ဘိုးအင်းကုမ္ပဏီထံက လျော်ကြေးရဖို့ တရုတ်လေကြောင်းလိုင်းတွေ တောင်းဆိုနေ

ပေကျင်း၊ မေ -၂၂ -၂၀၁၉ မျိုးဆက် (VOM)   ဘိုးအင်း ၇၃၇ မက်စ် လေယာဉ်တွေ ပြေးဆွဲပျံသန်းမှုတွေ မလုပ်နိုင်ဘဲ ရပ်နားထားရတဲ့အတွက် ဘိုးအင်းကုမ္ပဏီဆီကနေ လျော်ကြေးပေးဖို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်း သုံးခုက တောင်းဆိုလိုက်ပါတယ်။   Air China ၊ China Southern နဲ့  China Eastern တို့က ဘိုအင်းထံကနေ လျော်ကြေးရဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။   တရုတ်နိုင်ငံက လေကြောင်းလိုင်းတွေဟာ အမေရိကန်နိုင်ငံထုတ် ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်နှစ်စင်း ဆိုးဆိုးရွားရွားပျက်ကျမှုဖြစ်ပွားအပြီး ဒီလေယာဉ်တွေနဲ့ ပြေးဆွဲပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။   တရုတ်လေကြောင်းလိုင်းတွေဟာ မှာယူထားတဲ့ ၇၃၇ မက်စ် လေယာဉ်တွေကို ကုမ္ပဏီဘက်က ပေးပို့မှု နှောင့်နှေးတာအပါအ၀င် ရှိနှင့်ပြီးသားလေယာဉ်တွေ…

Read More

မန္တလေးမြို့မှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုများ အရင်ကထက်များလာ

မန္တလေး၊ မေ – ၂၂ -၂၀၁၉ ရဲရင့် မင်းခန့် (VOM)   မန္တလေးမြို့အရှေ့ပိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှု  အရင်ကထက် များလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။   ” လက်ရှိမန္တလေးမြို့နဲ့ အနီးဝန်းကျင်က ရွာတွေမှာ ပိုက်ဆံရှိတဲ့သူတွေက အကွက်ရိုက် ရောင်းတဲ့ လယ်ယာမြေတွေကို ဝယ်ယူဖို့စိတ်ဝင်စားကြတယ်။ လယ်ယာမြေတွေကို ရွာမြေဆိုပြီး မသိနားမလည်တဲ့ သူတွေကို ဝိသမာ လောဘသမားတွေက  ရောင်းချနေကြတယ်။” လို့ မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတတ်ရေး အသင်း CEC အဖွဲ့ဝင် ဦးရန်အောင်က ပြောပါတယ်။   မန္တလေးမြို့မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေ ဈေးကောင်းလာပြီးနောက် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ဈေးသက်သာစွာနဲ့ ပြန်လည်ရောင်းချတာတွေ ရှိလာခဲ့ပါတယ်။   ” လယ်ယာမြေတွေကို အကွက်ရိုက်ပြီး…

Read More

ဒေါက်တာအေးမောင်ရဲ့အယူခံ တရားလွှတ်တော်က ပယ်ချ

စစ်တွေ၊ မေ – ၂၂ – ၂၀၁၉ ခိုင်လင်းစံ (VOM)   ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ အယူခံကို ခိုင်ပြည်နယ်တရားလွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။   “မနေ့ကကျွန်တော်တို့ အယူခံတင်ပါတယ်။ အဲ့ဒီလျှောက်လွှာကို လက်ခံသင့် မခံသင့် တစ်ခါတည်း ကြားနာပါတယ်။ အဲ့ဒီမှာ လက်မခံဆိုပြီးတော့ ပယ်လိုက်တာပါ။ ကျွန်တော်တို့ဘက်ကတော့ ဒေါက်တာအေးမောင်ကို ၁၂၂ နဲ့ ၅၀၅ (ခ)မှာ အမှု မပေါ်ပေါက်ဘူး။ အပြစ်မပေးသင့်ဘူးဆိုပြီးတော့ အယူခံတက်တာ ဖြစ်ပါတယ်။”လို့ ဒေါက်တာအေးမောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။   အခုလိုမျိုး အယူခံ လျှောက်ထားတဲ့လျှောက်လွှာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က လက်မခံဘဲ ငြင်းပယ်ခံလိုက်တာဟာ ဒေါက်တာအေးမောင်ဘက်မှာ နစ်နာမှုတွေ ရှိနေတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ကို…

Read More

ဖောင်းပြင်မြို့နယ်မှာ သိန်းငါးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့ ဖမ်းမိ

ဖောင်းပြင်၊  မေ  – ၂၂ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရောင်းဟီးရွာအ​ရှေ့ဘက်​  တောတွင်းအနီးမှာ မနေ့ ညနေ ၆ နာရီခန့်က ကားတစ်စီးအတွင်းမှ မူးယစ်ဆေးဝါးများ  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖောင်းပြင်မြို့မရဲစခန်းက သိရပါတယ်။   ပင်​လည်​ဘူးမြို့နယ်​ ရဲတပ်​ဖွဲ့နဲ့ မိုး​သောက်​ကြယ်​(မူးယစ်​တိုက်​ဖျက်​​ရေးအဖွဲ့)တို့ပူးပေါင်းပြီး သတင်းအရ  ပင်​လည်​ဘူးမြို့နယ်​၊ တွန်းပင်​ရွာအဝင်​မှာ သွားရောက်စစ်ဆေးရာ  ကားတစ်စီးဟာ စစ်ဆေးမခံဘဲ ဖောင်းပြင်မြို့နယ်ဘက်ကို မောင်းသွားတယ်လို့  ဆိုပါတယ်။   ကားကို အရှိန်ပြင်းစွာ မောင်းနှင်သွားတဲ့အတွက် ဖောင်းပြင်မြို့နယ်​ရဲတပ်​ဖွဲ့ထံ အကြောင်းကြားချိတ်ဆက်ခဲ့ရာ  ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့ကလည်း စောင့်​ဆိုင်းစစ်ဆေးခဲ့ပေမယ့် စစ်ဆေးမခံဘဲ တောအတွင်းသို့  ဆက်လက်မောင်းပြေးသွားတယ်လို့ သိရပါတယ်။   အဲဒီနောက် ပူးပေါင်းအဖွဲ့တွေ ဆက်လက်ရှာဖွေရာမှာ လူမတွေ့ရတော့ဘဲ ကရင်​ပြည်​နယ်​နယ်​ နယ်​ခြား​စောင့်​တပ်​ဆိပ်​ပါ​ အစိမ်း​ရောင်​​ပြောက်​ကျားဦးထုပ်​တစ်​လုံး၊ တစ်​ခွက်​ကို ဘိန်းဖြူ ၉ ဂရမ်​ပါ…

Read More

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ပင် (၁၃)သန်းကျော် စိုက်မယ်

နေပြည်တော်၊ မေ  – ၂၂ – ၂၀၁၉ ဒီပ(နေပြည်တော်)   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ပင်ပျိုးပင်မျိုးစုံ (၁၃)သန်းကျော်ကို စိုက်ပျိုးသွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောပါတယ်။   လာမယ့် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် အသက် ၇၄ နှစ်မြောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။   မနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပွဲမှာ VOM သတင်းဌာန သတင်းထောက်တစ်ဦးကနေ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှု ရေရှားပါးမှု ပြဿနာတွေ လတ်တလော ရင်ဆိုင်နေရခြင်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ပင်စိုက်ပျိုးရေး ကိစ္စများကို…

Read More

မဏိပူရ်မြစ်အတွင်း ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်တွေ အလောင်းပြန်တွေ့

ဖလမ်း၊ မေ -၂၂ – ၂၀၁၉ မိုင်ချယ်ရီ (VOM)   မနေ့က မဏိပူရ်မြစ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိပြီလို့ သိရပါတယ်။   “ရုပ်အလောင်းတွေကို ဒီနေ့မနက်မှာပဲ ရှာဖွေ တွေ့ရှိခဲ့ပါတယ်”လို့ ကေဟိုင်မွာလ်(K Haimual) ကျေးရွာအုပ်စု ဥက္ကဌ ဦးနှာမ်သူက ပြောပါတယ်။   ချင်းပြည်နယ် ဖလမ်းမြို့နယ်အနီးရှိ  မဏိပူရ်မြစ်အတွင်း မနေ့ နေ့လည် နှစ်နာရီခန့်က ဆလိုင်းလာလ်ရင့်ဆန် (၁၃) နှစ်၊ ဆလိုင်းဗန်နီပြန်(၁၄) နှစ်  နဲ့ ဆန်သဲ (၁၆) နှစ်တို့ သုံးဦး ရေဆင်းချိုးရာကနေ သုံးဦးစလုံး ရေနစ်ခဲ့တာပါ။   သူတို့သုံးဦးရေနစ်နေချိန်  အနီးအနားမှာ ရှိတဲ့ ဦးဗန်ရွန်က ဆင်းဆယ်ခဲ့ရာမှာ ဆန်သဲ တစ်ဦးကိုသာ ဆယ်ယူနိုင်ခဲ့ပြီး ကျန်နှစ်ဦးကတော့ ရေနစ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။  …

Read More

လာမယ့် ခရီးသွားရာသီမှာ အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ မျှော်လင့်

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာ့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခန်းကဏ္ဍကို မြှင့်တင်ဖို့ဆိုရင်  လာမယ့် ခရီးသွားရာသီမှာ အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့် ပြုဖို့ မျှော်လင့်တယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။   “မနှစ်ကလည်း အောက်တိုဘာမှာ ခွင့်ပြုထားတာဆိုတော့ ဒီနှစ်လည်း အောက်တိုဘာမှာခွင့်ပြုဖို့ များပါတယ်။  ပွင့်လင်းရာသီလည်းဖြစ်သလို ခရီးသွားကာလလည်းဖြစ်တော့ အဲ့ချိန်လောက်ပေးဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့တင်ပြထားတဲ့ နိုင်ငံတွေရှိတယ်။ အဲဒီနိုင်ငံတွေကို ပေးဖို့လည်း မျှော်လင့်ထားတယ်။ ရမယ်လို့လည်း ထင်ပါတယ်။ အဲဒီနိုင်ငံတွေကိုသာ ဗီဇာဖြေလျှော့ပေးလိုက်ရင် ခရီးသွားကဏ္ဍအတွက် အများကြီးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။” လို့  ဦးနောင်းနောင်းဟန်က ပြောပါတယ်။   အနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ စပိန် ၊ အီတလီ နိုင်ငံနဲ့ အရှေ့ဥရောပနိုင်ငံဖြစ်တဲ့ ပိုလန်နဲ့…

Read More

မြို့သာ ဆေးခြောက်စိုက်ခင်းနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများကို ပထမဆုံးအကြိမ်ရုံးထုတ်

မြင်းခြံ ၊ မေ – ၂၁ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း စိုက်ပျိုးထားတဲ့ ဆေးခြောက်စိုက်ခင်းဆိုတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဒီနေ့ ညနေပိုင်းက မြင်းခြံ  ခရိုင် တရားရုံးမှာ ပထမဆုံး အကြိမ် စတင် ရုံးထုတ်ခဲ့ပါတယ်။   “ဒီကိစ္စက မြို့သာစက်မှုဇုံ စီမံကိန်းရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာပါ။ ဒါကို  လူမှုကွန်ယက်စာမျက်နှာကနေ စပြီး ဖွလိုက်တဲ့အတွက်အခုလိုတွေ ဖြစ်ကုန်တာပါ။ ဒီနေ့ ကတော့ မြင်းခြံခရိုင်တရားရုံးမှာပထမဆုံး အကြိမ်ရုံး ထုတ်ပြီး အမှုကိုစတင် စစ်ဆေးဖို့ဆောင်ရွက်တာပါ။” လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။   မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်းမှာ ပြည်ပကုမ္ပဏီဖြစ်တဲ့ 3M  အာဟာရဆေးဝါးကုမ္ပဏီကနေ လျှော်၊ဂုန်လျှော် စိုက်ပျိုးဖို့ဆိုပြီး…

Read More

ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို အပြီးပြတ်လွှတ်ပေးတဲ့အတွက် မကျေနပ်လို့ ဆန္ဒထုတ်ဖော်

စစ်ကိုင်း၊  မေ – ၂၁ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို  စစ်ကိုင်းမြို့နယ် တရားရုံးက  အပြီးပြတ်လွှတ်ပေးလိုက်တဲ့အတွက်  တရားလိုဘက်က မကျေနပ်လို့ ဒီနေ့မနက်မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။   လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က  စစ်ကိုင်းမြို့ နန်းစုရပ် နေ မ….(၂၁)နှစ်နဲ့ စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်နေထိုင်သူ ကိုမျိုးကျော် (၃၉)နှစ်တို့  Viber က တစ်ဆင့်ခင်မင်ရင်းနှီးခဲ့ပြီး အပြင်မှာတွေ့ဆုံရန်ချိန်းဆိုခဲ့ပါတယ်။ အဲဒီနောက် တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ တရားလိုဘက် သိရပါတယ်။   ဒါကို ကျေနပ်မှုမရှိလို့ ကျူးလွန်ခံရသူအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် မေလ  ၂၂ ရက်က စစ်ကိုင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ယခုနှစ် မတ်လမှာတော့  တရားစွဲဆိုခံရသူ ကိုမျိုးကျော်ကို  ပုဒ်မ ၃၆၆၊ ၃၇၆ (ကာမလိမ်လည်မှု ၊…

Read More

တီးတိန် – ရိ ကားလမ်း အိမ်စီးကားတစ်စီးချောက်ထဲကျ ကားပေါ်ပါ သူအားလုံး သေဆုံး

တီးတိန်၊  မေ -၂၁ – ၂၀၁၉ မိုင်ချယ်ရီ ( VOM)   ချင်းပြည်နယ်  တီးတိန်မြို့နယ် အတွင်းမှာရှိတဲ့ တီးတိန် – ရိ ကားလမ်းပေါ်မှာ အိမ်စီးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါသူအားလုံး သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ ဖြစ်ပွားခဲ့တယ်လို့  တီးတိန်မြို့မ ရဲစခန်းက သိရပါတယ်။   မနက် ၅ နာရီ အချိန်လောက်က တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၇ မိုင် ၁ ဖာလုံ နဲ့ ၇ မိုင် ၂ ဖာလုံ အကြား ကားလမ်းညာဖက်မှာ ရှိတဲ့ ပေအနက် ၆၀၀ လောက်ရှိ ချောက်ထဲ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ထိုးကျခဲ့တာ ဖြစ်ပါတယ်။   တိမ်းမှောက်ခဲ့တဲ့ ကားကတော့ ကားအမှတ် 6G/………

Read More
VOM News

FREE
VIEW