ညီအစ်​ကိုချင်း စကားများတာကို အိမ်​နီးချင်းက ဓားနဲ့ဝင်ခုတ်​လို့ တစ်​ဦး​သေ နှစ်​ဦးဒဏ်​ရာရ

သာယာဝတီ၊ ဇွန်​ ၅ – ၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင် စိန်​က​တော်​​ကျေးရွာမှာ မ​နေ့ည​ ၇ နာရီလောက်က ညီအစ်​ကို ချင်းစကားများ​နေတာကို အိမ်​နီးချင်းက ကိုင်းခုတ်​ဓားနဲ့ခုတ်​၊ မှိန်းနဲ့ဝင်​ထိုးလို့ တစ်​ဦး​သေ၊ နှစ်​ဦးဒဏ်​ရာရခဲ့တယ်​လို့ အသ​ရော်​ နယ်​​မြေရဲစခန်းက သိရပါတယ်။

 

အောင်​မိုးနဲ့ ညီဖြစ်​သူ ဖိုးထူး စကားများ​နေတာကို အိမ်းနီးချင်းဖြစ်​တဲ့ကြွက်​နီက သူ့ကို​ပြောဆိုတာထင်​ပြီး ကိုင်းခုတ်​ဓားနဲ့ဝင်ခုတ်​ခဲ့သလို ကြွက်​နီသား​ဖြစ်သူအော်​လန်​ကလည်း မှိန်းနဲ့ထိုးခဲ့တယ်​လို့ ရဲမှတ်​တမ်းမှာ ​ဖော်ပြထားပါတယ်​။

 

“သူတို့ညီအစ်​ကိုချင်းစကားများတာကို ကြွက်​နီက သူ့​ပြောတယ်​ထင်​ပြီး ဓားနဲ့ခုတ်​တာ။ ​အောင်​မိုးမှာ လည်​ပင်​ပြတ်​ရှဒဏ်​ရာနဲ့ ​နေရာမှာတင်​​သေဆုံးသွားပါတယ်။ ​အောင်​မိုးမိန်းမလည်း ဓားဒဏ်​ရာ​တွေနဲ့ သူ့သား​ နေမျိုးလင်းမှာလည်း ​အော်​လန်​က မှိန်းနဲ့ထိုးထားတယ်​။”လို့ အသရော်နယ်မြေရဲကင်းက ဒုရဲအုပ် အေးမင်းက ပြောပါတယ်။

 

ဒဏ်ရာ ရရှိသူများတွေကို သာယာဝတီ ပြည်သူ့ဆေးရုံမှာပို့ဆောင်ထားပြီး ပြစ်မှု ကျူးလွန်သူတွေကို (ပ)၁၃/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ အသရော်နယ်မြေရဲကင်းက ဒုရဲအုပ် အေးမင်းက ပြောပါတယ်။

 

ဒီဓားခုတ်​ခံရမှုနဲ့ ပတ်​သက်​ပြီး ရုတ်​တရက်​ ​ပေါ်​ပေါက်​တဲ့​ဒေါသ​ကြောင့်​ ဖြစ်​ရတာလို့ ရဲစခန်းက သုံးသပ်​ထားပြီး​နောက်​​နောင်​ အလားတူဖြစ်​စဉ်​မျိုးမဖြစ်​ဖို့ မှုခင်းအသိပညာ​ပေး​ဟော​ပြောပွဲ​တွေ ပြုလုပ်​ပြီး လှည့်​ကင်း/ဝတ်​ကင်း​တွေနဲ့ နယ်​​မြေ ​ဥပ​ဒေစိုးမိုးဖို့ လုပ်​​ဆောင်​သွားမယ်​လို့ သိရပါတယ်​။

 

#voiceofmyanmar # ညီအစ်ကိုချင်းစကားများတာကိုအိမ်နီးချင်းကဓားနဲ့ဝင်ခုတ် #တစ်ဦးသေ နှစ်ဦးဒဏ်ရာရ   #ပဲခူး  # သာယာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW