ကမ္ဘောဒီးယားမှာ ဆောက်လက်စ အဆောက်အဦးပြိုကျ လူ ၃၀ ကျော်ပိတ်မိနေ

ဖနွမ်းပင်၊ ဇွန်-၂၂-၂၀၁၉ မျိုးဆက် (VOM)   ကမ္ဘောဒီးယားနိုင်ငံ အပန်းဖြေကမ်းခြေတစ်ခုမှာ  ဒီနေ့မနက် အစောပိုင်းက ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျခဲ့တာကြောင့် လူသုံးဦးထက်မနည်း သေဆုံးသွားပြီး အပျက်အစီးတွေအောက်မှာ လူဒါဇင်ပေါင်းများစွာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   တရုတ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ပင်လယ်ကမ်းခြေမြို့ ဆီဟာနော့ဗေးရှိ ခုနစ်ထပ်အဆောက်အဦးဟာ အလုပ်သမားတွေ အဆောက်အဦးအထဲမှာ အလုပ်လုပ်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အလောင်းတစ်လောင်းကို သယ်ထုတ်နိုင်ခဲ့ပြီး အပျက်အစီးတွေကြားမှာ ညှပ်နေတဲ့ အလောင်းနှစ်လောင်းကိုလည်း တွေ့ရှိထားတယ်လို့ ပရာ့ဆီဟာနော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ယန်မင်းက ပြောဆိုပြီး လူ ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။   အဆောက်အဦး အပျက်အစီးတွေကြားမှာ လူ ၃၀ ကျော်ပိတ်မိနေတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီး ခီယူခန်ဟာရစ်ကသူ့ရဲ့  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သေဆုံးသူ သုံးဦးစလုံးဟာ…

Read More

ဉာဏ်​လည်​ဆင်​စခန်းက ကိုယ်​ထူကိုယ်​ထ​ကျောင်းကို မူလွန်​​ကျောင်းအဖြစ်​ခွင့်​ပြု​စေချင်

နတ္တလင်း၊ ဇွန်​ ၂၂- ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း နတ္တလင်းမြို့နယ်​ ပဲခူးရိုးမ​တောင်​​ခြေ ဉာဏ်​လည်​ဆင်​စခန်းက ကိုယ်​ထူကိုယ်​ထ​ကျောင်းကို လာမယ့်နှစ်​မှာတော့ မူလွန်​​ကျောင်းအဖြစ်​ ခွင့်​ပြုချက်​ကျ​စေချင်​တယ်​လို့ ဒေသခံတွေက ​ပြောဆိုပါတယ်​။   “ဆင်​စခန်းနဲ့ ကိုက်​သုံးရာ အကွာအ​ဝေးမှာ အစိုးရ မူလတန်း​ကျောင်းခွဲရှိတယ်​။ က​လေး​တွေက ​လေးတန်း​အောင်​ပြီးရင်​ ​တက်​စရာ​ ကျောင်းမရှိ​တော့ဘူး။ မြို့ကိုလည်း သွားမတက်​နိုင်​တော့ ​ကျောင်းထွက်​ကြရတယ်။ အခုနှစ်​​တော့ ​ကျောင်းသားမိဘ​တွေ တိုင်​ပင်​ပြီး ကိုယ်​ထူကိုယ်​ထ ​ကျောင်း​လေး ပြုလုပ်​ခဲ့တာပါ။” လို့ ဒေသခံ ဦးချစ်​ဦးက ​ပြောဆိုပါတယ်​။   လက်ရှိ ဉာဏ်လည်ဆင်စခန်းမှာက မူလတန်းအထိရှိတာဖြစ်ပြီး Grade-6 အတန်းဆက်တက်ရမယ့် ကျောင်းသူကျောင်းသားတွေဟာ  မိုင်​ ၄၀ ​ကျော်​ ​ဝေးတဲ့ နတ္တလင်းမြို့ပေါ်ကိုသွားတက်ရတာဖြစ်ပါတယ်။ အဲဒီလိုသွားရာမှာလည်း ရေကြောင်းခရီးနဲ့ သွားရတာမို့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်မှာ Grade-6 အတန်းတက်မယ့်…

Read More

ဒေါ်လာနဲ့သာ ပေးချေခွင့်ရှိ လုပ်ငန်းတွေမှာ ကျပ်ငွေနဲ့ပါ ခွင့်ပြုဖို့လို

ရန်ကုန် ၊ဇွန် ၂၂ – ၂၀၁၉ သိဂီ င်္( VOM)   ဒေါ်လာနဲ့သာ ငွေပေးချေဖို့ ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှာ ဒေါ်လာရော မြန်မာကျပ်ငွေပါ နှစ်မျိုးလုံး ပေးချေခွင့်ပြုဖို့ လိုအပ်သလို ခရီးသွားဇုန်ဝင်ကြေးကိုလည်း မြန်မာငွေနဲ့ ပြောင်းလဲကောက်ခံသင့်တယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။   “ဒေါ်လာက ဘယ်နိုင်ငံဖြစ်ဖြစ် သုံးလို့ရတာမှန်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာက တချို့လုပ်ငန်းတွေဆို ဒေါ်လာနဲ့ပဲ ပေးသွင်းမှရတယ်၊ မြန်မာကျပ်ငွေမရဘူး။ မရတော့ ငွေလဲလှယ်ရတယ် ၊ အလုပ်ရှုတ်တယ်။ ဒါကြောင့် နှစ်မျိုးလုံးသုံးလို့ရအောင် လုပ်သင့်တယ်။ ဒါမှ ပြည်တွင်းက လူတွေအတွက်လည်း အဆင်ပြေမယ်။”လို့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဦးဝင်းစိုးထွန်းက ဆိုပါတယ်။   လက်ရှိ ပြည်တွင်းမှာက 5 star အဆင့်ရှိ ဟိုတယ်ကြီးတွေ၊ တခြားနိုင်ငံခြားသား အဓိကပစ်မှတ်ထားတဲ့ ဟိုတယ်တွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေအပြင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာဆိုရင်လည်း…

Read More

အင်တာနက်ဝန်ဆောင်မှုတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် အများပြည်သူ အခက်အခဲဖြစ်

စစ်တွေ၊ ဇွန် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အသုံးပြုနေတဲ့ မိုဘိုင်းတယ်လီဖုန်း အင်တာနက်ကွန်ရက်တွေကို ဇွန်လ ၂၀ ရက် ညနေပိုင်းကစလို့ ယာယီဖြတ်တောက်ထားတာ ဖြစ်ပါတယ်။   အဲ့ဒီ တယ်လီဖုန်းလိုင်းတွေကတော့ MPT/Telenor/ ooredoo လိုင်းဖြစ်ပြီး အဓက ကတော့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောစတဲ့ မြို့နယ်တွေမှာ ဖြတ်တောက်ထားတာဖြစ်ပြီး ဖုန်းပြောတာတစ်ခုတည်းကိုပဲ အသုံးပြုနေကြရတာ ဖြစ်ပါတယ်။   “အင်တာနက်လိုင်းတွေကို ဖြတ်ထားတာကတော့ မြောက်ဦးမြို့မှာ MPT ကသုံးရက်လောက်ရှိပြီ။ ဒီကနေ့ မနက်ပိုင်းမှာတော့ Telenor က Massage ပို့လာပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာက ဖြတ်ခိုင်းတဲ့အတွက် ယာယီဖြတ်တောက်ထားရတယ်လို့ သိရပါတယ်။”လို့ မြောက်ဦးမြို့မှာ နေထိုင်တဲ့ ဦးစံမောင်သန်းက ပြောပါတယ်။   အခုလိုမျိုး…

Read More

အရှေ့အလယ်ပိုင်းဒေသသို့ စစ်သင်္ဘောနှစ်စင်း အိန္ဒိယရေတပ် စေလွှတ်လိုက်ပြီ

ဒေလီ၊ ဇွန်-၂၂-၂၀၁၉ မျိုးဆက် (VOM)   အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အိုမန်ပင်လယ်ကွေ့ရှိ အိန္ဒိယကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ စစ်သင်္ဘောနှစ်စင်းကို စေလွှတ်ဖြန့်ကြက်ထားလိုက်တယ်လို့ အိန္ဒိယ ရေတပ်က ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။   အိန္ဒိယ ဖျက်သင်္ဘော ချန်နိုင်းနဲ့  ကင်းလှည့်ရေယာဉ် ဆူနေနာတို့ကို ဆန်ကတ်စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တို့မှာ  ဖြန့်ကြက်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဒါ့အပြင် အဲဒီဒေသမှာ ဝေဟင်ထောက်လှမ်းရေးတွေ လုပ်ဆောင်ဖို့အတွက်လည်း  အိန္ဒိယရေတပ်က လေယာဉ်တွေကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။   ဂူရုဂရမ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယရေတပ်က ဖွင့်လှစ်ထားတဲ့ အိန္ဒိယသမုဒ္ဒရာဒေသ သတင်းအချက်အလက်ဗဟိုဌာနကလည်း ပင်လယ်ကွေ့ဒေသရှိ သင်္ဘောတွေရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အိန္ဒိယရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဇွန် ၂၀…

Read More

ပြည်မြို့မှာ H1N1 Positive ရောဂါပိုးရှိသူတွေ့

ပြည်၊ ဇွန် – ၂၂ -၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာ H1N1 Positive ရောဂါပိုး သံသယရှိသူများ တွေ့ရှိကြောင်း ပြည် ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးက သိရပါတယ်။   “လူနာတစ်ယောက် ဗိုက်အောင့်လို့ဆိုပြီး လာတက်တယ်။ သူကခွဲစိတ်ဆောင်ဘက်မှာ တက်တာ။ ခွဲစိတ်ဆောင်က ဆရာဝန်က ကြည့်ပြီးတော့ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေရှိတယ်ဆိုပြီး သမားတော်ပြတယ်။ ဒီနေ့မနက်မှာ RDT နဲ့စစ်လိုက်တဲ့အခါ Positive တွေ့တယ်။ ” လို့ ပြည်မြို့ ကုတင် ၅၀၀ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က မနေ့က ဟြေပါတယ် ။   လူနာဟာ အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်မြို့ ရွာဘဲရပ်ကွက်နေသူ ဖြစ်ပါတယ်။ သူမဟာ ဇွန် ၂၀…

Read More

ဂျာမနီကို မြန်မာ့စိန်တလုံးသရက် တင်ပို့

ရန်​ကုန်​ ၊ ဇွန်​ ၂၁ – ၂၀၁၉ သူရိန် (VOM)   မြန်မာနိုင်ငံက စိန်တလုံးသရက်သီး ဂျာမနီနိုင်ငံကို  အခုလ ၂၀ ရက်​ကစတင်ပို့​နေပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့အပင် ဇီဝနည်းပညာဌာနခွဲက သိရပါတယ်​။   ဂျာမနီကိုတင်ပို့မယ့် စိန်တလုံးသရက်​တွေကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ မြတ်ရတနာခြံက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံချိန်စံညွှန်းနဲ့အညီ စိုက်ပျိုးထားတာဖြစ်ပြီး ဒီနှစ်အတွင်း ကီလို ၆၀ ကို နှစ်ကြိမ်ခွဲပြီး တင်ပို့သွားမှာ ဖြစ်​ပါတယ်​။   “ကုမ္ပဏီက ပါလာတဲ့သရက်သီးကို ကျနော်တို့ဆီမှာ အခြောက်ခံတာတွေ လုပ်တယ်။ ကုမ္ပဏီနဲ့ ဌာနက ပညာရှင်တွေ ပူးပေါင်းစစ်ဆေးပြီး ပို့တာပါ။”လို့ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်က ပြောပါတယ်​။   ဂျာမနီကို စိန်တလုံးသရက်များတင်ပို့နိုင်ဖို့ အရည်အသွေးစစ်ဆေးတာ၊ ရေနွေးစိမ်တာ၊ အခြောက်ခံတာ၊…

Read More

ဝေသာလီဆုတောင်းပြည့်ဘုရားမှာ အလုပ်လုပ်နေတဲ့ လက်သမားသုံးဦးကို တပ်မတော်ဖမ်းဆီး

မြောက်ဦး၊ ဇွန် ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   မြောက်ဦးမြို့နယ် မြောက်ဘက် ၆ မိုင်ခန့်အကွာမှာရှိတဲ့ ဝေသာလီရှေးဟောင်းဘုရားကြီး အာရုံခံသိမ်တော်ကြီးမှာ အလုပ်လုပ်နေကြတဲ့ လက်သမားသုံးဦးကို တပ်မတော်စစ်ကြောင်းက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “လက်သမားတွေထဲက သုံးဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ထမင်းစားဖို့အတွက် ရွာကိုပြန်တဲ့အချိန်မှာ ဖမ်းသွားတာပါ။ စစ်ကြောင်းက ရွာကိုဝင်လာတယ်။ သူတို့က အလုပ်နားပြီး ရွာကိုအပြန် လမ်းမှာတွေ့လို့ ဖမ်းသွားတာပါ။”လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။   အဲ့ဒီလက်သမားတွေဟာ ဒေသခံတွေဖြစ်ကြပြီး နေ့လည် ၁၁ နာရီလောက်မှာ အလုပ်လုပ်နေရာကနေ သူတို့ရဲ့နေအိမ်တွေ ရှိတဲ့ရွာကို ဆိုင်ကယ်နဲ့ထမင်းစားပြန်တဲ့အချိန် လမ်းမှာစစ်ကြောင်းနဲ့တွေ့ပြီးတော့ လက်သမားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘူးရွက်မညိုးကျေးရွာသား နှစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပြီး သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။   “သူတို့က…

Read More

ထုတ်ဖို့ ကျန်နေတဲ့ ထီဆုလက်မှတ်တွေ နောက်လကုန်အထိ လာမထုတ်ရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမယ်

ရန်ကုန်၊ ဇွန် ၂၁ – ၂၀၁၉ သိင်္ဂီ( VOM)   အောင်ဘာလေသိန်းဆုဌာနခွဲမှာ လာမထုတ်ရသေးတဲ့ ဆုလက်မှတ်တွေ နောက်လကုန်အထိမှ လာမထုတ်နိုင်ရင် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆုဌာနခွဲက သိရပါတယ်။   အဲဒီဆုလက်မှတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်  သြဂုတ်လ ၁ ရက်ကဖွင့်လှစ်ခဲ့တဲ့ ၁၇ ကြိမ်မြောက် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကရရှိတဲ့ ဆုလက်မှတ်အပါအ၀င် ဆုလက်မှတ်ပေါင်း ၉၅၉၂ ဆုဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့အထိ စောင့်ဆိုင်းမှာဖြစ်ပါတယ်။   ” သတ်မှတ်ရက်ကို ၀က်ဆိုက်ဘ်မှာ ထုတ်ပြန်ထားတယ်။ လာမထုတ်တဲ့လက်မှတ်တွေ စာရင်းကိုလည်း ကြေငြာပေးထားတယ်။ သတ်မှတ်ရက်ထိမှ လာမထုတ်ဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမှာဖြစ်ပါတယ်။”လို့ ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။…

Read More

တရားခံလွှဲပြောင်းရေးဥပဒေ အပြီးဖျက်သိမ်းဖို့ ဟောင်ကောင်ရဲဌာနချုပ်ကို ၀ိုင်းထားပြီး ဆန္ဒပြနေကြ

ဟောင်ကောင်၊ ဇွန်-၂၁-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်ရှိ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဟောင်ကောင်ရဲဌာနချုပ်ကို ၀ိုင်းထားပြီး အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။   ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာထွက်ခွာဖို့ တိုက်တွန်းနေပြီး ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ အရေးပေါ်ဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အပြင်းအထန်ထိခိုက်စေတယ်လို့ ဆိုပါတယ်။   မကြာသေးမီ သီတင်းပတ်အတွင်းက အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေအပေါ် သန်းပေါင်းများစွာသော ဟောင်ကောင်ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။   အဲဒီဥပဒေကြမ်းအရ သံသယရှိသူတရားခံကို တရုတ်ပြည်မကြီးကို လွှဲပြောင်းတာကို ခွင့်ပြုထားပြီး ဆန္ဒပြမှုတွေကြောင့် ဥပဒေကြမ်းအပေါ်ဆွေးနွေးအတည်ပြုခြင်းကို ဆိုင်းငံ့ထားပါတယ်။ ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးအပေါ် ထိခိုက်လာမယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။   ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုကတော့ ဥပဒေကြမ်းကို အပြီးတိုင်ဖျက်သိမ်းဖို့…

Read More
VOM News

FREE
VIEW