ရနောင်းထောင်က မြန်မာအကျဉ်းသား ၅၉ ဦး ထိုင်းဘုရင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်

ရနောင်း၊ မေ -၂၂-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းဘုရင်ရဲ့ နန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ် ပေးခဲ့ရာမှာ ရနောင်းထောင်မှာရှိတဲ့ မြန်မာ ၅၉ ဦး မေ ၂၁ ရက်က ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။

 

ဒီလိုလွပ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခမ်းအနားကို ရနှောင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျာတူပေါ့ပီယွမ်ပူထရာက ဦးဆောင်ပြီး ပြည်နယ်အဆောက်အဦးတစ်ခုမှာ ကျင်းပခဲ့ပါတယ်။

 

ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ကောင်းမွန်တဲ့ အကျင့်စရိုက် အပြုအမူတွေရှိတဲ့ ထိုင်းအကျဉ်းသားတွေအပါအ၀င် မြန်မာအကျဉ်းသားတွေကိုပါ ပေးခဲ့တာဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲဖို့နဲ့ လူကောင်းတွေအဖြစ် ဘ၀သစ် စတင်ဖို့ ရည်ရွယ်တယ်လို့ ရနောင်းပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

ဒါ့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဉ်းသားတွေကို ပြင်ပမှာ ပြန်လည်နေထိုင်ရှင်သန်ရာမှာ အထောက်အကူပြုဖို့အတွက် ကာလတို သင်တန်းတွေအပြင် ပညာရပ်တွေသင်ကြားပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Ref: The Nation

Photo :Bangkok Post

 

#voiceofmyanmar # ရနောင်းထောင်ကမြန်မာအကျဉ်းသားတွေလွတ်မြောက် # ထိုင်းဘုရင်လွတ်ငြိမ်းချမ်းသာခွင့်ရ #ထိုင်း # ရနောင်း

Related posts

✕
VOM News

FREE
VIEW