မောင်တောတောင်ပိုင်းမှာလှေစီးဒုက္ခသည်တွေ ဖမ်းဆီးရမိ

မောင်တော၊ဇူလိုင်၈-၂၀၁၉

ခိုင်လင်းစံ(VOM)

 

အခုလ၇ရက်နေ့မနက်ပိုင်း၅နာရီဝန်းကျင်အချိန်က ရခိုင်ပြည်နယ်၊မြောက်ပိုင်းဒေသဘင်္ဂါလီအကြမ်ဖက်မှုတွေဖြစ်ပွားခဲ့တဲ့မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်မြို့ ပင်လယ်ကမ်းခြေမှာ ဘင်္ဂါလီ၆၀ကျော်လိုက်ပါလာတဲ့  လှေတစ်စီးကမ်းကပ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

အလယ်သံကျော်နယ်ခြားစောင့်ရဲစခန်းတာဝန်ရှိသူတဦးက

 

“ဘင်္ဂါလီလှေတစ်စီးကမ်းကပ်လာတဲ့အတွက်ဖမ်းဆီးရမိတယ်ဆိုတာဟုတ်ပါတယ်။သူတို့ကဘင်္ဂလားဘက်ကနေထွက်လာခဲ့တဲ့လှေပါ။ပင်လယ်ပြင်မှာလှိုင်းလေကြီးနေတဲ့အတွက်လှေပေါက်ပြီးတော့ကမ်းကပ်လာခဲ့တာဖြစ်ပါတယ်။မြင်းလွှတ်စခန်းနားမှာကမ်းခြေမှာကပ်လာတဲ့အတွက်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။လူဦးရေဘယ်လောက်ပါတယ်ဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။”လို့ပြောပါတယ်။

 

အဲ့ဒီလှေပေါ်မှာလိုက်ပါလာတဲ့ဘင်္ဂါလီတွေကတော့စစ်တွေမြို့နယ်အတွင်းမှာနေထိုင်တဲ့ဘင်္ဂါလီတွေပါဝင်သလိုဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာနေထိုင်သူတွေလည်းပါဝင်ပြီးစုစုပေါင်းလူဦးရေ၆၃ဦးပါဝင်ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

 

ဒါ့အပြင်ဘင်္ဂါလီအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းပြီးခဲ့တဲ့၂၀၁၈ခုနှစ်ကလည်းအခုလိုမျိုးပြည်ပနိုင်ငံတွေကိုထွက်ခွာသွားလာတဲ့ဘင်္ဂါလီလှေတစ်စီးဟာမောင်တောတောင်ပိုင်းဒေသအငူမော်ကမ်းခြေအနီးမှာဆိုက်ကပ်လာခဲ့တဲ့အတွက်ရခိုင်ပြည်နယ်ဘက်ကထွက်ပြေးသွားသူတွေအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအပါအဝင်လူဦးရေ၁၀၀ကျော်တို့ကိုလည်းဖမ်းဆီးရမိခဲ့ဘူးပါတယ်။

 

#voiceofmyanmar #မောင်တော #ဘင်္ဂလီ #လှေစီးဒုက္ခသည်တွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW