လူ ၁၃ ဦးလိုက်ပါသွားတဲ့ အိန္ဒိယစစ်ဘက်လေယာဉ်တစ်စင်း တရုတ်နယ်စပ်မှာ ပျောက်ဆုံးနေ

ဒေလီ၊ ဇွန်-၄-၂၀၁၉

မျိုးဆက် (VOM)

 

လူ ၁၃ ဦး လိုက်ပါသွားတဲ့ အိန္ဒိယလေတပ်က လေယာဉ်တစ်စင်းဟာ တရုတ်နိုင်ငံနယ်စပ်အနီးက တောင်တန်းဒေသမှာ ဇွန် ၃ ရက်က ပျောက်ဆုံးသွားတယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

 

သယ်ယူပို့ဆောင်ရေးအတွက်သာ ပုံမှန်အားဖြင့် အသုံးပြုတဲ့ အေအင်န်-၃၂ လေယာဉ်ဟာ အာသံပြည်နယ် ဂျော်ဟက်မြို့ကနေ အာရူနာချယ်ပရာဒတ်ပြည်နယ် မန်ချူကာမြို့ကို ပျံသန်းသွားတာဖြစ်ပြီး ဇွန် ၃ ရက် နေ့လည် တစ်နာရီအချိန်မှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

 

ဒီလို အဆက်အသွယ်ပြတ်တောက်တဲ့ အချိန်ကစပြီး ရှာဖွေကယ်ဆယ်ရေး ကနဦးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်အမှု ထမ်းရှစ်ဦးနဲ့ ခရီးသည်ငါးဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

 

လိုက်ပါသွားသူတွေဟာ ဘယ်သူတွေလည်းဆိုတာတော့ လတ်တလောမှာ မသိရသေးပါဘူး။ လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အိန္ဒိယလေတပ်က လေယာဉ်နှစ်စီးနဲ့အတူ ကြည်းတပ်က စစ်သည်တွေပါဝင်တဲ့ အဖွဲ့က လုပ်ဆောင်နေတယ်လို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။

Ref : Dawn

Photo : Reuters

 

#voiceofmyanmar # အိန္ဒိယစစ်ဘက်လေယာဉ်တစ်စင်းပျောက်ဆုံးနေ  # လူ ၁၃ဦးပါ #တရုတ်နယ်စပ် #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW