ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအားလုံးနီးပါး ဆန္ဒထုတ်ဖော်

သာယာဝတီ၊ မေ –  ၂၂ – ၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်း သာယာဝတီ မြို့ ဟွာရှိန်​ အထည်​ချုပ်စက်​ရုံမှာ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်ဆိုပြီး ဒီ​နေ့  ​ ​နေ့လည်​က စက်​ရုံအလုပ်သမား အားလုံးနီးပါး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

“ကျွန်​မတို့စက်​ရုံက ၁၁နာရီမှာ ထမင်းစားဖြုတ်​တယ်။ ၁၂နာရီ ၁၅ မှာ အလုပ်​ပြန်​ဝင်​ရမှာကို ပြန်​မဝင်​ဘဲ ဆန္ဒပြ​နေကြတာပါ။ တစ်​စက်​ရုံလုံးဘဲ အကုန်​လုးံ သုံးထောင်​​ကျော်​တယ်​။”လို့​ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မကေကေ က ပြောပါတယ်

 

နှစ်ပြည့် ခံစားခွင့် ရက်မှန်ကြေး ၄၈၀၀၀ ကျပ်ကို တစ်နှစ်ပြည့်ပြီး ၆ လကြာမှသာ စက်ရုံဘက်က ထုတ်ပေးတာကိုလည်း မကျေနပ်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ စက်ရုံအလုပ်သမား မဝင်းမာက ပြောပါတယ်။

 

မြို့နယ် /ရွာ ဖယ်ရီကားချပေးဖို့၊ သောက်သုံးရေ မသန့်ရှင်းတဲ့ကိစ္စဖြေရှင်းပေးဖို့၊ သာရေး နာရေး ခွင့်ပေးဖို့၊ မိဘ အရင်းသေရင် ရက်လည်အထိ ခွင့်ပေးဖို့ အပါအ၀င် အချက် ၂၀ ကို တောင်းဆိုခဲ့ကြတာပါ။

 

အခုတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမားတွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ည​နေ ၅ နာရီကျော်အထိ ညှိုနှိုင်းမှု အဆင်​မ​ပြေခဲ့ပါဘူး။ ဒါကြောင့် တောင်းဆိုမှုတွေ မရမချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ အလုပ်​သမားတွေက ​ပြောပါတယ်​။

 

ဒီနေ့ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားပေးတာ မရှိပါဘူး။

 

#voiceofmyanmar # ဟွာရှိန်အထည်စက်ရုံမှာဆန္ဒထုတ်ဖော် #သာယာဝတီ #ပဲခူးတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW