တပ်မတော်ရော ပြည်သူပါ အကျိုးရှိမယ့် မန္တလေးက ၃၈ လမ်း လမ်းသစ်ကြီး မကြာမှီဖွင့်လှစ်မည်

မန္တလေး၊ မေ ၂၂-၂၀၁၉ နေလင်း (VOM)   မန္တလေးမြို့  မဟာအောင်မြေမြို့နယ် မျက်ပါးရပ်မှာ ၇၃လမ်းနဲ့ ၇၈ လမ်းကို တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် လမ်းသစ်တခုကို မန္တလေးမြို့တော်ဝန် ဦးရဲလွင်လက်ထက်မှာ ဖေါက်လုပ်နိုင်ခဲ့ပြီး ဇွန်လ ၁၉  ရက်နေ့ မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖွင်လှစ်မယ်လို့  မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောထားပါတယ်။   ဒီလမ်းဟာ တခြားလမ်းတွေနဲ့မတူပဲ တပ်မတော်ပိုင် ဧရိယာကိုဖြတ်ဖေါက်ရတာမို့ မြို့ခံတွေ စိတ်ဝင်စားမှု အထူးရှိခဲ့တဲ့ လမ်းဖြစ်ပါတယ်။ မဟာအောင်မြေမြို့နယ်ထဲမှာ  ၃၇ လမ်းကနေ သိပ္ဗံလမ်းထိ အရှေ့အနောက်ဖြတ်လမ်းက မရှိတာမို့ ဒီလမ်းဟာ မြို့ခံပြည်သူတွေအတွက် အတော်အသုံးဝင်တဲ့ လမ်းဖြစ်သလို တဖက်က တပ်မတော်အတွက် ဘာအကျိုးရှိမလဲဆိုတာတွေ မေးစရာဖြစ်လာပါတယ်။   ခု လမ်းကြီးလည်း ပြီးကာနီးလို့ ဖွင့်လုဆဲမှာ ၃၈ လမ်း…

Read More

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးပြင်ဆင်နေမှု လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM)   မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ပြင်ဆင်နေမှု လုပ်ငန်းပမာဏ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက  ပြောပါတယ်။   ဒီနေ့မနက်  ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောခဲ့တာ ဖြစ်ပါတယ်။   ” မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသက ပုံစံမျိုးစုံတဲ့ ယဉ်ကျေးမှုအထောက်အထားတွေနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုအထောက်အထားတွေကို  ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်ခဲ့တာကို ဒီနေ့တွေ့နိုင်တယ်။ ဒီလိုပြည့်စုံတဲ့ ဒေသတစ်ခုကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်ခံရနိုင်ဖို့  အချိန်မီတင်သွင်းနိုင်ရမှာဖြစ်တယ်။ ဒီလို အချိန်မီတင်သွင်းနိုင်ဖို့ကလည်း  ပညာရှင်တွေ၊…

Read More

ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအားလုံးနီးပါး ဆန္ဒထုတ်ဖော်

သာယာဝတီ၊ မေ –  ၂၂ – ၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်း သာယာဝတီ မြို့ ဟွာရှိန်​ အထည်​ချုပ်စက်​ရုံမှာ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်ဆိုပြီး ဒီ​နေ့  ​ ​နေ့လည်​က စက်​ရုံအလုပ်သမား အားလုံးနီးပါး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။   “ကျွန်​မတို့စက်​ရုံက ၁၁နာရီမှာ ထမင်းစားဖြုတ်​တယ်။ ၁၂နာရီ ၁၅ မှာ အလုပ်​ပြန်​ဝင်​ရမှာကို ပြန်​မဝင်​ဘဲ ဆန္ဒပြ​နေကြတာပါ။ တစ်​စက်​ရုံလုံးဘဲ အကုန်​လုးံ သုံးထောင်​​ကျော်​တယ်​။”လို့​ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မကေကေ က ပြောပါတယ်   နှစ်ပြည့် ခံစားခွင့် ရက်မှန်ကြေး ၄၈၀၀၀ ကျပ်ကို တစ်နှစ်ပြည့်ပြီး ၆ လကြာမှသာ စက်ရုံဘက်က ထုတ်ပေးတာကိုလည်း မကျေနပ်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ စက်ရုံအလုပ်သမား မဝင်းမာက ပြောပါတယ်။   မြို့နယ် /ရွာ ဖယ်ရီကားချပေးဖို့၊ သောက်သုံးရေ…

Read More

နှစ်အနည်းငယ်အတွင်း အီရန်နဲ့ စစ်ဖြစ်မယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်ကျော် ယုံကြည်နေ

ဝါရှင်တန်၊ မေ-၂၂-၂၀၁၉ မျိုးဆက် (VOM)   လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်နဲ့ အီရန်စစ်ဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်က ယုံကြည်နေကြောင်း ရိုက်တာသတင်းဌာနနဲ့  သုတေသန ကုမ္ပဏီ Ipsos ရဲ့ မေ ၁၇ ရက်နေ ၂၀ ရက်အထိပြုလုပ်တဲ့  ပြည်သူ့သဘောထား စစ်တမ်းတစ်ရပ်ကို မေ ၂၂ က ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။   စစ်တမ်းဖြေဆိုသူ ၅၁ ရာခိုင်နှုန်းက လာမယ့် နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ အီရန်တို့ စစ်ဖြစ်မယ်လို့ မျှော်လင့်ထားရာမှာ  ၂၀ ရာခိုင်နှုန်းကတော့ အီရန်၏ ခြိမ်းခြောက်မှုအတွက် စစ်ရေးကြိုတင် အသာစီးရယူဖို့ ထောက်ခံပြီး ၆၀ ရာခိုင်နှုန်းက ဆန့်ကျင်နေကြပါတယ်။   ဒါပေမယ့်  အီရန်က စတင်တိုက်ခိုက်လာမယ်ဆိုရင် အပြည့်အ၀ ဒါမှမဟုတ် ကန့်သတ်ထားတဲ့  စစ်ရေးပုံစံနဲ့ အမေရိကန်စစ်ဘက်က တုံ့ပြန်သင့်တယ်လို့ စစ်တမ်းဖြေဆိုသူ…

Read More

အေအေလက်နက်ကိုင်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ တံတားသံဘောင်များ အသစ်ဝယ်ယူ တပ်ဆင်မှုပြီးစီး

ပလက်ဝ၊ မေ -၂၂ -၂၀၁၉ မိုင်ချယ်ရီ (VOM)   အေအေလက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ ပလက်ဝတံတား သံဘောင်တွေ ပြန်လည် အသုံးပြုလို့ မရတော့တာကြောင့် အသစ်ထပ်မံ ၀ယ်ယူပြီးတပ်ဆင်ခဲ့ရာ ပြီးစီးခဲ့ပြီလို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။   ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ကုလာတန်းမြစ်ကူးတံတား(ပလက်ဝ တံတား ) တည်ဆောက်ရာမှာ အသုံးပြုမယ့် တန်ချိန် ၃၀၀ နီးပါးရှိ  သံဘောင်တွေကို အေအေလက်နက်ကိုင်အဖွဲ့က မတ်လ ၁၆ ရက်မှာ မီးရှို့ ဖျက်ဆီးခဲ့တာပါ။   အဲဒီသံဘောင်တွေကို အရည်းအသွေး ပြန်လည်စစ်ဆေးရာမှာ အသုံးပြုလို့ မရတော့တဲ့အတွက် အာမခံ ကုမ္မဏီ IKBZ ထံကနေ ရရှိတဲ့ အာမခံကြေးနဲ့ ပြန်လည် ၀ယ်ယူတပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။   အသစ်ပြန်လည် တပ်ဆင်တဲ့ လုပ်ငန်းကို မနေ့က…

Read More

ရနောင်းထောင်က မြန်မာအကျဉ်းသား ၅၉ ဦး ထိုင်းဘုရင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်

ရနောင်း၊ မေ -၂၂-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းဘုရင်ရဲ့ နန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ် ပေးခဲ့ရာမှာ ရနောင်းထောင်မှာရှိတဲ့ မြန်မာ ၅၉ ဦး မေ ၂၁ ရက်က ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။   ဒီလိုလွပ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခမ်းအနားကို ရနှောင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျာတူပေါ့ပီယွမ်ပူထရာက ဦးဆောင်ပြီး ပြည်နယ်အဆောက်အဦးတစ်ခုမှာ ကျင်းပခဲ့ပါတယ်။   ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ကောင်းမွန်တဲ့ အကျင့်စရိုက် အပြုအမူတွေရှိတဲ့ ထိုင်းအကျဉ်းသားတွေအပါအ၀င် မြန်မာအကျဉ်းသားတွေကိုပါ ပေးခဲ့တာဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲဖို့နဲ့ လူကောင်းတွေအဖြစ် ဘ၀သစ် စတင်ဖို့ ရည်ရွယ်တယ်လို့ ရနောင်းပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။   ဒါ့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဉ်းသားတွေကို ပြင်ပမှာ ပြန်လည်နေထိုင်ရှင်သန်ရာမှာ အထောက်အကူပြုဖို့အတွက် ကာလတို သင်တန်းတွေအပြင် ပညာရပ်တွေသင်ကြားပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Ref: The Nation…

Read More

ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးခွင့်မရတဲ့ကိစ္စ ကုလမဟာမင်းကြီးကို CSO တွေတင်ပြ

စစ်တွေ၊ မေ – ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi အဖွဲ့နဲ့ စစ်တွေမြို့အခြေစိုက် INGO/NGO တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဒီနေ့မနက်ပိုင်းက  တွေ့ဆုံခဲ့ကြပြီး ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးခွင့် မရတဲ့ကိစ္စတွေ တင်ပြခဲ့ကြပါတယ်။   “ကုလမဟာမင်းကြီးနဲ့ ကျွန်တော်တိ့ ဒီမနက်ပိုင်းက တွေ့ကြပါတယ်။ CSO တွေကတော့ သုံးလေးဖွဲ့လောက်ပဲ ရောက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေပဲ များပါတယ်။ အဓိကဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအရေးကိစ္စကိုပဲ ဆွေးနွေးဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးခွင့် မရတဲ့ကိစ္စတွေကို ပြောဖြစ်ကြပါတယ်။”လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ပြောပါတယ်။   ရခိုင်ပြည်နယ်ကို သုံးရက်အကြာ လေ့လာဖို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်တွေမြို့ကို…

Read More

ဘိုးအင်းကုမ္ပဏီထံက လျော်ကြေးရဖို့ တရုတ်လေကြောင်းလိုင်းတွေ တောင်းဆိုနေ

ပေကျင်း၊ မေ -၂၂ -၂၀၁၉ မျိုးဆက် (VOM)   ဘိုးအင်း ၇၃၇ မက်စ် လေယာဉ်တွေ ပြေးဆွဲပျံသန်းမှုတွေ မလုပ်နိုင်ဘဲ ရပ်နားထားရတဲ့အတွက် ဘိုးအင်းကုမ္ပဏီဆီကနေ လျော်ကြေးပေးဖို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်း သုံးခုက တောင်းဆိုလိုက်ပါတယ်။   Air China ၊ China Southern နဲ့  China Eastern တို့က ဘိုအင်းထံကနေ လျော်ကြေးရဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။   တရုတ်နိုင်ငံက လေကြောင်းလိုင်းတွေဟာ အမေရိကန်နိုင်ငံထုတ် ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်နှစ်စင်း ဆိုးဆိုးရွားရွားပျက်ကျမှုဖြစ်ပွားအပြီး ဒီလေယာဉ်တွေနဲ့ ပြေးဆွဲပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။   တရုတ်လေကြောင်းလိုင်းတွေဟာ မှာယူထားတဲ့ ၇၃၇ မက်စ် လေယာဉ်တွေကို ကုမ္ပဏီဘက်က ပေးပို့မှု နှောင့်နှေးတာအပါအ၀င် ရှိနှင့်ပြီးသားလေယာဉ်တွေ…

Read More

မန္တလေးမြို့မှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုများ အရင်ကထက်များလာ

မန္တလေး၊ မေ – ၂၂ -၂၀၁၉ ရဲရင့် မင်းခန့် (VOM)   မန္တလေးမြို့အရှေ့ပိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှု  အရင်ကထက် များလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။   ” လက်ရှိမန္တလေးမြို့နဲ့ အနီးဝန်းကျင်က ရွာတွေမှာ ပိုက်ဆံရှိတဲ့သူတွေက အကွက်ရိုက် ရောင်းတဲ့ လယ်ယာမြေတွေကို ဝယ်ယူဖို့စိတ်ဝင်စားကြတယ်။ လယ်ယာမြေတွေကို ရွာမြေဆိုပြီး မသိနားမလည်တဲ့ သူတွေကို ဝိသမာ လောဘသမားတွေက  ရောင်းချနေကြတယ်။” လို့ မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတတ်ရေး အသင်း CEC အဖွဲ့ဝင် ဦးရန်အောင်က ပြောပါတယ်။   မန္တလေးမြို့မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေ ဈေးကောင်းလာပြီးနောက် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ဈေးသက်သာစွာနဲ့ ပြန်လည်ရောင်းချတာတွေ ရှိလာခဲ့ပါတယ်။   ” လယ်ယာမြေတွေကို အကွက်ရိုက်ပြီး…

Read More

ဒေါက်တာအေးမောင်ရဲ့အယူခံ တရားလွှတ်တော်က ပယ်ချ

စစ်တွေ၊ မေ – ၂၂ – ၂၀၁၉ ခိုင်လင်းစံ (VOM)   ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ အယူခံကို ခိုင်ပြည်နယ်တရားလွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။   “မနေ့ကကျွန်တော်တို့ အယူခံတင်ပါတယ်။ အဲ့ဒီလျှောက်လွှာကို လက်ခံသင့် မခံသင့် တစ်ခါတည်း ကြားနာပါတယ်။ အဲ့ဒီမှာ လက်မခံဆိုပြီးတော့ ပယ်လိုက်တာပါ။ ကျွန်တော်တို့ဘက်ကတော့ ဒေါက်တာအေးမောင်ကို ၁၂၂ နဲ့ ၅၀၅ (ခ)မှာ အမှု မပေါ်ပေါက်ဘူး။ အပြစ်မပေးသင့်ဘူးဆိုပြီးတော့ အယူခံတက်တာ ဖြစ်ပါတယ်။”လို့ ဒေါက်တာအေးမောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။   အခုလိုမျိုး အယူခံ လျှောက်ထားတဲ့လျှောက်လွှာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က လက်မခံဘဲ ငြင်းပယ်ခံလိုက်တာဟာ ဒေါက်တာအေးမောင်ဘက်မှာ နစ်နာမှုတွေ ရှိနေတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ကို…

Read More
VOM News

FREE
VIEW