ဒေါက်တာအေးမောင်ရဲ့အယူခံ တရားလွှတ်တော်က ပယ်ချ

စစ်တွေ၊ မေ – ၂၂ – ၂၀၁၉

ခိုင်လင်းစံ (VOM)

 

ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ အယူခံကို ခိုင်ပြည်နယ်တရားလွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

 

“မနေ့ကကျွန်တော်တို့ အယူခံတင်ပါတယ်။ အဲ့ဒီလျှောက်လွှာကို လက်ခံသင့် မခံသင့် တစ်ခါတည်း ကြားနာပါတယ်။ အဲ့ဒီမှာ လက်မခံဆိုပြီးတော့ ပယ်လိုက်တာပါ။ ကျွန်တော်တို့ဘက်ကတော့ ဒေါက်တာအေးမောင်ကို ၁၂၂ နဲ့ ၅၀၅ (ခ)မှာ အမှု မပေါ်ပေါက်ဘူး။ အပြစ်မပေးသင့်ဘူးဆိုပြီးတော့ အယူခံတက်တာ ဖြစ်ပါတယ်။”လို့ ဒေါက်တာအေးမောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။

 

အခုလိုမျိုး အယူခံ လျှောက်ထားတဲ့လျှောက်လွှာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က လက်မခံဘဲ ငြင်းပယ်ခံလိုက်တာဟာ ဒေါက်တာအေးမောင်ဘက်မှာ နစ်နာမှုတွေ ရှိနေတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ကို ဆက်ပြီး အယူခံတက်သွားမယ်လို့ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

 

ဒေါက်တာအေးမောင်ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်က နိုင်ငံတော်ပုန်ကန်မှု ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မတွေနဲ့ စစ်တွေခရိုင် တရားရုံးက ပြစ်ဒဏ်နှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို အင်းစိန်အကျဉ်ထောင်ကို ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ဒေါက်တာအေးမောင်ရဲ့အယူခံတရားလွှတ်တော်ပယ်ချ #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW