မောင်တောတောင်ပိုင်းမှာလှေစီးဒုက္ခသည်တွေ ဖမ်းဆီးရမိ

မောင်တော၊ဇူလိုင်၈-၂၀၁၉ ခိုင်လင်းစံ(VOM)   အခုလ၇ရက်နေ့မနက်ပိုင်း၅နာရီဝန်းကျင်အချိန်က ရခိုင်ပြည်နယ်၊မြောက်ပိုင်းဒေသဘင်္ဂါလီအကြမ်ဖက်မှုတွေဖြစ်ပွားခဲ့တဲ့မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်မြို့ ပင်လယ်ကမ်းခြေမှာ ဘင်္ဂါလီ၆၀ကျော်လိုက်ပါလာတဲ့  လှေတစ်စီးကမ်းကပ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။   အလယ်သံကျော်နယ်ခြားစောင့်ရဲစခန်းတာဝန်ရှိသူတဦးက   “ဘင်္ဂါလီလှေတစ်စီးကမ်းကပ်လာတဲ့အတွက်ဖမ်းဆီးရမိတယ်ဆိုတာဟုတ်ပါတယ်။သူတို့ကဘင်္ဂလားဘက်ကနေထွက်လာခဲ့တဲ့လှေပါ။ပင်လယ်ပြင်မှာလှိုင်းလေကြီးနေတဲ့အတွက်လှေပေါက်ပြီးတော့ကမ်းကပ်လာခဲ့တာဖြစ်ပါတယ်။မြင်းလွှတ်စခန်းနားမှာကမ်းခြေမှာကပ်လာတဲ့အတွက်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။လူဦးရေဘယ်လောက်ပါတယ်ဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။”လို့ပြောပါတယ်။   အဲ့ဒီလှေပေါ်မှာလိုက်ပါလာတဲ့ဘင်္ဂါလီတွေကတော့စစ်တွေမြို့နယ်အတွင်းမှာနေထိုင်တဲ့ဘင်္ဂါလီတွေပါဝင်သလိုဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာနေထိုင်သူတွေလည်းပါဝင်ပြီးစုစုပေါင်းလူဦးရေ၆၃ဦးပါဝင်ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။   ဒါ့အပြင်ဘင်္ဂါလီအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းပြီးခဲ့တဲ့၂၀၁၈ခုနှစ်ကလည်းအခုလိုမျိုးပြည်ပနိုင်ငံတွေကိုထွက်ခွာသွားလာတဲ့ဘင်္ဂါလီလှေတစ်စီးဟာမောင်တောတောင်ပိုင်းဒေသအငူမော်ကမ်းခြေအနီးမှာဆိုက်ကပ်လာခဲ့တဲ့အတွက်ရခိုင်ပြည်နယ်ဘက်ကထွက်ပြေးသွားသူတွေအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအပါအဝင်လူဦးရေ၁၀၀ကျော်တို့ကိုလည်းဖမ်းဆီးရမိခဲ့ဘူးပါတယ်။   #voiceofmyanmar #မောင်တော #ဘင်္ဂလီ #လှေစီးဒုက္ခသည်တွေဖမ်းမိ

Read More

ပဲခူးတိုင်း  ​လူဝင်မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးအဖြစ်​ ​ပေါင်းတည်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်းထွန်းဦးအားအဆိုပြုတင်​ပြ

ပဲခူး- ဇူလိုင်​ ၈-၂၀၁၉ မိုးယံ (VOM)   ဒီ​နေ့မနက်​​က ဒုတိယအကြိမ် ​ပဲခူးတိုင်း​​ဒေသကြီးလွှတ်​​တော်​အ​ရေး​ပေါ်အစည်းအ​ဝေးမှာ ပဲခူးတိုင်းဝန်​ကြီးချုပ်​ဦးဝင်းသိန်းက လူဝင်​မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးအဖြစ်​ ​ပေါင်းတည်​မြို့နယ်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးထွန်းထွန်းဦး ကို အဆိုပြုတင်​ပြခဲ့တယ်​လို့သိရပါတယ်​။   `ဝန်​ကြီးချုပ်​ တင်​ပြ​တဲ့​ပေါင်းတည်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်းထွန်းဦးဟာသက်​ဆိုင်​ရာသတ်​မှတ်​အရည်​အချင်း​တွေနဲ့ မပြည့်​စုံဘူးလို့ သက်​​သေအထင်းအရှားပြပြီး ကန့်​ကွက်​လိုတဲ့ လွှတ်​​တော်​ ကိုယ်​စားလှယ်​ များရှိရင်​ စာရင်းတင်​သွင်းကန့်​ကွက်​နိုင်​တယ်​လို့´ပဲခူးတိုင်​​ဒေသကြီးလွှတ်​​တော်​ဥက္ကဌဦးခင်​​မောင်​ရင်​က​ပြောပါတယ်​။   အမည်​စာရင်းတင်​သွင်းခံရတဲ့ဦးထွန်းထွန်းဦးဟာကတိက၀တ်​ ​ကော်​မတီ၊ စက်​မှုလမ်းပန်း​ကော်​မတီအဖွဲ့ဝင်​ဖြစ်​ပြီး​ပေါင်းတည်​မြို့နယ်​ NLD ပါတီ မြို့နယ်​အလုပ်​အမှု​ဆောင်​ ဘဏ္ဏာ​ရေးမှူးဖြစ်​ပြီး ယခင်​က​ထွေအုပ်​ရုံးမှာ​လေးနှစ်​တာဝန်​ထမ်း​ဆောင်​ဖူးတယ်​လို့​ပြောဆိုပါတယ်​။     ` ကျ​နော်​တို့ပါတီကအရင်​တည်းကကြီး​လေးတဲ့ တာဝန်​ ဘာတာဝန်​​ပေး​ပေးလုပ်​ပါ့မယ်​လို့စည်းကမ်းချက်​ပါပါတယ်​။ ကျ​နော်​ဒီတာဝန်​​ထမ်း​ဆောင်​ရရင်​လ ၂၀ပါပြည်​​ထောင်​စုက တကယ်​လိုအပ်​လို့ သမ္မတကြီးက လိုအပ်​လို့ခန့်​ထားမယ်​ဆိုရင်​ သမ္မတကြီးညွှန်​ကြားချက်​ဝန်​ကြီးချုပ်​ညွှန်​ကြားချက်​​တွေကိုစွမ်းစွမ်းတမံ​ဆောင်​ရွက်​သွားမှာပါအခုချိန်​ထိ​တော့ကန့်​ကွက်​သူမရှိ​သေးပါဘူးလို့်​´ ​ပေါင်းတည်​မြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ ၂ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်းထွန်းဦးက​ပြောပါတယ်​။   ပြီးခဲ့တဲ့ဇွန်​လ၂၈ရက်​​နေ့က ကျင်းပတဲ့ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​အ​ရေး​ပေါ် အစည်းအ​ဝေး(၁/၂၀၁၉) က​နေပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှာဝန်​ကြီးဌာနတစ်​ခုတိုးချဲ့ဖွဲ့စည်းဖို့်​ တိုင်းလွှတ်​တော်က အတည်​ပြုခဲ့တယ်​လို့ သိရပါတယ်​။…

Read More

ဗကသအဖွဲ့ချုပ် ညီလာခံအတွက် အကြိုဆွေးနွေးချက်တွေ ယာယီအတည်ပြု

ပြည် ဇူလိုင် ၈-၂၀၁၉ ဂျန်ကိုးလ် (VOM)   ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ မကြာခင်ကျင်းပမယ့် ဗဟိုညီလာခံတွင်ခေတ်စနစ်နဲ့မကိုက်ညီတော့သည့်အချက်တွေကို ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲနိုင်ရန်အစုအဖွဲ့ဖြင့်ဆွေးနွေးကာ ယာယီအတည်ပြုခဲ့ကြောင်း အကြိုညီလာခံကနေ သိရပါတယ်။   ဗကသ အကြိုညီလာခံကို ပဲခူးတိုင်းအနောက်ခြမ်းပြည်တက္ကသိုလ်မှာဇူလိုင်လပထမပတ်အတွင်း ၃ရက်ကြာကျင်းပခဲ့ပြီးမြန်မာတစ်နိုင်ငံလုံးရှိတက္ကသိုလ်နဲ့ ကောလိပ်ပေါင်း၃၄ခုကသမဂ္ဂကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး လေ့လာသူအဖြစ်တက္ကသိုလ်နဲ့ ကောလိပ် ၈ခုက သမဂ္ဂတွေ တက်ရောက်ခဲ့ကြကာ စုစုပေါင်း ၄၂ကျောင်း တက်ရောက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။   အကြိုညီလာခံက ဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်ညီလာခံပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုသက်မောင်မောင်က “၁၉၆၀တုန်းကရန်ကုန်နဲ့မန္တလေးတက္ကသိုလ်တို့လောက်ပဲရှိတာဒီလိုမျိုးတစ်နိုင်ငံလုံးမှာတက္ကသိုလ်တွေဖောင်းပွနေအောင်မဖြစ်သေးဘူးဒါပေမယ့်အခုချိန်မှာတက္ကသိုလ်သမဂ္ဂတွေကဖောင်းပွမှုတွေဖြစ်တယ်။ကိုယ်စားလှယ်သတ်မှတ်ချက်တွေကျောင်းအလိုက်ပါဝင်မှုတွေ၊လုပ်ငန်းတွေဘယ်လိုချိတ်ဆက်လုပ်ဆောင်နိုင်မလဲဆိုပြီးတော့ဒီထဲမှာပြန်လည်ပြင်ဆင်ဖြည့်စွက်တာတွေလုပ်တယ်”လို့ပြောပါတယ်။ အကြိုညီလာခံတက်ရောက်ခဲ့သူစစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌကိုသူဝေလွင်ကလည်း “ဗကသများအဖွဲ့ချုပ်ရဲ့အလံတော်အောက်မှာရပ်နေတဲ့ကျောင်းတွေအနေနဲ့ဒီနေ့ပွဲမှာတော့အနည်းဆုံးအနေနဲ့စုစည်းမှုတစ်ခုရတယ်။လက်ရှိကျောင်းသားသမဂ္ဂတွေအနေနဲ့အလံတစ်ခုတည်းအောက်မှာအသံတစ်သံတည်းထွက်ပြီးတော့ကျောင်းသားထုရဲ့အကျိုးပြည်သူထူထုရဲအကျိုးထမ်းဆောင်နိုင်ရင်တော့အတိုင်းအထက်အလွန်ကျောင်းသားတွေအတွက်လည်းကောင်းမယ်ပြည်သူတွေအတွက်လည်းကောင်းမယ်”လို့ ပြောပါတယ်။   အကြိုညီလာခံကျင်းပတဲ့  အကြောင်းရင်းကတော့ ဗဟိုညီလာခံကြီးကျင်းပနိုင်ရန်၊အကွဲကွဲအပြားပြားဖြစ်နေသောသမဂ္ဂများကိုပြန်လည်စုစည်းမှုရရှိနိုင်ရန်၊သမဂ္ဂများ၏ရပ်တည်မှုခက်ခဲနေသည့်အကြောင်းအရာများပညာရေးနှင့်သက်ဆိုင်တဲ့အရာများဝိုင်းဝန်းဆွေးနိုင်ရန်၊ခေတ်စနစ်နှင့်မညီတော့တဲ့ ဖွဲ့စည်းပုံအခြေခံအချက်များပြင်ဆင်နိုင်ရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့လုပ်ခဲ့တာလို့ ပြောကြပါတယ်။   ညီလာခံကြီးကိုတော့ လာမယ့်သြဂုတ်လဒုတိယပတ်အတွင်း  မန္တလေးတက္ကသိုလ်မှာ ကျင်းပသွားနိုင်ဖို့  ခုအကြိုညီလာခံတက်ရောက်လာတဲ့ ကျောင်းသားမဂ္ဂတွေကဆွေးနွေးဆုံးဖြတ်ခဲ့ကြတာလို့သိရပါတယ်။   #voiceofmyanmar #ဗကသ #အကြိုညီလာခံ #ပြည်

Read More

ကစ္ဆပနဒီတံတားအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား

ကျောက်တော်၊ ဇူလိုင် ၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားထိပ်မှာ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   အဲ့ဒီမိုင်းပေါက်ကွဲမှုဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမရှိ ကစ္ဆပနဒီတံတားအရှေ့ဘက်မှာရှိတဲ့ ပိန္နဲချောင်းကျေးရွာကို သွားတဲ့လမ်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   “တံတားထိပ်မှာ မိုင်းပေါက်ကွဲတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့လည်း အဲ့လိုသတင်းတွေကြား နေရပါတယ်။ အသေးစိတ်တော့ မသိရဘူး။ အဲ့ဒီနေရာကို သွားကြည့်ဖို့လည်း မဖြစ်နိုင်ဘူး။ ပိန္နဲချာင်း ရာအိမ်မှူးကို မေးကြည့်တော့လည်း သူ့ကို တပ်ကခေါ်သွားတဲ့အတွက် အဆက်အသွယ်မရ ဖြစ်နေပါတယ်။”လို့ လမ္မတော်ကျေးရွာသား ဦးမောင်ကျော်သာက ပြောပါတယ်။   အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ရဲအုပ် သဲထွဋ်အောင်က အပြင်ကိုရောက်နေတဲ့အတွက်…

Read More

Victoria အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ရေး လူနှစ်ထောင်လောက် မန္တလေးမှာ ဆန္ဒထုတ်ဖော်

မန္တလေး၊ဇူလိုင် ၈-၂၀၁၉ ဟိန်းကို(VOM)   နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံခဲ့ရတဲ့ အသက် ၃ နှစ်ခန့်အရွယ် မိန်းကလေးတစ်ဦး အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မန္တလေးမြို့က လူ့အဖွဲ့အစည်တွေ စုပေါင်းပြီး ဒီနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။   လူပေါင်း နှစ်ထောင်ခန့်ဟာ အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး  ၆၆ လမ်းနဲ့ ၃၅ လမ်းထောင့်ကနေ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်ခဲ့ကြပြီး မနော်ရမ္မံပြည့်သူ့ဟစ်တိုင်းကွင်းအတွင်းမှာ ဟောပြောမှုတွေပြုလုပ်ခဲ့ကြပါတယ်။   #voiceofmyanmar #Victoria #အမှုမှန်ပေါ်ပေါက်ရေး #မန္တလေး #

Read More
VOM News

FREE
VIEW