မြောက်ဦး၊ဇွန်၁၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်ရွာဟောင်းတောကျေးရွာကကျေးရွာသားသုံးဦးတို့ဟာမနေ့ညနေပိုင်းကတပ်မတော်စစ်ကြောင်းတစ်ခုကနေ ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ “မနေ့ညနေ၃နာရီခွဲလောက်မှာဖြစ်တာပါ။ကားသုံးစီးကလေးမြို့မြစ်ဘက်ကနေလာတယ်။ရွာထဲကိုရောက်တော့ပစ်ခတ်မှုတွေဖြစ်တယ်။လက်နက်ကြီးတွေနဲ့လည်းရွာပြင်ကပစ်တယ်။ဒါကြောင့်လက်နက်ကြီးကျည်ရွာထဲကိုကျပြီးတော့ရွာသားသုံးယောက်ထိခိုက်သွားပါတယ်။ဘာကြောင့်ပစ်တယ်ဆိုတာတော့မသိဘူး။”လို့ရွာဟောင်းတောကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့်ရွာထဲမှာရပ်ထားတဲ့မြောက်ဦးမြို့ပေါ်ကမြို့ဦးခေါင်းဘုန်းတော်ကြီးရဲ့ကားကိုလည်းပစ်ခတ်ခဲ့တဲ့အတွက်ကားရဲ့နောက်မှန်တွေနဲ့အစိတ်အပိုင်းတချို့ပျက်စီးသွားတယ်လို့မြို့ဦးခေါင်းဆရာတော်ကပြောပါတယ်။ “ဦးဇင်းကပစ်ခတ်မှုမဖြစ်ခင်ကတည်းကအဲ့ဒီရွာကိုရောက်နေတာ။ရွာထဲကလဖက်ရည်ဆိုင်ရှိတဲ့အိမ်မှာဝင်ထိုင်ပြီးတော့ရွာသားတွေနဲ့စကားပြောနေတယ်။အဲ့ဒီအချိန်မှာကားတန်းကလာတယ်။နှစ်စီးကကျော်သွားပြီနောက်ဆုံးအစီးကရခိုင်လူမျိုးစစ်သားတစ်ယောက်ကကားပေါ်ကနေပစ်တယ်ပစ်တယ်ဆိုပြီးအော်ပြောတယ်။ပြီးတာနဲ့သေနတ်တွေနဲ့ပစ်တာပဲ။ဦးဇင်းတို့လည်းထွက်ပြေးကြတယ်။၁၅မိနစ်လောက်ပစ်ပြီးတော့ကားပေါ်ကဆင်းလာကြတယ်။ရွာထဲကိုလျှောက်ပြီးတော့ပစ်တယ်။ရွာရဲ့အရှေ့ဘက်နဲ့ကိုးသောင်းဘုရားရှိတဲ့ဘက်ကတော့လက်နက်ကြီးတွေနဲ့ရွာကိုကျော်ပြီးတော့ပစ်တယ်။”လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မြို့ဦးခေါင်းဆရာတော်ကပြောပါတယ်။ တပ်မတော်ဘက်ကတော့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့တပ်မတော်စစ်ကြောင်းတစ်ခုကိုရွာဟောင်းတောရွာအရှေ့ဘက်တောင်တန်းအနီးကနေပြီးတော့မိုင်းဆွဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက်အခုလိုပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။ “ရွာသားတွေထိခိုက်တာကိုတော့ဂဃနဏမသိဘူးခင်ဗျား။ကျွန်တော်တို့အုပ်ချုပ်မှုလုပ်တဲ့ယာဉ်တန်းတစ်ခုကိုဆွဲမိုင်းဆွဲပြီးတော့တိုက်ခိုက်တယ်။တိုက်ခိုက်တဲ့အတွက်ကြောင့်ရွာဟောင်းတောရယ်၊နောက်ဘက်မှာရှိတဲ့တောင်တန်းနားကနေလက်နက်ငယ်တွေနဲ့ပစ်ခတ်တယ်။လုံခြုံရေးလုပ်နေတဲ့တပ်ဖွဲ့ဝင်တွေနဲ့AA အဖွဲ့တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။ ဒါ့အပြင်ရွာသားတွေဘက်ကတော့အဲ့ဒီကားတန်းဟာရွာထဲကိုရောက်တဲ့အချိန်မှာမှအခုလိုတိုက်ခိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ “မိုင်းဆွဲလားမဆွဲလားတော့မသိဘူး။ရွာအပြင်ဘက်ကတော့ပစ်ခတ်သံတစ်ခုကိုအရင်ဆုံးကြားလိုက်ရတယ်။ပြီးတော့ရွာထဲကိုရောက်နေတဲ့ကားကပစ်တာပဲ။ဖြစ်ချင်လဲဖြစ်နိုင်လိမ့်မယ်။ဦးဇင်းထင်တာကတော့သူတို့အချင်းချင်းဂွင်ဆင်ပြီးတော့လုပ်တယ်လို့ပဲယူဆတယ်။”လို့မြို့ဦးခေါင်းဆရာတော်ကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ဦးလှထွန်းသာ၊ဦးစံထွန်းကျော်နဲ့လေးတန်းကျောင်းသားလေးတစ်ဦးတို့ဖြစ်ကြပြီးအဲ့ဒီလူတွေကိုတော့မြောက်ဦးဆေးရုံကိုပို့ဆောင်ပြီးဆေးကုသမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့မြို့ဦးခေါင်းဆရာတော်ကပြောကြားခဲ့ပါတယ်။ #voiceofmyanmar #မြောက်ဦး #ပစ်ခတ်မှု #ရခိုင်ပြည်နယ်
Read MoreMonth: June 2019
ဈေးချိုတော် ဒုတိယထပ်မှာ ဓာတ်ဆီဖြန်းသွားတဲ့ နေရာတွေ့တဲ့အတွက် ဈေးရုံ ဖွင့်/ပိတ်ချိန် လုံခြုံရေးကြပ်မတ်မည်
မန္တလေး၊ဇွန် ၁၃-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်က ဈေးချိုတော်ကြီး ရဲ့ Fရုံ ဒုတိယထပ် အရှေ့မြောက်စင်္ကြန်လမ်းတစ်လျှောက်မှာ ဓာတ်ဆီဖြန်းသွားတဲ့ အကွက်တွေတွေ့တဲ့အတွက် ဈေးချိုတော်ရဲ့ ရုံဖွင့်/ပိတ်ချိန်တွေကို လုံခြုံရေးကြပ်မတ်သွားမှာဖြစ်တယ်လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ကနေ သိရပါတယ်။ ” ဒီနေ့မနက်ရုံးဖွင့်ချိန်မှာ ဖြစ်သွားတာပါ ရုံထဲကလူတွေက ဓာတ်ဆီနံရတယ်လို့ အကိုတို့ကို သတင်းပို့တယ်ပေါ့နော် ၊အကိုတို့ ဈေးအကျိုးတော်ဆောင်အဖွဲ့ရယ် ၊ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရယ်၊ဈေးချိုအရန်မီးသတ်ရယ်၊ Fရုံ ဒုတိယထပ် အရှေ့မြောက်စင်္ကြန်လမ်းတစ်လျှောက်မှာ ဓာတ်ဆီကွက်လေးတွေ ၃ကွက်လောက် တွေ့တယ် ၊ကျန်တဲ့နေရာတွေကိုတော့ ဓာတ်ဆီဖြန်းထားတွေ မတွေ့ရပါဘူး၊ အဲ့လိုဖြစ်စဉ်မျိုး တခြားနေရာတွေကို စစ်ဆေးကြည့်တော့ တခြားနေရာတွေမှာတော့ မသင်္ကာစရာအနေအထားတွေ မတွေ့ရဘူး” လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းမင်းကပြောပါတယ်။ ဒီဖြစ်စဉ်ကို အကျိုးတော်ဆောင်အနေနဲ့ ပေါ့ပေါ့ဆဆသဘောမထားပဲ ဈေးဖွင့်ချိန် ပိတ်ချိန်တွေမှာ လုံခြုံရေးစည်းကမ်းကြပ်မတ်ဖို့အတွက် ဒီနေ့နေ့လည်က စည်းကမ်းချက်တစ်စောင်ကို ထပ်ပြီးထုတ်လိုက်ပါတယ်။ ” အရင်ကဈေးချိုတော် ဈေးပိတ်ချိန်မှာ ဈေးအကျိုးတော်ဆောင်အဖွဲ့တွေ ၃ယောက်စီတာဝန်ပေးထားပြီး ဈေးကိုစစ်ဆေးပြီးမှ…
Read Moreအင်းမမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတိုက်လို့ နှစ်ဦးသေဆုံး
အင်းမ – ဇွန်- ၁၃ -၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ အင်းမမြို့နယ် မအူကန်ကျေးရွာ အရှေ့ထိပ်မှာ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ယာဉ်သုံးစီးဆင့်တိုက်ပြီး လူနှစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါတယ် ။ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နေ ဦးတင်လှိုင်ဝင်း မောင်းနှင်လာတဲ့ CALDINA အဖြူရောင်ကားနဲ့ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ပြည်မြို့ နတ္တလင်းကျေးရွာနေ ဦးကျော်သူ မောင်းနှင်လာတဲ့ စိမ်းဝါကြားASIA EXPRESS ရန်ကုန်-ဘားအံ-မြဝတီ ကားနဲ့ တိုက်မိခဲ့ပြီး အဖြူရောင်အိမ်စီးကားလေးထဲက ယာဉ်မောင်း ဦးတင်လှိုင်ဝင်းနဲ့ ဘေးမှာထိုင်နေတဲ့ ကိုသီဟဇော်တို့ သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ အင်းမမြို့ ရဲစခန်း ဒုရဲအုပ် ဥာဏ်လင်းထွန်းက ဆိုပါတယ် ။…
Read Moreလိုင်ချီးသီးစားသုံးမှုနဲ့ ဆက်နွယ်တဲ့ ဦးနှောက်ယောင်ရောဂါကြောင့် ကလေးငယ် ၅၀ ကျော်သေဆုံး
ဒေလီ၊ ဇွန်-၁၃-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်ရှိ မူဇာဖာပါဒေသမှာ လိုင်ချီးသီးစားသုံးတာနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ ဦးနှောက်ယောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၅၃ ဦးထက်မနည်းသေဆုံးသွားပြီး ဒါဇင်ပေါင်းများစွာ ဆေးရုံတင်ထားရပါတယ်။ အိန္ဒိယနိုင်ငံမှာ ချမ်ကီဘူခါလို့ ခေါ်ဝေါ်တဲ့ ပြင်းထန်တဲ့ ဦးနှောက်ယောင်ရောဂါဟာ လိုင်ချီးသီးမှာ ပါဝင်တဲ့ အဆိပ်သင့်စေတဲ့ ဓါတ်တစ်မျိုးနဲ့ ဆက်နွယ်ဖြစ်ပွားတဲ့ ဦးနှောက်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ အော့အန်ခြင်း နဲ့ သတိလစ်မေ့မြောခြင်းတို့ဖြစ်ပါတယ်။ မူဇာဖာပါဒေသဟာ အိန္ဒိယရှိ လိုင်ချီးအဓိက စိုက်ပျိုးရာနေရာဖြစ်ပြီး ကလေးငယ်တွေသေဆုံးခဲ့တဲ့ အဲဒီဒေသမှာ အလားတူရောဂါလက္ခဏာများဖြစ်ပွားတာကြောင့် နောက်ထပ် ကလေးငယ် ၄၀ ကျော်ကိုလည်း အထူးကြပ်မတ် ကုသပေးနေရပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း အဲဒီဒေသအတွင်း ဖျားနာပြီး လူ ၁၅၀ ဦးသေဆုံးပြီးနောက် လိုင်ချီးစားသုံးမှုနဲ့ ဦးနှောက်ယောင်ပြီး သေဆုံးမှုအကြား…
Read Moreရိုဟင်ဂျာ ၆၅ ဦးကို မလေးရှားပို့မယ့် သင်္ဘောကပ္ပတိန် ထိုင်းမှာအဖမ်းခံရ
ဘန်ကောက်၊ ဇွန်-၁၃-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံက ရိုဟင်ဂျာ ၆၅ ဦးကို လူကုန်ကူးမှုနဲ့ ထိုင်းနိုင်ငံသား သင်္ဘောကပ္ပတိန်တစ်ဦးကို ထိုင်းရဲတွေက တရားစွဲဆိုလိုက်တယ်လို့ ဇွန် ၁၃ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ သူ့ရဲ့သင်္ဘောဟာ ထိုင်းနိုင်ငံတောင်ပို်င်း ကမ်းရိုးတန်းမှာ ပျက်ပြီး သောင်တင်နေတာကို ရဲတွေက တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အထောက်အထားမဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ သင်္ဘောကို Satun ပြည်နယ်က ကျွန်းတစ်ကျွန်းမှာ ဇွန် ၁၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး သင်္ဘောကပ္ပတိန်ဟာ ရနောင်းမှာနေထိုင်တဲ့ ဆန်ခွန်ဖဟန်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာတွေကို ရေလမ်းကြောင်းနဲ့ မလေးရှားပို့ဖို့ မြန်မာအမျိုးသားတစ်ဦးကနေ သူ့ကို ဘတ် တစ်သိန်းနဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့…
Read More ရှော့တိုက် ငါးဖမ်းသူ၅ဦးကို ရေချိုငါးလုပ်ငန်းဥပဒေနဲ့အမှုဖွင့်
မိုးညို -ဇွန် ၁၃-၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း မင်းလှမြို့နယ် မိုးညိုမြို့ အင်းတော်္တလုပ်အုပ်စု ထိန်ကုန်းကျေးရွာနား မြစ်မခ မြစ်အတွင်း ဘတ္ထရီရှော့တိုက်ပြီး ငါးဖမ်းခဲ့သူ ၅ ဦးကို ရေချို ငါးလုပ်ငန်းဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မိုးညိုမြို့မရဲစခန်းကသိရပါတယ်။ ထိန်ကုန်းကျေးရွာက ကြံချောင်း၊ တိုက်ကြီးကုန်းရွာက မှတ်ကြီး ၊ ဇော်မင်းလှိုင်၊ ဖြိုးမောင်မောင် ၊မနုနုယဉ် တို့ငါးဦးကို ဘက္ထရီလျော့တိုက်ပြီး ငါးဖမ်းပိုက်တွေနဲ့ ငါးဖမ်းနေတာကို ဒေသခံရေလုပ်သားတွေက မှတ်တမ်းဓာတ်ပုံရိုက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အမှုဖွင့်ခံရတဲ့ ၅ယောက်ကို (ပ)၂၄၅/၁၉ ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၇၀(စ)(ဆ)ဖြင့် အမှုဖွင့်လိုက်ပြီး အာမခံပေးထားတယ်လို့် မိုးညိုမြို့မရဲစခန်း ဒုရဲအုပ် ဇော်သန်းထိုက် က ပြောပါတယ်။ အင်းတော်္တလုပ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးအောင်မြင့်လှိုင်က “ လှည်းနဲ့သယ်ရတဲ့ ပိုက်ကြီးတွေရဲ့အောက်မှာ ဓာတ်ကြိုးနဲ့ဘက်ထရီ…
Read Moreဟောင်ကောင်မှာဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားနေလို့အစိုးရရုံးတွေပိတ်ထားရ
ဟောင်ကောင်၊ဇွန်-၁၃-၂၀၁၉ မျိုးဆက်(VOM) ဟောင်ကောင်မှာဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးအကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ဟောင်ကောင်ရဲ့ဘဏ္ဍာရေးဆိုင်ရာဒေသရှိအစိုးရရုံးတွေကိုအာဏာပိုင်များကပိတ်ထားလိုက်ပါတယ်။ ဇွန်၁၂ရက်ကဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့အကြားထိပ်တိုက်တွေ့ဆုံအဓိကရုန်းများဖြစ်ပွားခဲ့တဲ့အစိုးရအဖွဲ့အဆောက်အအုံဝန်းကျင်မှာတော့ဆန္ဒပြသူများစွာကဇွန်၁၃ရက်နံနက်ပိုင်းမှာဝိုင်းရံထားကြပါတယ်။ ဆန္ဒပြသူတွေဟာပြစ်မှုကျူးလွန်သူတရားခံကို တရုတ်ပြည်မကြီးသို့လွှဲပြောင်းပေးတာကိုခွင့်ပြုမယ့်ဥပဒေကြမ်းတစ်ရပ်နဲ့ပတ်သက်ပြီးအမျက်ဒေါသထွက်နေကြတာဖြစ်ပါတယ်။အဲဒီဥပဒေကြမ်းအပေါ်ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင်ကန့်ကွက်နေကြပေမယ့်အစိုးရကတော့ဒီအစီအစဉ်ကောင်အထည်ဖော်ဖို့လက်လျှော့မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ ဒါပေမယ့်အငြင်းပွားဖွယ်တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကိုဒုတိယအကြိမ်ကြားနာမှုကိုဟောင်ကောင်ဥပဒေပြုကောင်စီကဆိုင်းငံ့ထားလိုက်ပြီင်္းဘယ်အချိန်မှာပြန်လည်ကြားနာမယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကိုကြားနာခြင်းဒါမှမဟုတ်ဆွေးနွေးဖို့ကိုမူလကဇွန်၁၂ရက်မှာပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။အစိုးရဟာညှဉ်းပန်းနှိပ်စက်တာ၊အာဏာရှင်ဆန်ဆန်ဖမ်းဆီးထိန်းသိမ်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတရုတ်တရားစီရင်ရေးစနစ်ထဲကိုသွတ်သွင်းဖို့ဖိအားပေးနေတယ်လို့ဝေဖန်သူတွေကဆိုပါတယ်။ လက်ရှိအချိန်ထိတော့အဓိကရုဏ်ဖြစ်ပွားတာတွေကြောင့်၁၅နှစ်ကနေ၆၆နှစ်အတွင်းအသက်အရွယ်ရှိလူ၇၂ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပြီးအမျိုးသားနှစ်ဦးကတော့စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ Ref : BBC Photo : The New York Times #voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြ
Read Moreမွေးမြူရေးသမ ချေးငွေ ၂ဆင့်တိုးပေးနေရ
ဇီးကုန်း-ဇွန်-၁၃-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းသာယာဝတီခရိုင် ဇီးကုန်းမြို့နယ်မှာမြို့နယ်သမဝါယမအသင်းစုကထုတ်ချေးတဲ့မွေးမြူရေးသမချေးငွေဆပ်ဖို့နှစ်ဆင့်တိုးပေးနေရလို့ဒေသခံပြည်သူတွေခက်ခဲနေတယ်လို့ ချေးယူထားသူတွေဆီက သိရပါတယ်။ “ကျမယောကျာင်္းကမြို့နယ်သမဝါယမအသင်းစုကမွေးမြူရေးသမချေးငွေချေးထားတာပါ။ အခုသူဆုံးသွားတာနှစ်နှစ်ရှိပါပြီ။ကျမဆက်ပြီးဆပ်ပေးရပါတယ်။ ဆပ်တဲ့အခါအရင်းပြန်မဆပ်နိုင်လို့ရပ်ကွက်ထဲကငွေတိုးချေးတဲ့သူဆီက၁၀ကျပ်တိုးနဲ့ ချေးပြီးဆပ်ရပါတယ်။ သမဝါယမအသင်းကိုလည်းစုငွေတစ်သောင်းအတိုးဒီဘက်မှာလည်းငွေရှင်ကိုတစ်ဆယ်တိုးပေးရတာဆိုတော့နှစ်ဆင့်တိုးပေးနေရတယ်လို့´ဒေါ်အေးဝင်း ကပြောပါတယ်။ သမချေးငွေကို၂၀၁၃ခုနှစ်ကစပြီးတရုတ်နိုင်ငံChina Exam Bank ကဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်တစ်ရပ်အနေနဲ့တစ်နိုင်ငံလုံးဒေါ်လာသန်း၇၀၀ချေးခဲ့ပြီးအတိုးနှုန်းက၄.၅%လို့ဆိုပါတယ်။ လူတစ်ဦးကိုတစ်သိန်းကနေငါးသိန်းကျပ် အထိချေးပေးဖို့ညွှန်ကြားထားပါတယ်။ ၂၀၁၅-၂၀၁၆ခုနှစ် မှာဒေါ်လာသန်း၄၀၀ထုတ်ချေးခဲ့ပြီးထုတ်ချေးတဲ့သက်တမ်းကဆယ်နှစ်စီမံကိန်းဖြစ်တယ်လို့သမအသင်းစုကပြောပါတယ်။ `ကျွန်တော် တို့ဇီးကုန်းမြို့နယ်အနေနဲ့စိုက်ပျိုးရေးမွေးမြူရေးအဖွဲ့၁၈၆ဖွဲ့ထုတ်ချေးထားပါတယ်။အသင်းသားဦးရေ တစ်သောင်းခန့်ရှိပါတယ် ။ အသင်းသားတစ်ယောက်ကိုဝင်ကြေး၅ထောင်စုကြေးတစ်သောင်းကောက်ပါတယ်၅ထောင်ကောက်ထားတာက၅၁၁သိန်းရှိပါတယ်ကျွန်တော်တို့သမဝါယမစည်းကမ်းအရအရင်းဆပ်ရပါတယ်အတိုးချည်းဘဲပေးလို့မရပါဘူးလို့”ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းညွှန့်ကပြောပါတယ်။ သမချေးငွေကိုခြောက်လတစ်ကြိမ်ဆပ်ကြရပြီးအတိုးနဲ့စုငွေဆပ်နိုင်ပေမယ့် အရင်းမဆပ်နိုင်လို့နှစ်ဆင့်တိုးပေးနေရတဲ့အတွက် ဒေသခံပြည်သူတွေနစ်နာနေတယ်လို့အုပ်စုရာအိမ်မှူးတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့မေလ၁၄ရက်နေ့ကပဲခူးမြိုမှာဒုတိယညွှန်ကြားရေးမှုးချုပ်ဦးသောင်းနိုင်လာတုန်းကတော့ သမချေးငွေတွေကိုအသင်းသားတွေအရင်းမဆပ်ဘဲအတိုးသွင်းပြီးနောင်တစ်နှစ်ကြာမှအရင်းပေးဖို့ နဲ့ ကျေးရွာတွေမှာအတိုးကြီးတွေနဲ့ပြန်ချေးပြီးဆပ်နေရတဲ့အကြောင်းတွေ အထက်အဆင့်ကို အစီအရင်ခံစာတင်ပြထားတယ်လို့လည်းသိရပါတယ်။ #voiceofmyanmar #သမချေးငွေ #အတိုး၂ပြန်ပေး #သာယာဝတီ #ဇီးကုန်း
Read Moreစစ်ဘေးကြောင့် ထွက်ပြေးနေရတဲ့အတွက် ချေးငွေပြန်မဆပ်နိုင်တဲ့တောင်သူတွေရှိနေ
စစ်တွေ၊ ဇွန် ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) အခု ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေတွေ ထုတ်ချေးပေးနေပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းက ချေးယူခဲ့တဲ့ ချေးငွေတွေကို တချို့တောင်သူတွေအနေနဲ့ ပြန်လည်ပေးသွင်းနိုင်ခြင်းမရှိဘူးလို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ “ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တောင်သူတချို့လည်း နေရပ်စွန့်ခွာသွားတဲ့အထဲမှာ ပါသွားတယ်။ တချို့ကလည်း နေရပ်စွန့်ခွာမသွားပေမယ့် ဒီပိုက်ဆံကို ဆပ်လိုက်လို့ရှိရင် ချေးငွေသစ်တွေနောက်ထပ်မရမှာကိုစိုးရိမ်မှုတွေရှိနေတဲ့အတွက် ချေးငွေပေးသွင်းမှုက နည်းနေတာ ဖြစ်ပါတယ်။”လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအေးသိန်းက ပြောပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်အနေနဲ့ မေလ ၆ ရက်ကစတင်ပြီး ချေးငွေတွေကို ပုံမှန်ထုတ်ချေးပေးနေတာပါ။ ချေးငွေပေးသွင်းပြီးတဲ့ တောင်သူတွေကို ချေးငွေသစ်တွေထုတ်ချေးပေးနေတာဖြစ်ပြီး တချို့တောင်သူတွေအနေနဲ့လည်း ကြွေးကျန်တွေကို လာရောက်ပေးသွင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။…
Read Moreမန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နိုင်ငံရေးပါတီတွေ ပထမအကြိမ် တွေ့ဆုံ
မန္တလေး၊ ဇွန် – ၁၂ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ တိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့မနက်က ၂၆ ဘီလမ်းနဲ့ ၆၆ လမ်းထောင့်ရှိ ဟစ်လ်တန်မန္တလေးဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခုတွေ့ဆုံပွဲက မန္တလေးတိုင်းမှာရှိတဲ့ဌာနချုပ် ပါတီ ၃ ခု၊ တိုင်းအဆင့်ပါတီ ၁၅ ခုတို့ တွေ့ဆုံခဲ့တာပါ။ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်၊ ကျင့်ဝတ်များအပြင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေလုပ်ငန်းစဉ်တွေကို အဓိကဆွေးနွေးတာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာလည်း ခုလိုတွေ့ဆုံပွဲတွေ လုပ်သွားမယ်လို့ သိရပါတယ်။ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဆင့်မှာလည်း နိုင်ငံရေးပါတီတွေနဲ့ အခုလို…
Read More