ဖောင်းပြင်မြို့နယ်မှာ သိန်းငါးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့ ဖမ်းမိ

ဖောင်းပြင်၊  မေ  – ၂၂ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရောင်းဟီးရွာအ​ရှေ့ဘက်​  တောတွင်းအနီးမှာ မနေ့ ညနေ ၆ နာရီခန့်က ကားတစ်စီးအတွင်းမှ မူးယစ်ဆေးဝါးများ  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖောင်းပြင်မြို့မရဲစခန်းက သိရပါတယ်။

 

ပင်​လည်​ဘူးမြို့နယ်​ ရဲတပ်​ဖွဲ့နဲ့ မိုး​သောက်​ကြယ်​(မူးယစ်​တိုက်​ဖျက်​​ရေးအဖွဲ့)တို့ပူးပေါင်းပြီး သတင်းအရ  ပင်​လည်​ဘူးမြို့နယ်​၊ တွန်းပင်​ရွာအဝင်​မှာ သွားရောက်စစ်ဆေးရာ  ကားတစ်စီးဟာ စစ်ဆေးမခံဘဲ ဖောင်းပြင်မြို့နယ်ဘက်ကို မောင်းသွားတယ်လို့  ဆိုပါတယ်။

 

ကားကို အရှိန်ပြင်းစွာ မောင်းနှင်သွားတဲ့အတွက် ဖောင်းပြင်မြို့နယ်​ရဲတပ်​ဖွဲ့ထံ အကြောင်းကြားချိတ်ဆက်ခဲ့ရာ  ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့ကလည်း စောင့်​ဆိုင်းစစ်ဆေးခဲ့ပေမယ့် စစ်ဆေးမခံဘဲ တောအတွင်းသို့  ဆက်လက်မောင်းပြေးသွားတယ်လို့ သိရပါတယ်။

 

အဲဒီနောက် ပူးပေါင်းအဖွဲ့တွေ ဆက်လက်ရှာဖွေရာမှာ လူမတွေ့ရတော့ဘဲ ကရင်​ပြည်​နယ်​နယ်​ နယ်​ခြား​စောင့်​တပ်​ဆိပ်​ပါ​ အစိမ်း​ရောင်​​ပြောက်​ကျားဦးထုပ်​တစ်​လုံး၊ တစ်​ခွက်​ကို ဘိန်းဖြူ ၉ ဂရမ်​ပါ ခွက် ၆၆၀ ခွက် ​စုစု​ပေါင်းတန်​ဖိုး ၅၉၄၀၀၀၀၀၀ ကျပ်ဖိုး​ ရှာ​ဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

” ကားကိုတွေ့တယ်။ လူတွေကတော့ တစ်ယောက်မှမရှိခဲ့ဘူး။ ဘိန်းဖြူ ဆပ်ပြာခွက်ထည့်ထားတဲ့ ပီနံအိတ်တွေကတော့ ကားဘေးမှာတွေl ခြုံဘေးမှာတွေ ဟိုနားတစ်အိတ် ဒီနားတစ်အိတ်ဖွတ်ထားတာတွေ တွေ့ခဲ့တယ်။ ကျွန်တော်တို့က တောတွင်းမှာရှာဖွေနေတဲ့အချိန်မှာ  သူတို့ပြေးချိန်ရသွားတယ်ထင်တယ်။”လို့  ဖောင်းပြင်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံကို စုံစမ်း​ရှာဖွေနေဆဲဖြစ်ပြီး  မူး/စိတ် ပုဒ်မ ၁၉(က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဖောင်းပြင်မြို့မရဲစခန်းက သိရပါတယ်။

ဓါတ်ပုံ – ဖောင်းပြင် ရဲစခန်း

#voiceofmyanmar # ပိုင်ရှင်မဲ့မူးယစ်တွေ့ # စစ်ကိုင်း # ဖောင်းပြင်

Related posts

Leave a Comment

VOM News

FREE
VIEW