်သစ်ဟာ ကျောင်းသားထုဆန္ဒမပါပဲ ပြုလုပ်တာကြောင့် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးနီကမ်ပိန်းကို ဒီကနေ နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar#မန္တလေး#ဖဲကြိုးနီကမ်ပိန်း#
Read MoreMonth: May 2019
ကလေးငယ် ခိုးယူသူကို ရွာသားများက ဖမ်းဆီး
ဖားကန့်၊ မေ-၁၂- ၂၀၁၉ ဇော်မိုးထက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံရွာ မှာ ၄ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူဖို့ ကြံစည်ခဲ့သူက ရွာခံတွေက ဖမ်းဆီးပြီး ရဲလက်ကို အပ်ခဲ့တယ်လို သိရပါတယ်။ ကောင်စံရွာမှာ နေထိုင်တဲ့ ၄ နှစ်အရွယ် မိန်းကလေးကို လူတယောက်က ဆိုင်ကယ်ပေါ်တင်ပြီး ခိုးယူထွက်ပြေးဖို့ ပြင်ဆင်နေချိန် ကလေးငယ်ရဲ့အဖွားဖြစ်သူက လှမ်းမြင်ပြီး ရပ်ကွက်ကို အော်ဟစ်အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အနီးဝန်းကျင်က လိုက်လံဖမ်းဆီးတာကြောင့် ကလေးငယ်ကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ ရေမဆေးကျောက်ရှာသူ ကျော်လွင်(၄၉)နှစ် ကို ဖမ်းမိခဲ့ပြီး ရဲနဲ့သက်ဆိုင်ရာလက်ကို အပ်နှံခဲ့တာဖြစ်ပါတယ်။ ကလေးခိုးသူ ကျော်လွင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၆၃ ၊ အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ လက်အောက်မှ ခိုးယူခြင်း…
Read Moreမင်းတုန်းမြို့နယ်မှာလေပြင်းတိုက် မိုးကြိုးပစ် တဦးသေ
မင်းတုန်း မေ၁၃ ၂၀၁၉ ဂျန်ကိုးလ် မကွေးတိုင်း သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကြို့ဝ ကျေးရွာမှာ မေလ၁၂ရက်နေ့ ညနေက လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်လို့ အသက်၄၅နှစ် အရွယ် အမျိုးသားတဦး သေဆုံးသွားတယ်လို့ မြောက်ပြင်ရဲကင်းစခန်းက ပြောပါတယ်။ “နွားကျောင်းနေတုန်း ရေသွင်းမြေပဲစိုက်တဲ့ ကန်ဇင်းခုံမှာ မှောက်ရက်လဲကျသွားတာ တွေ့လိုက်ရတယ်လို့ ကိုက်၂၀၀ အကွာလောက်က မြင်လိုက်တဲ့ နွားကျောင်းဖေါ်တွေက ပြောတယ်”လို့ ကြို့ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောပြပါတယ်။ မိုးကြိုးထိမှန်မှု့ကြောင့် ရင်ဘတ်စုတ်ပြဲ ဆံပင်မီးလောင်ပြီး ဦးခေါင်းပိုင်းမည်းသွားတယ်လို့ မျက်မြင်တွေ့ရတဲ့ ကျေးရွာသားတွေက ပြောပါတယ်။ သေဆုံးသူဟာ ကြို့ဝကျေးရွာနေ ဦးသန်းထွန်း အသက်၄၅နှစ် လို့သိရပါတယ်။ လေပြင်းတိုက်ခတ်မှု့ကြောင့် ပဲမြောက် ကျေးရွာ၊ စွန်သိုက်ကျေးရွာ၊ ရွာပုလဲကျေးရွာ ဒေါင်းသမားကြီးကျေးရွာတို့က အိမ်တချို့ အမိုးတွေလန်ပြီး လေနောက်ပါသွားပေမယ့် လူနဲ့တိရစ္ဆာန် အထိအခိုက်မရှိဘူးလို့…
Read Moreတောင်တက်အဖွဲ့ဝင် မစိမ့်ထက်သေဆုံးမှု တာဝန်ရှိသူအား တရားစွဲရန်စောင့်ကြည့်နေ
ရန်ကုန် ၊ မေ ၁၂ – ၂၀၁၉ သူရိန် ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ တောင်တက်အဖွဲ့ဝင် မစိမ့်ထက် သေဆုံးမှုနဲ့ပက်သက်ပြီး တာဝန်ရှိသူကို တရားစွဲဆိုဖို့်အတွက် အခြေအနေ စောင့်ကြည့်နေတယ်လို့ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောပါတယ်။ ဖန်ဂရမ်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ The Summiter အဖွဲ့ဝင်တွေက ဧပြီ ၁၂ ရက်က တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပြီး ပြန်အဆင်းမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစိမ့်ထက် က ခြေချော်ပြီး အသက်ဆုံးရှံးခဲ့ရတဲ့အတွက် ကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဒီနေ့ နေလည် ၁ နာရီက ရန်ကုန်မြို့ ၊ စင်ထရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ “တရားစွဲဖို့ထက် ဒေါက်တာနေစိုးအောင်ကလည်း သူပြောထားတယ်။ သူတို့သွားခါနီးမှာ ဌာနဆိုင်ရာတွေကို အသိပေးသင့်တာတွေ မပေးသွားဘူးလို့…
Read Moreရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီကို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေဆီ သွားရောက်လေ့လာဖို့ တိုက်တွန်း
စစ်တွေ၊ မေ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) လက်ရှိရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် လာရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေက လူမှုအဖွဲ့အစည်း တွေနဲ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး အကြံပြုချက်တွေကို ရယူခဲ့ကြပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ကော်မတီအနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေသလို အစိုးရကို အကြံပြုနိုင်ရေးအတွက် အချက်အလက်တွေကို ရယူတဲ့အခါမှာ တည်ငြိမ်အေးချမ်းနေတဲ့ စစ်တွေမြို့လိုနေရာက ရယူတာမျိုးမဟုတ်ဘဲ တကယ့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်တို့လို နေရာတွေကို သွားရောက်ပြီး ဒေသခံတွေရဲ့ ပြောဆိုတင်ပြချက်တွေကို နားထောင်ဖို့ လိုအပ်တယ်လို့ မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဌ ကိုမိုးဇော်မြင့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြနယ်ရဲ့…
Read Moreမလေးရှားသွားဖို့ ငါးရက်အငတ်ခံပြီး ပုန်းနေရတဲ့ မြန်မာလုပ်သား ၂၇ ဦး ထိုင်းမှာအဖမ်းခံရ
ဘန်ကောက်၊ မေ-၁၂-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားကိုသွားဖို့အတွက် ဟက်ရိုင်ဂေါက်ကွင်းအနီးမှာ ရေကလွဲပြီး ငါးရက်ကြာ အစာမစားရဘဲ ပုန်းအောင်းနေတဲ့ တရားမ၀င် မြန်မာလုပ်သား ၂၇ ဦးကို လူကုန်းကူးသူတဦးနဲ့အတူ မေ ၁၁ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ နယ်စပ်ကင်းလှည့်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ စစ်သားတွေဟာ လူကုန်ကူးအဖွဲ့က ဂိုဏ်းသားတစ်ဦးကို ဖမ်းဆီးခဲ့ရာကနေ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရဲတွေဖမ်းဆီးထားတဲ့ လူကုန်ကူးသူဟာ ငါးရက်ကြာ အစာမစားရဘဲ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေကို တောထဲကနေ ထွက်လာဖို့ အချက်ပြပြီး ခေါ်တာကြောင့် မြန်မာလုပ်သားက ထွက်လာကြရာမှာ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာလုပ်သားအားလုံးဟာ အမျိုးသားတွေချည်းဖြစ်ကြပြီး ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားဖို့အတွက် ရန်ကုန်ကနေ လာခဲ့ကြတာလို့ ပြောပါတယ်။ သူတို့ကို လူကုန်ကူးဂိုဏ်းက…
Read Moreစစ်ဘေးရှောင်တွေကို အလှူငွေတွေ ပေးအပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့လို
စစ်တွေ၊ မေ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်အတွင်းမှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့နိုင်ရေး အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီငွေကြေးထောက်ပံ့ပေးမှု အခမ်းအနားမှာ သက်ဆိုင်ရာမြို့နယ်တွေက လူမှုအဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး ပေးအပ်တဲ့အခါမှာ ကျောက်တော်မြို့နယ်က ငွေလက်ခံဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့က ဆွေးနွေးပွဲရှိတယ်လို့ မြို့နယ်ကဖိတ်တဲ့အတွက် အစည်းအဝေးလာတက်တာပါ။ ငွေကြေးလက်ခံဖို့ လာတာမဟုတ်ဘူး။ ဒီလိုမျိုး ဒုက္ခသည်တွေ ရိက္ခထောက်ပံ့နိုင်ရေးအတွက် ငွေလှူတဲ့အပေါ်မှာတော့ ကျေးဇူးတင်ပါတယ်။ ပထမအကြိမ်လှူတုန်းကလည်း လက်ခံပေးလိုက်တယ်။ အဲ့ဒီငွေတွေကို ဘယ်နေရာကို ဘယ်လောက်ပေးသလဲ။ ဘယ်စခန်းတွေကိုပေးသလဲ။ ဆိုတာကိုကျွန်တော်တို့ မသိလိုက်ရဘူး။ ကျွန်တော်တို့ အခုလိုလက်ခံပြီးပြန်သွားတော့ မေးကြမှာပဲ။ ဒါတွေကိုကျွန်တော်တို့က ဖြေကြားဖို့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့်လက်မခံတာပါ။”လို့ ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာ ပရဟိတအသင်း ဥက္ကဌ…
Read Moreဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းမြင့်လာဖို့ မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေ အခမဲ့တက်ခွင့်ပြု
တိုကျို၊ မေ-၁၂-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေးရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကလေးငယ်အားလုံးကို မူကြိုကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေမှာ အခမဲ့ တက်ရောက်ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ဂျပန်နိုင်ငံမှာ ပြဌာန်းလိုက်ပါတယ်။ အဲဒီ မဟာဗျူဟာအရ ကလေးငယ်တွေကို ကျွေးမွေးပြုစုရတဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့ ရည်ရွယ်ထားပြီး ၂၀၁၇ ခုနှစ်အတွင်းက ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းခဲ့တာကို မြင့်တက်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မျှော်လင့်ထားပါတယ်။ ပြဌာန်းလိုက်တဲ့ ဥပဒေအရ အသက် ၃ နှစ်မှ ၅ နှစ်အကြား ကလေးငယ်တွေအားလုံးအတွက် မူကြိုကျောင်းကုန်ကျစရိတ်တွေကို ပေးဆောင်ဖို့ မလိုတော့ပါဘူး။ ဒါ့အပြင် ၀င်ငွေနည်းမိသားစုတွေအတွက် အသက်နှစ်နှစ်အောက်ကလေးငယ်တွေကို နေ့ကလေးထိန်းကျောင်း အခမဲ့တက်ရောက်ခွင့်လည်း ရရှိမည်ဖြစ်ပါတယ်။ဒီအစီအစဉ်ကို အောက်တိုဘာလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။…
Read Moreလျှပ်စစ်မီးပျက်နေ့တာ ၃လရှိပြီဖြစ်တဲ့ အထက်ပေါင်းလောင်းဒေသ
နေပြည်တော် ၊မေ ၁၂-၂၀၁၉ ဒီပ(နေပြည်တော်) ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်းဒေသမှာ လျှပ်စစ်မီးပျက်နေတာ ဒီနေ့ဆို ၃လ တင်းတင်းပြည့်ပြီဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာကြောင့် လျှပ်စစ်မီးရရှိရေး ကြိုးစားဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က ပြောကြားခဲ့ပါတယ်။ “အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကနေ ၃၃kvဓာတ်အားလိုင်းနဲ့ မီးပေးရတဲ့ရွာတွေပေါ့ နေပြည်တော်ကနေ ရှမ်းပြည်ဧရိယာထဲ တောတောင်တွေထဲကနေ ထရမ်စဖော်မာတွေကတဆင့် မီးပေးရတယ် ရာသီဥတုဖောက်ပြန်ပြီး မြေပြို သစ်ပင်လဲနဲ့ အဲ့ဒီဓာတ်အားလိုင်း ချို့ယွင်းပျက်စီးသွားတယ် အဲ့ဒါကို ကျွန်တော်တို့လည်း ပင်လောင်းမြို့ကတဆင့် တောတောင်ထဲကနေတဆင့် ၁၁kvလိုင်းနဲ့ မိုင်(၃၀)ကျော်ကို ဆက်သွယ်နေတာ သိပ်မကျန်တော့ပါဘူး ခက်ခဲတဲ့နေရာလေး ရှိနေသေးတယ် ကြိုးစားပြီးဆောင်ရွက်နေပါတယ်”လို့ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။ ပေါင်းလောင်းမြို့သစ်ဟာ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအပြီး ၂၀၁၂ခုနှစ်ကနေစပြီး အိမ်ခြေ(၂၅၀၀)ကျော်နဲ့ ကျေးရွာပေါင်း(၂၃)ရွာတို့ကို ရေလွတ်ရာကုန်းမြင့်များဆီ ရွှေ့ပြောင်းတည်ဆောက်ထားပြီး အစိုးရက…
Read Moreအစ္စလာမ်ဘာသာကိုတဖက်သတ်မုန်းတီးနေသူလား ၊ စစ်တပ်လော်ဘီလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး နောက်ဆုံးပိုင်း
မေလဆန်းပိုင်းက ထိုင်းကိုကြွတုန်း တရားပွဲပိတ်ခံရတယ်ဆိုတဲ့ အကြောင်း၊ မြန်မာနောင်းအယ်ဒီတာ ကိုဆွေကို တရားစွဲထားတဲ့အမှု ဘာ့ကြောင့်ရုံးတော်ကိုလာပြီး မထွက်ဆိုသေးလဲ ဆိုတာအပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးဝီရသူ ဘယ်လောက်ထိ စိတ်ဝင်စားသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့ နောက်ဆုံးပိုင်းကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ
Read More