အာဆာအဖွဲ့ကို ပံ့ပိုးကူညီနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇူလိုင်-၁၀-၂၀၁၉

မျိုးဆက် (VOM)

 

စစ်သွေးကြွအုပ်စုတွေနဲ့ ဆက်နွှယ်ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာနှစ်ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးတို့အပါအ၀င် လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

 

မြန်မာနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရိုဟင်ဂျာများစွာဟာ ခိုလှုံခွင့်ရဖို့အတွက် ပြီးခဲ့တဲ့ နှစ်အတန်ကြာကတည်းက မလေးရှားနိုင်ငံကို သွားရောက်နေခဲ့ကြတာဖြစ်ပါတယ်။

 

အဖမ်းခံရသူတွေထဲက ရိုဟင်ဂျာနှစ်ဦးဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ်မတော် (အာဆာ)အဖွဲ့ကို ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ ထောက်လှမ်းရေးမှူးချုပ် အဗ္ဗဒူဟာမစ်ဘာဒေါက ပြောပါတယ်။

 

သံသယရှိသူတွေထဲက အသက် ၄၁ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားတစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဟာစီနာကို သတ်မယ်ဆိုပြီး လူမှုကွန်ရက်မှာ ရုပ်သံဖိုင်လွှင့်ပြီး ခြိမ်းခြောက်ခဲ့သူတစ်ဦးလို့ ဆိုပါတယ်။

 

ဖမ်းဆီးထားတဲ့အထဲက အသက် ၅၄ နှစ်အရွယ်ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကတော့ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအုပ်စု အဘူဆေယဖ် အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ထောက်လှမ်းရေးမှူးချုပ်က ပြောပါတယ်။

 

Ref :GMA News Online

Photo : Bernama

 

#voiceofmyanmar # အာဆာအဖွဲ့ကိုပံ့ပိုးကူညီနေ #မြန်မာနိုင်ငံ #ရိုဟင်ဂျာနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး #မလေးရှား #ကွာလာလမ်ပူ #ဘင်္ဂလားဒေ့ရှ် #

Related posts

Leave a Comment

VOM News

FREE
VIEW