တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံဖို့ လှုံ့ဆော်ခဲ့တဲ့ အမျိုးသားရေးဝါဒီဟာ ဘာ့ကြောင့် စစ်တပ်လော်ဘီအဖြစ် ပြောင်းသွားခဲ့တာလဲ ၊ နိုင်ငံအတွက် လုပ်ခဲ့ကြတာချင်းအတူတူ ဘာ့ကြောင့် တပ်မတော်ကျေးဇူးပိုများတယ်ပြောပြီး အလွန်အကျူးတင်စားခဲ့တာလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း(၂) ကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ
Read MoreMonth: May 2019
ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ဖိုး ထောက်ပံ့သွားမယ်
စစ်တွေ၊ မေ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၇ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၃ သောင်းနီးပါးအတွက် အစိုးရက ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ဖိုး ရိက္ခာထောက်ပံ့မှုတွေကို ပြုလုပ်သွားဖို့ရှိနေပါတယ်။ အဲ့ဒီရိက္ခာထောက်ပံ့မှုတွေကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက လှူဒါန်းပေးသွားမှာ ဖြစ်ပြီး မေလ ၁၂ ရက်နေ့မှာ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်ကပြောကြား ခဲ့ပါတယ်။ “ကျွန်တော်တို့ကော်မတီကနေပြီးတော့ ၁၂ ရက်နေ့မှာ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ စစ်ဘေးရှောင်စုရပ် ၉၄ ခုလို့သိရပါတယ်။ လူဦးရေကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့စာရင်းအရ ၂၈၉၃၉ ဦးရှိတယ်လို့ သိရပါတယ်။ ၁၆၈၅ ဒသမ ၅၁ သိန်းကို မနက်ဖြန်မှာ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။”လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး…
Read Moreတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ် မတော်တဆမှု ဖြစ်ပွား
မန္တလေး မေ ၁၂-၂၀၁၉ ကို ထွန်း ( VOM) မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယနေ့(မေ ၁၂) မနက် ၉ နာရီ ၅မိနစ်က Myanmar National Airlines လေယာဉ်တစ်စီးဟာ မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ရန်ကုန်လေဆိပ်မှ မန္တလေးသို့ထွက်ခွာလာတဲ့ .UB103 XY.AGQ E.190 လေယာဉ်ဖြစ်ပါတယ်။ ” တံတားဦးလေဆိပ်အဆင်းမှာ landing gear ချို့ ယွင်းမှုဖြစ်တယ် ဆီတွေဖောက်ထုတ်နိုင်ခဲ့ပြီးတော့ ဆင်းခဲ့တာမို့ အန္တရယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ လေဆိပ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီ မတော်တဆမှု ဖြစ်ပွားတဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၈၂ ဦး နဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့သိရပါတယ်။ …
Read Moreနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်အားလုံးကို သမ္မထံတင်ပြမယ်
စစ်တွေ၊ မေ-၁၁-၂၀၁၉ ခိုင်လင်းစံ (VOM) အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြု ကော်မတီအဖွဲ့ဝင်တွေဟာ မေလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ကို ဒုတိယအကြိမ်ရောက်ရှိလာခဲ့ ကြပါတယ်။ အဲ့ဒီကော်မတီဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှု ရရှိလာအောင် ဆောင်ရွက်တဲ့အခါမှာ ဘာတွေကိုအဓိကလုပ်ဆောင်သင့်တယ်ဆိုတဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ “မေလ ၉ ရက်နေ့က ရန်ကုန်မှာ ရခိုင်နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကော်မတီဥက္ကဌ ဦးအေးသာအောင်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်ကတော့ သူတို့ဘက်က တင်ပြတာတွေ၊ အကြံပြုချက်တွေ၊ ရင်တွင်းခံစားချက်တွေအကုန်လုံးကို နားထောင်ပါတယ်။ သူတို့ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့…
Read Moreတူနီးရှားကမ်းလွန်မှာ ရေယာဉ်တစ်စီး နစ်မြုပ်လို့ လူ ၆၅ ဦးသေဆုံး
တူနစ်၊မေ-၁၁-၂၀၁၉ မျိုးဆက် (VOM) ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ ရေယာဉ်တစ်စင်းဟာ တူနီးရှားကမ်းလွန်ရှိ မြေထဲပင်လယ်အတွင်း နစ်မြုပ်သွားတာကြောင့် လူပေါင်း ၆၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ရေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက လူပေါင်း ၁၆ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ ယူအင်အိတ်ခ်ျစီအာက ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ ပြောပါတယ်။ အဲဒီရေယာဉ်ဟာ မေ၉ရက်က လစ်ဗျားနိုင်ငံရှိ ဇူဝါရာဆိပ်ကမ်းကနေ ထွက်ခွါခဲ့တာဖြစ်ပြီး လှိုင်းကြီးတာကြောင့် နစ်မြုတ်သွားခဲ့တာဖြစ်တယ်လို့ အသက်ရှင်ကျန်သူများကပြောပါတယ်။ ၂၀၁၉ခုနှစ်ရဲ့ ပထမလေးလအတွင်း လစ်ဗျားနဲ့ ဥရောပနိုင်ငံတွေအကြား သွားရောက်တဲ့ လမ်းကြောင်းပေါ်မှာ သေဆုံးသူဦးရေဟာ ၁၆၄ ဦးခန့်ရှိတယ်လို့ ယူအင်အိတ်ခ်ျစီအာရဲ့ စာရင်းဇယားများတွေမှာ ဖော်ပြထားပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ ရေယာဉ်နှစ်မြုပ်မှုကတော့ ၂၀၁၉ ခုနနှစ် နှစ်ဆန်းပိုင်းကစပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်တဲ့ အသေအပျောက်အများဆုံး…
Read Moreပြည်မြို့မှာ စပါးဈေးကျ စိုက်စရိတ်မကျေလို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတွေမဆပ်နိုင်သူတွေ စိုးရိမ်နေ
ပြည် မေ-၁၁ -၂၀၁၉ ဂျန်ကိုးလ် ( VOM) ပြည်မြို့နယ်မှာပြီးခဲ့နှစ်မိုးရာသီက စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရေးအတွက်တောင်သူတွေကို စည်းရုံးနှိုးဆော်မှုတွေပြုလုပ်နေရတယ်လို့ ပြည် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲကသိရပါတယ်။ ”၂၀၁၇ က မိုးရာသီစိုက်ပျိုးစရတ်ကြွေးကျန် ကျေးရွာအုပ်စု ၄၃အုပ်စုကတောင်သူ၇၁၅မှာ ကျပ်သန်းပေါင်း ၄၈၀.၂၆၀သန်းကျန်ပါတယ်။ ၂၀၁၈ မိုးမှာ ကျေးရွာ ၅၉အုပ်စုက တောင်သူ၇၄၁၃ဦးမှာ ကျပ်သန်းပေါင်း ၅၅၈၂.၇၉၀သန်းကျန်ပါတယ်။ဒါတွေကိုပြန်ဆပ်ဖို့ နည်းမျိုးစုံစည်းရုံးရေးနည်းနဲ့ ကျေးရွာတွေကိုရှင်းပြနေရပါတယ်”လို့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒေါ်ဗေဒါရီက ရှင်းပြပါတယ်။ ၂၀၁၉ မိုးအတွက်မေလ၇ရက်နေ့က ပြည်မြို့နယ်အတွင်းရှိ ဇလုံကျေးရွာအုပ်စုကတောင်သူလယ်သမား၂၈ ဦးကို၆၇သိန်း၅သောင်းထုတ်ချေးထားပြီး ဒီနှစ်၂၀၁၉မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကိုကျပ်သိန်းပေါင်း ၈သောင်း၈ထောင် ထုတ်ချေးဘို့လျာထားတယ်လို့သိရပါတယ်၊ ”ခုလောလောဆယ်တော့မဆပ်နိုင်သူတွေကို အရေးယူဆောင်ရွက်ဘို့ညွှန်ကြားထားတာမရှိပါဘူး ပြန်ဆပ်နိုင်အောင်ဆပ်အောင်စည်းရုံးဆွဲဆောင်ဘို့ဘဲလုပ်ဆောင်နေပါတယ်”လို့ဘဏ်ခွဲမန်နေဂျာဒေါ်ဗေဒါရီကပြောပါတယ်။ အခုနွေစပါးတွေပေါ်ချိန်မှာ စပါးဈေးက တတင်းလေးထောင်ကျော်ကို ဝယ်သူမရှိဖြစ်နေပြီး အရှုံးနဲ့ဆက်လက်ရင်ဆိုင်နေရကာအကြွေးမကြေရခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။ ”ကြွေးကျန်ရင်တောင်သူတွေကိုဘဲအပြစ်မြင်ကြတာနဂိုကတည်းက မပြေလည်တာ အခုဆိုပိုဆိုးတာပေါ့ သွင်းအားစုက စလာကတည်းက ရေသွင်းစရိတ် ၊စက်ဘိုး…
Read Moreအခုပညာသင်နှစ်မှာ ကျောင်းကားစနစ်ကို အစိုးရနဲ့ ပုဂ္ဂလိက ယှဉ်ပြိုင်ပြေးဆွဲမှာ မဟုတ်
ရန်ကုန် မေ ၁၁-၂၀၁၉ သစ်တော်(VOM) အခုပညာသင်နှစ်ဖြစ်တဲ့၂၀၁၈-၂၀၁၉ နှစ်မှာ ပြေးဆွဲမယ့် ကျောင်းကားစနစ်မှာအစိုးရနဲ့ ပုဂ္ဂလိက ယှဉ်ပြိုင်ပြေးဆွဲမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ YRTAရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာနဲ့တွေ့ဆုံပွဲမှာ အဲလိုပြောလိုက်တာဖြစ်ပါတယ်။ “ကျွန်တော်တို့က ပုဂ္ဂလိက ကျောင်းကားတွေနဲ့ ယှဉ်ပြိုင်ပြီးတော့ ပြေးဆွဲသွားမှာ မဟုတ်ပါဘူး။ သူတို့ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ ဒါပေမယ့် ပြည်ထောင်စုအဆင့်က သတ်မှတ်ထားတဲ့ အချက် (၁၂) ချက်နဲ့တော့ ကိုက်ညီမှုရှိရမယ်။ ကနဦးအနေနဲ့ အခြေခံပညာစာသင်ကျောင်း (၁၈) ကျောင်းမှာ စတင်မယ်။ အစိုးရက တင်သွင်းထားတဲ့ ကျောင်းကားတွေကိုတော့ စာသင်ကျောင်းတွေက လိုအပ်ချက်အရ တင်ပြလာရင် ပြေးဆွဲပေးသွားမှာပါ”လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။ ဒါ့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကျောင်းကားတင်သွင်းခြင်း၊…
Read Moreအမေရိကန် ရေတပ်ကို ဒုံးပျံတစ်စင်းနဲ့ ဖျက်စီးပစ်နိုင်တယ်လို့ အီရန်ပြော
ဝါရှင်တန်၊ မေ-၁၁-၂၀၁၉ မျိုးဆက်(VOM) အမေရိကန်ရေနံတင်သင်္ဘောတွေအပါအ၀င် အမေရိကန်ကုန်တင်သင်္ဘောတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် ရေကြောင်းအုပ်ချုပ်ရေးအဖွဲ့က မေ ၁၀ ရက်က သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်ရေတပ်ကို ဒုံးပျံတစ်စင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်လို့ အီရန် ထိပ်တန်း ဘာသာရေးခေါင်းဆောင်က ပြောဆိုပြီးနောက် အမေရိကန်ရေးကြောင်းအုပ်ချုပ်ရေးအဖွဲ့က ဒီလို သတိပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန်တင်းမာမှုတွေဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုပြုမည်မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်က သီးခြားထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုကနေ အီရန်သမ္မတရူဟာနီနဲ့ သူရဲ့ မဟာမိတ်အချို့ကို တားဆီးရန်ရည်ရွယ်တဲ့ သီးခြားရပ်တည်ချက်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို လက်လျှော့ဖို့ နဲ့ ပတ်သက်ပြီး အီရန်ခေါင်းဆောင်တွေကို သူနဲ့ ဆွေးနွေးဖို့ မေ ၉ ရက်မှာ…
Read MoreVIP စက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေရဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကူညီတောင်း
ရန်ကုန် ၊ မေ ၁၁-၂၀၁၉ သိင်္ဂီ (VOM) ရွေပြည်သာမြို့နယ်မှာရှိတဲ့ VIP စက်ရုံ အလုပ်သမားတွေက ၂၄ နာရီ သပိတ်စခန်းဖွင့်ပြီး သူတို့ရဲ့လုပ်သက်ကြေး ၊ ကျွမ်းကျင်မှုအခကြေးငွေ ၊ ဖယ်ရီကားခ အပါ အဝင် အလုပ်သမားဥပဒေအရ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပါ အလုပ်ရှင်ထံ တောင်းဆိုနေပါတယ်။ ဒါပေမယ့် ဒီနေ့အထိ အလုပ်ရှင်ဘက်က လုပ်ဆောင်ပေးခြင်းမရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီး ဆွေးနွေးတင်ပြသွားမယ်လို့ VIP အလုပ်သမားအရေးကိုကူညီဆောင်ရွက်ပေးနေတဲ့ Action Labour Rights ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုစိုင်းယုမောင်ကပြောပါတယ်။ ” အဖြေပေးရမယ့်ဟာကို မပေးဘဲ အချိန်ဆွဲနေတယ်၊ ဒီအတွက် အလုပ်သမား ၊အလုပ်ရှင် အခက်အခဲဖြစ်တယ်။ ခုလိုဆန္ဒပြတဲ့အဆင့်မရောက်ခင်လည်း အရင် ညှိတာတင် လေး ငါးကြိမ်လောက်ရှိတယ် ။အဆင်မပြေလို့ နောက်ဆုံး ခုလို သပိတ်စခန်းဆန္ဒပြတဲ့အဆင့်ရောက်တာဖြစ်တယ်။ လူလျှော့တာတွေလည်းပါတယ်…
Read Moreအမျိုးသားရေးဝါဒီ ဦးဝီရသူနဲ့ လျှောက်ထားမေးမြန်းချက် အပိုင်း(၁)
မန္တလေး မေ ၁၀-၂၀၁၉ ပြီးတဲ့ရက်ပိုင်းက မြိတ်မြို့နဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေးဝါဒီလို့ သိထားကြတဲ့ ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွန်းပုတ်ခတ်တဲ့ စကားလုံးတွေနဲ့ ဟောပြောခဲ့တာကြောင့် သာသနာရေးဝန်ကြီးဌာနက တရားစွဲဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တရားစွဲမယ့် အဖွဲ့အစည်းက ဆရာတော်ဦးဝီရသူဆီကို အကြောင်းကြားပြီလား ဘာလို့ဒီလိုပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့စကားလုံးတွေနဲ့ ဟောပြောခဲ့သလဲ ၊ ဒီဟောပြောချက်တွေကိုရော သံဃာတပါးအနေနဲ့ ပြန်လည်ဆန်းစစ်တဲ့အခါ ဝိနည်းအရ အပြစ်သင့်တယ်လို့ဆင်ခြင်မိလားဆိုတာတွေကို VOM (Voice Of Myanmar ) သတင်းဌာနက ကိုနေလင်းကနေ သွားရောက်လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း (၁)ကို တင်ပြလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦဝိစိတ္တာဘိဝံသ #မစိုးရိမ် #အမျိုးသားရေးဝါဒီ
Read More