သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများကို​လျော်​​ကြေး​ပေးရန်​ ဘီလီယံ ၄၀ နီးပါရှိ

ရန်​ကုန်​ ၊ ​မေ ၁-၂၀၁၉ သူရိန် (VOM)     သိမ်းဆည်းခဲ့တဲ့လယ်ယာမြေတွေကို ရောင်းချပြီး လယ်သမားများ ကို လျော်ကြေးပေးဖို့ ဘီလီယံ ၄၀ နီးပါးခန့် ရှိ​တယ်​လို့ရန်​ကုန်​ တိုင်းဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက ​ပြောကြားလိုက်​ပါတယ်​။     “ကျွန်တော်တို့ မြေလျော်ကြေးပေးဖို့ ရှိပါတယ်။ မြေလျော်ကြေးပေးတဲ့ ကိစ္စပေါ်မှာ မြေလိုချင်တယ် လျော်ကြေးမလိုချင်ဘူးဆိုတဲ့ အသံတွေလဲ ကြားရပါတယ်။ ဒီမြေတွေကို ရောင်းပါမယ်။ အသိမ်းခံရတဲ့ လယ်သမားတွေကို အဲ့အချိန်ကာလက ပေါက်ဈေးနဲ့ လျော်ကြေးပေးပါမယ်။ သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများကို လျော်ကြေးပေးဖို့က ဘီလီယံ ၄၀ နီးပါးခန့် ရှိတာ​ကြောင့်​မြေ​တွေကို ကာလပေါက်ဈေး အတိုင်း ထုတ်ရောင်းသွားမယ်​။ ဒီမြေပေါ်မှာ သူနေနေတယ်ဆိုရင် သူ့ရဲ့ အခြေခံအဆောက်အအုံကြေးထည့်ဝင်ထားတဲ့ မြေပေါ်မှာ ဝယ်ပါ ကျွန်တော်တို့ရောင်းမယ်​။အခုလွှတ်တော်မှာ လမ်းခင်းပေးပါ မြောင်း ဖောက်ပေးပါ လမ်းကူးတံတားတွေ လုပ်ပေးပါဆိုတဲ့ ပိုက်ဆံကို…

Read More

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် အီရန်ကြေညာ

တီဟီရန်၊ မေ-၁-၂၀၁၉ မျိုးဆက် (VOM)   အီရန်သမ္မတ ရူဟာနီက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာတဲ့ ဥပဒေတစ်ကြမ်းတစ်ရပ်ကို ဧပြီ ၃၀ ရက်က လက်မှတ်ရေးထိုးလိုက်ပြီး အမေရိကန်အစိုးရဟာ အကြမ်းဖက်သမားတွေကို အားပေးအားမြောက်ပြုနေတယ်လို့ ပြောဆိုလိုက်ပါတယ်။   အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဧပြီလအတွင်းက သတ်မှတ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့  ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မှုအဖြစ် ဒီဥပဒေကြမ်းကို အီရန်ပါလီမန်က လွန်ခဲ့သည့်အပတ်မှာ အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် သူတို့ရဲ့ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။   သမ္မတ ရူဟာနီဟာ အဲဒီဥပဒေကို အကောင်အထည်ဖော်ရေးအတွက် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားလုံခြုံရေး အထူးကောင်စီတို့ကို ညွှန်ကြားထားတယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။   ဥပဒေမှာတော့  အထူးသဖြင့် အရှေ့အလယ်ပိုင်းနဲ့…

Read More

အလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေးရရှိရေး ဆန္ဒပြတောင်းဆို

မန္တလေး၊ မေ ၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်မှာ မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့မှ အလုပ်သမား ၂၀၀ခန့် စုပေါင်းပြီး အလုပ်သမားရေးကိစ္စတွေမှာ အစိုးရနဲ့လွတ်တော်က အလေးထားဆောင်ရွက်ပေးဖို့အတွက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လမ်းလျှောက်ဆန္ဒပြတာကို ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်း နဲ့ လမ်း ၆၀ထောင့်က မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ စတင်စုဝေးလမ်းလျှောက်ပြီး ၊ ဗန္ဓုလလမ်းမှ လမ်း ၆၀ ထောင့်၊ ၆၂လမ်း မှ ၆၂လမ်းအတိုင်း ဖိုးရာဇာလမ်းထိ စက်မှုဇုန်ကနောင်ခန်းမရှေ့ထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #မေဒေး #အလုပ်သမားနေ့ #အလုပ်သမားအခွင့်အရေး

Read More

ပြည်တွင်းလက်လီလုပ်ငန်းရှင်များ စီးပွားရေးတိုးချဲ့ရန် အတွက် အရင်းအနှီးရရှိနိုင်ရန်ခက်ခဲ​နေ

ရန်​ကုန်​၊ ​မေ ၁-၂၀၁၉ သူရိန် (VOM)       ပြည်တွင်းလက်လီလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးတိုးချဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အရင်းအနှီးရရှိနိုင်ရန်ခက်ခဲ​နေတယ်​ ​လို့ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲမှာ  လက်လီလုပ်ငန်းရှင်တွေက တင်ပြကြပါတယ်။     လက်လီရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင်ပြောသွားတာကတော့ “ ပြည်တွင်းလက်လီလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးချဲ့ရင်းနှီးမြှုပ်နှံမှု​တွေလုပ်​ဖို့ အတွက် အရင်းအနှီးရရှိနိုင်ဖို့ခက်ခဲ​နေပါတယ်​။ ပြည်တွင်းချေးငွေအပေါ်ပေးရတဲ့ အတိုးနှုန်းမြင့်မားမှုနဲ့ မြေဈေး ကြီးမြင့်ပြီးမြေနေရာရှားပါးမှု အခက်အခဲများနဲ့လည်းရင်ဆိုင်နေရပါတယ်​။ နိုင်ငံတော်အနေနဲ့အစိုးရပိုင်မြေနေရာ​တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ငှားရမ်းပေးတဲ့အခွင့်အရေးမျိုးကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားကုမ္ပဏီများကိုအသုံးပြုခွင့်ပေးရုံသာမက ပြည်တွင်းလုပ်ငန်းရှင်များကိုပါ  စနစ်တကျ အတူယှဉ်ပြိုင်ခွင့်ပေးပြီး ငှားရမ်းရယူနိုင်ရန်​ဖို့စီစဉ်ဆောင်ရွက် ပေး​စေချင်​ပါတယ်​ “  လို့တင်ပြသွားပါတယ်။     ဒါအပြင်​နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနဲ့ဖက်စပ်လုပ်ငန်းများရဲ့ လက်လီ၊ လက်ကား လုပ်ကိုင်ခွင့်ပြုမှုမှာ ပြည်တွင်း ထုတ်လုပ်သူများ ဈေးကွက်ပါ ထိခိုက်နိုင်တဲ့အတွက်​Trading နှင့်…

Read More

စစ်ကိုင်း၊ မင်းကွန်းမှာ သက်ငယ်မုဒိမ်းမှုဖြစ်

စစ်ကိုင်း မေ ၁-၂၀၁၉ မောင်တာရာ (VOM)   စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေးကလေးငယ်ကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။     ကျူးလွန်သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ်  ဖြစ်ပြီး ကျူးလွန်ခံရသူ မိန်းကလေးကတော့  ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့  မ—-ဖြစ်ပါတယ်။       ဖြစ်စဉ်မှာ  ကျူးလွန်ခံရသူ မိန်းကလေးရဲ့ မိခင်ဟာ မင်းကွန်း (တောင်)ရွာ ကနေ အိမ်ပြန်ရောက်တော့ သမီးဖြစ်သူကို အိမ်မှာ မတွေ့လို့ စုံးစမ်းရာက သိကျွမ်းသူ  ဇင်ဟန်ထက် (ခ) မှတ်ကြီးက ကွမ်းယာဝယ်ဖို့်…

Read More
VOM News

FREE
VIEW