ဧရာဝတီတိုင်းမှာ ကျောင်း ၁၀ကျောင်းဆောက်တာ ၇ ကျောင်းက စံချိန်စံညွန်းမကိုက်

ပုသိမ် ၊ ဇွန် -၅-၂၀၁၉

အောင်အောင်

 

 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်နဲ့ ဇလွန်မြို့နယ်တွေမှာ ဆောက်လုပ်ဆဲဖြစ်တဲ့ အခြေခံပညာကျောင်း၁၀ကျောင်း ကိုစစ်ဆေးတာမှာသတ်မှတ်စံချိန်စံညွနိးနဲ့မကိုက်ညီတဲ့ကျောင်း၇ကျောင်းကိုတွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်းအဆောက်အအုံများတည်ဆောက်မူလုပ်ငန်းများစီစစ်ရေးကော်မတီနဲ့ တိုင်းအခြေခံပညာဦးစီးဌာနတို့ပူးပေါင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

 

 

ကျောင်းဆောက်လုပ်ခွင့် တင်ဒါရရှိထားတဲ့ လူထုရှေ့ဆောင်ကုမ္မဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကိုသွားရောက်စစ်ဆေးခဲ့တာမှာ တိုင်းအစိုးရသတ်မှတ်ထားတဲ့ အရည်အသွေးမပြည့်မှီကြောင်းတည်ဆောက်မူအရေအသွေးစစ်ဆေးရေးကုမ္မဏီကမန်နေဂျင်း ဒါရိုက်တာ ဦးဇေယျာစိုးမင်း က

 

“လုပ်ငန်းကတော့၂၅ရာခိုင်နူန်းလောက်ပြီးနေတာတွေ့တယ် ဒါပေမယ့်အရည်အသွေးကမပြည့်မှီတာတွေ့ရတယ် ခုလုပ်ထားတဲ့တိုင်အလုံး၃၀လောက်ကိုပြန်ဖြိုပြီး ပြန်ဆောက်ခိုင်းထားရတယ်”လို့  ပြောပါတယ်။

 

အခြေပညာကျောင်းတွေတည်ဆောက်တာမှာ သတ်မှတ်ထားတဲ့စံချိန်စံညွန်းတွေနဲက မညီညွတ်ဘဲ ဆောက်နေတဲ့ လူထုရှေ့ဆောင်ကုမ္မဏီကိုအရေးယူဖို့စီစဉ်နေကြောင်း ဧရာဝတီတိုင်းအခြေခံပညာဦးစီးဌာနက ဦးစီးအရာရှိ ဦးတိုနိင်ကလည်း

 

“မနစ်ကဘတ်ဂျတ်မှာလဲဒီလိုအရေအသွေးမမှီလို့ကုမ္မဏီ၅ခုကို နာမည်ပျက်စာရင်းသွင်းခဲ့ရဘူးတယ်။ အခုကိစ္စမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဒီဇိုင်းတွေကိုမဆောင်ရွက်ဘူး၊ အရေအသွေးလည်း မပြည့်မှီတဲ့အတွက် အရေးယူမူတစ်ခုဆောင်ရွက်ဖို့ရှိပါတယ်။ စာချုပ်အတိုင်းဆိုရင်ဆက်မလုပ်နိင်ရင်လုပ်ငန်းရပ်မယ်ဆက်လုပ်မယ်ဆိုအစကနေပြန်ဆောက်ပေးရပါမယ်”လို့  ပြောပါတယ်။

 

ပြည်ထောင်စုအစိုးရရဲ့ဘတ်ဂျတ်ကနေ ၂၀၁၈/၂၀၁၉ပညာသင်နစ်အတွင်း ဧရာဝတီတိုင်းတွင်းကျောင်းပေါင်း ၆၀၀ကျော်ကို တည်ဆောက်နေပါတယ်။  ခုလက်ရှိတည်ဆောက်နေကြတဲ့ ကုမ္မဏီတွေထဲက  ၄၆ခုဟာ သတ်မှတ်အချိန်ကာလမှာသတ်မှတ်လုပ်ငန်းရာခိုင်နူန်းမပြီးစီးသေးတာကြောင့်ဒီနေ့ဇွန်လ၅ရက်နေ့ မနက်ပိုင်းက တိုငိးပညာရေးမူးရုံးကတာဝန်ရှိသူတွေကနေ ခေါ်ယူသတိပေးပြီး ခံဝန်လက်မှတ်တွေ ထိုးခိုင်းခဲ့ကြောင့်းသိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီတိုင်း #ပုသိမ် #ဓနုဖြူ  #ဇလွန် #အခြေခံပညာကျောင်း #စံချိန်စံညွန်းမကိုက်

 

Related posts

Leave a Comment

VOM News

FREE
VIEW