အကျဉ်းသားကို ထောင်ဝင်စာလာတွေ့တဲ့ မိသားစုဝင်တွေဆီက မူးယစ်ဆေးဝါး ဖမ်းမိ

ကသာ၊ ဇွန် ၂၅- ၂၀၁၉

နိုင်ကြီး – ကသာ (VOM)

 

စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှာအကျဉ်းကျနေတဲ့သူကို ထောင်ဝင်စာလာတွေ့တဲ့ အဖေနဲ့ ဇနီးဖြစ်သူဆီက မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရရှိမိခဲ့တယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ်။

 

“မူးယစ်ဆေးမိတာ ဟုတ်ပါတယ်။ ဒီအမှုကို အမှုစစ် ရဲအုပ် ညီညီဌေးက စစ်ဆေးနေပါတယ်။ မူးယစ်ကွင်းဆက်တွေကိုလည်း စစ်ဆေးပြီး လိုက်နေပါပြီ။” လို့ ကသာမြို့မ စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးက ပြောပါတယ်။

 

ကသာခရိုင်တရားရုံးမှ မူးယစ်မှုနဲ့ အမှုစစ်ဆေးနေဆဲ တရားခံ ညီညီ(ခ)ညီလေး(ခ)ဆန်းမြအောင် (၃၃ နှစ်)ကို သူရဲ့ဇနီးဖြစ်သူ မချောစု၊ ဖခင်ဖြစ်သူ ဦးတင်မြင့်တို့ မနေ့ညနေပိုင်းက ထောင်ဝင်စာလာတွေ့ရာမှာ ပါဆယ်ပစ္စည်းတွေထဲက ပေါင်ဒါမှုန့်ဗူးထဲမှာ ပလတ်စတစ်အိပ်နဲ့ ထုတ်ထားတဲ့ ဖြူဝါရောင်အမှုန့် ဘိန်းဖြူ (၇.၅)ဂရမ် (ကာလတန်ဘိုး ကျပ်ခုနစ်သိန်းခွဲ)ကို  ကျပ်ခုနစ်သိန်းဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးအချို့ကို ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

 

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညီညီ(ခ) ညီလေး(ခ) ဆန်းမြအောင် ၊ ဦးတင်မြင့် ၊ မချောစုတို့ သုံးဦးကို မယ(ပ)၄၈/၂၀၁၉ ၊ မူးစိတ်ပုဒ်မ -၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကသာရဲစခန်းက သိရပါတယ် ။

 

#voiceofmyanmar # ထောင်ဝင်စာလာတွေ့တဲ့ အကျဉ်းရဲ့အဖေနဲ့ ဇနီးဆီကမူးယစ်ဆေးဝါး ဖမ်းမိ# ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW