ပြည်ပရင်းနှီးမြှူပ်နှံမှုတွေထဲမှာ စင်္ကာပူနိုင်ငံက အများဆုံးဖြစ်

ရန်ကုန် ၊ ဇွန် ၄ – ၂၀၁၉

သိင်္ဂီ (VOM)

 

မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံတွေထဲမှာ စင်္ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။

 

“အရင်ကတည်းက ခုချိန်ထိဆိုရင် အားလုံးထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးအနေနဲ့ စင်္ကာပူနိုင်ငံက လုပ်ငန်းပေါင်း ၃၁၀ ခုနဲ့ ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော် လာရောက်ရင်းနှီးမြှုပ်နှံမှု ရှိထားတယ်။” လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

 

တရုတ်က ဒုတိယအနေနဲ့ လုပ်ငန်းပေါင်း ၃၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်၊ ထိုင်းနိုင်ငံက တတိယအနေနဲ့ လုပ်ငန်းပေါင်း ၁၁၆ ခု၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်၊ စတုတ္ထအဖြစ် ဟောင်ကောင်က ၁၉၈ ခု နဲ့ အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော်နဲ့ UK နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံက ရင်းနှီးမြှုပ်နှံ မှုတွေရှိနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာကနေ ဒီနှစ် မေ ၂၉ ထိ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၆၉ ခု၊ ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ ၁၇၄၇.၁၅၈ သန်းရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍတွေကတော့  စက်မှုကဏ္ဍ ၊ ဟိုတယ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေ ဖြစ်ပါတယ်။

 

#voiceofmyanmar # ပြည်ပရင်းနှီးမြှူပ်နှံမှုတွေထဲမှာစင်္ကာပူကအများဆုံး # နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW