ပဲခူးတိုင်း  ​လူဝင်မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးအဖြစ်​ ​ပေါင်းတည်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်းထွန်းဦးအားအဆိုပြုတင်​ပြ

ပဲခူး- ဇူလိုင်​ ၈-၂၀၁၉

မိုးယံ (VOM)

 

ဒီ​နေ့မနက်​​က ဒုတိယအကြိမ် ​ပဲခူးတိုင်း​​ဒေသကြီးလွှတ်​​တော်​အ​ရေး​ပေါ်အစည်းအ​ဝေးမှာ ပဲခူးတိုင်းဝန်​ကြီးချုပ်​ဦးဝင်းသိန်းက လူဝင်​မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးအဖြစ်​ ​ပေါင်းတည်​မြို့နယ်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးထွန်းထွန်းဦး ကို အဆိုပြုတင်​ပြခဲ့တယ်​လို့သိရပါတယ်​။

 

`ဝန်​ကြီးချုပ်​ တင်​ပြ​တဲ့​ပေါင်းတည်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်းထွန်းဦးဟာသက်​ဆိုင်​ရာသတ်​မှတ်​အရည်​အချင်း​တွေနဲ့ မပြည့်​စုံဘူးလို့ သက်​​သေအထင်းအရှားပြပြီး ကန့်​ကွက်​လိုတဲ့ လွှတ်​​တော်​ ကိုယ်​စားလှယ်​ များရှိရင်​ စာရင်းတင်​သွင်းကန့်​ကွက်​နိုင်​တယ်​လို့´ပဲခူးတိုင်​​ဒေသကြီးလွှတ်​​တော်​ဥက္ကဌဦးခင်​​မောင်​ရင်​က​ပြောပါတယ်​။

 

အမည်​စာရင်းတင်​သွင်းခံရတဲ့ဦးထွန်းထွန်းဦးဟာကတိက၀တ်​ ​ကော်​မတီ၊ စက်​မှုလမ်းပန်း​ကော်​မတီအဖွဲ့ဝင်​ဖြစ်​ပြီး​ပေါင်းတည်​မြို့နယ်​ NLD ပါတီ မြို့နယ်​အလုပ်​အမှု​ဆောင်​ ဘဏ္ဏာ​ရေးမှူးဖြစ်​ပြီး ယခင်​က​ထွေအုပ်​ရုံးမှာ​လေးနှစ်​တာဝန်​ထမ်း​ဆောင်​ဖူးတယ်​လို့​ပြောဆိုပါတယ်​။

 

 

` ကျ​နော်​တို့ပါတီကအရင်​တည်းကကြီး​လေးတဲ့ တာဝန်​ ဘာတာဝန်​​ပေး​ပေးလုပ်​ပါ့မယ်​လို့စည်းကမ်းချက်​ပါပါတယ်​။ ကျ​နော်​ဒီတာဝန်​​ထမ်း​ဆောင်​ရရင်​လ ၂၀ပါပြည်​​ထောင်​စုက တကယ်​လိုအပ်​လို့ သမ္မတကြီးက လိုအပ်​လို့ခန့်​ထားမယ်​ဆိုရင်​ သမ္မတကြီးညွှန်​ကြားချက်​ဝန်​ကြီးချုပ်​ညွှန်​ကြားချက်​​တွေကိုစွမ်းစွမ်းတမံ​ဆောင်​ရွက်​သွားမှာပါအခုချိန်​ထိ​တော့ကန့်​ကွက်​သူမရှိ​သေးပါဘူးလို့်​´

ပေါင်းတည်​မြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ ၂ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်းထွန်းဦးက​ပြောပါတယ်​။

 

ပြီးခဲ့တဲ့ဇွန်​လ၂၈ရက်​​နေ့က ကျင်းပတဲ့ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​အ​ရေး​ပေါ် အစည်းအ​ဝေး(၁/၂၀၁၉) က​နေပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှာဝန်​ကြီးဌာနတစ်​ခုတိုးချဲ့ဖွဲ့စည်းဖို့်​ တိုင်းလွှတ်​တော်က အတည်​ပြုခဲ့တယ်​လို့ သိရပါတယ်​။

 

#voiceofmyanmar #ပဲခူးတိုင်း #လွှတ်တော် #လူဝင်​မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီး #ဦးထွန်းထွန်းဦး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW