ဖောင်းပြင်မှာ ဆိုင်ရှင်က နိပ်စက်တဲ့ ကလေးမအတွက် လူမှုဝန်ထမ်းဦးစီးဌာန ကူညီမယ်

မုံရွာ- ဇူလိုင် ၁၀-၂၀၁၉ ဗျဂ္ဃ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့၊ ဟန် မိသားစု စတိုးဆိုင်မှာ ဈေးအရောင်းသမအဖြစ် မုံရွာမြို့ကနေ အလုပ်သွားလုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးကို ဆိုင်ရှင်လင်မယားက ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရတာကြောင့် ကျေနပ်မှုမရှိလို့ ဇူလိုင်လ ၈ ရက်နေ့မှာ အဒေါ်ဖြစ်သူက မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ နိပ်စက်ခံရသူ မရွှေရည်သိန်းဟာ ခုလက်ရှိမုံရွာဆေးရုံမှာ တက်ရောက်ကုသနေတာကြောင့် စစ်ကိုင်းတိုင်းအစိုးရနဲ့ လူမှုဝန်ထမ်းဦးစီးဌာနက အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ကူညီသွားမယ်လို့ ပြောပါတယ်။ ဗျဂ္ဃ မုံရွာကနေ ရိုက်ကူးပေးပို့ထားတာပါ။   #voiceofmyanmar   #မှုခင်း #ဖောင်းပြင်#မုံရွာ  #အိမ်ဖေါ်နိပ်စက်မှု#စစ်ကိုင်းတိုင်း

Read More

ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ANP နဲ့ဆွေးနွေး

စစ်တွေ၊ ဇူလိုင် ၁၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂနာဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဒီနေ့မနက်ပိုင်း ၉ နာရီခွဲအချိန်က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။   အထူးကိုယ်စားလှယ်နဲ့အဖွဲ့တို့ဟာ ဒီမနက်ပိုင်းက ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လက်ရှိရခိုင် ပြည်နယ်အရေးအပါအဝင် စစ်ဘေးရှောင်တွေရဲ့အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။   “အဓိကကတော့ အချက်သုံးချက်ကိုမေးပါတယ်။ ရခိုင်ပြည်ရဲ့လက်ရှိအနေအထားမှာ ဘာတွေကိုကြုံတွေ့နေရသလဲ။ အထူးသဖြင့် ပြည်သူတွေထိခိုက်နစ်နာမှုတွေပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲအတွက် ဘာတွေကိုပြောချင်လဲဆိုတာတွေပါ။ ကျမတို့ဘက်ကတော့ လတ်တလောအနေအထားမှာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်။ လယ်ယာလုပ်ငန်းတွေကို မလုပ်နိုင်ဘူး။ စစ်ဘေးရှောင်တွ စားဝတ်နေရေးအခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းအရာတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။”လို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာကော်မတီဝင် ဒေါ်အေးနုစိန်က ပြောပါတယ်။   လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက တချို့မြို့နယ်တွေမှာ ညမထွက်ရအမိန့် ၁၄၄ ကို ထုတ်ပြန်ထားတာနဲ့…

Read More

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်ကို တရားစွဲဆို

နေပြည်တော်၊ ဇူလိုင် ၁၀ – ၂၀၁၉ ကိုထွန်း(VOM)   အများပြည်သူ စိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ အစဉ်တစိုက် ရေးသားဖော်ပြနေတဲ့ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။   အဲဒီသက္ကမိုးညို အကောင့်ပိုင်ရှင်ဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းဖြစ်ပြီး ဗစ်တိုးရီးယားအမှုမှာ  စီအိုင်ဒီရဲတပ်ဖွဲ့က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားတဲ့အတွက်ဆိုကာ ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်ကနေ ဇူလိုင် ၉ ရက်က တရားလိုလုပ် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။   အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ပျဉ်းမနားရဲစခန်းမှာ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကာ မွန်းလွဲပိုင်းမှာတော့ သိန်းတစ်ရာနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။   အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ငွေဒဏ် သိန်း…

Read More

စာသင်ခန်းမှာ ဆက်ဖီပုံရိုက်မတင်တဲ့ ဆရာ၊ဆရာမတွေကို လစာတစ်ရက် ဖြတ်ဖို့သတ်မှတ်

ဒေလီ၊ ဇူလိုင်-၁၀-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံ ဥတာပရာဒက်ပြည်နယ် ဘာရာဘန်ကီခရိုင်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို စာသင်ဖို့အတွက် စာသင်ကျောင်းကို အချိန်မီရောက်ရှိကြောင်း သက်သေပြဖို့ စာသင်ခန်းအရှေ့မှာ ဆက်ဖီပုံရိုက်ပြီး တင်ရမယ်လို့ ပညာရေးဌာန တာဝန်ရှိသူတွေက သတ်မှတ်လိုက်ပါတယ်။   ဆရာ၊ ဆရာမတွေဟာ စာသင်ကျောင်းကိုရောက်ရှိကြောင်း မနက်ရှစ်နာရီမထိုးခင် ဆက်ဖီဓါတ်ပုံရိုက်ပြီး Basic Shiksha Adhikari (BSA) webpage မှာ ပို့စ်တင်ရမှာဖြစ်တယ်လို့ ခရိုင်ပညာရေး တာဝန်ရှိသူတွေ ကပြောပါတယ်။ သတ်မှတ်အချိန်အတွင်းမှာ ဒီလိုဆက်ဖီဓါတ်ပုံ မတင်နိုင်တဲ့ ဆရာ၊ဆရာမတွေအနေနဲ့ လစာ တစ်ရက်စာဖြတ်ခံရမှာ ဖြစ်ပါတယ်။   ဒီစနစ်ကို နွေရာသီအားလပ်ရက်အတွက် စာသင်ကျောင်းတွေမပိတ်ခင် မေလကတည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်ဖီဓါတ်ပုံအချိန်မီ မတင်နိုင်လို့ လစာတစ်ရက်စာ အဖြတ်ခံရသူ ၇၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။  …

Read More

လှိုင်သာယာကို ခရိုင်အဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး

ရန်ကုန် ၊ဇူလိုင် ၁၀ – ၂၀၁၉ သိဂီ င်္(VOM)   လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းမှာ ဒုတိယလူဦးရေအများဆုံး နေထိုင်တဲ့မြို့ဖြစ်လို့  လက်ရှိဆောင်ရွက်နေတဲ့ မြို့နယ်အဆင့် စီမံအုပ်ချုပ်မှုနဲ့ ဌာနဆိုင်ရာဝန်ဆောင်မှုတွေက လုံလောက်မှုမရှိတာကြောင့် မြို့နယ်ကနေ  ခရိုင်အဆင့်တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဲဒီလိုသတ်မှတ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်က သိရပါတယ်။   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက လှိုင်သာယာမြို့နယ်ဟာ လူမှုရေး၊ စီးပွားရေး ၊ အုပ်ချုပ်ရေး ရှုထောင့်တွေအရ စီမံခန့်ခွဲမှုလက်လှမ်းမီတဲ့နေရာဖြစ်လို့  ခရိုင်အဆင့်သတ်မှတ်ပေးဖို့ မရှိသေးဘူးလို့ ပြောဆိုခဲ့တာပါ။   နယ်လုံဝန်ကြီး ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်သာယာကို ခရိုင်အဆင့်သတ်မှတ်ပေးဖို့ မေးခွန်းမေးမြန်းခဲ့တဲ့  လှိုင်သာယာမဲဆန္ဒနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က “နေ့စဉ်နဲ့အမျှ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်ပွားနေပါတယ်။ အဲဒီ…

Read More

အာဆာအဖွဲ့ကို ပံ့ပိုးကူညီနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇူလိုင်-၁၀-၂၀၁၉ မျိုးဆက် (VOM)   စစ်သွေးကြွအုပ်စုတွေနဲ့ ဆက်နွှယ်ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာနှစ်ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးတို့အပါအ၀င် လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။   မြန်မာနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရိုဟင်ဂျာများစွာဟာ ခိုလှုံခွင့်ရဖို့အတွက် ပြီးခဲ့တဲ့ နှစ်အတန်ကြာကတည်းက မလေးရှားနိုင်ငံကို သွားရောက်နေခဲ့ကြတာဖြစ်ပါတယ်။   အဖမ်းခံရသူတွေထဲက ရိုဟင်ဂျာနှစ်ဦးဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ်မတော် (အာဆာ)အဖွဲ့ကို ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ ထောက်လှမ်းရေးမှူးချုပ် အဗ္ဗဒူဟာမစ်ဘာဒေါက ပြောပါတယ်။   သံသယရှိသူတွေထဲက အသက် ၄၁ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားတစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဟာစီနာကို သတ်မယ်ဆိုပြီး လူမှုကွန်ရက်မှာ ရုပ်သံဖိုင်လွှင့်ပြီး ခြိမ်းခြောက်ခဲ့သူတစ်ဦးလို့ ဆိုပါတယ်။   ဖမ်းဆီးထားတဲ့အထဲက…

Read More

ပြည်ခိုင်ဖြိုးပါတီရဲ့ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက်ပွဲ ကြွေးကြော်သံနဲ့ဆိုင်းဘုတ်ကိုင်ဆောင့်ခွင့်ပိတ်ပင်ခံရ

မန္တလေး၊ ဇူလိုင် ၁၀-၂၀၁၉ ဟိန်းကို(VOM)   မိုးကုတ်မြို့မှာ ဒီနေ့မနက်ပိုင်း ပြည်ခိုင်ဖြိုးပါတီက ပြုလုပ်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲမှာ ကြွေးကြော်သံအော်ဟစ်ခြင်းနဲ့ ဆိုင်းဘုတ်ကိုင်ဆောင့်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့အတွက် အသံတိတ်နဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ” ပထမ ခွင့်ပြုချက်ရတယ်။ ခွင့်ပြုချက်ထဲမှာလည်း အဲ့အချက်တွေအကုန်ခွင့်ပြုတယ်။ မနေ့က ညပိုင်းက ကျနော်တို့ကိုခေါ်ပြီး ဗီနိုင်းမကိုင်ရဘူး၊ ကြွေးကြော်သံတွေ မကြွေးကြော်ရဘူးလို့ ပြောတဲ့အတွက် အခုလိုဖြစ်သွားတာပါ။ မန္တလေးမှာပြုလုပ်တဲ့ပွဲတွေမှာ ခွင့်ပြုပြီးတော့ ဒီမြို့ကျမှ ခုလိုခွင့်မပြုတာပါ။ “လို့ မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်အောင်ထက်က ပြောပါတယ်။   ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ အစိုးရလက်ထက်မှာ လူ့တွေရဲ့အခွင့်အရေးဖြစ်တဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ထိန်းချုပ်ကန့်သက်တာ၊ ဥပဒေနဲ့အညီ ဆန္ဒပြတာတွေကို ခွင့်ပြုမပေးတာတွေဟာ ဒီမိုကရေစီအခွင့်အရေးကို ချိုးဖောက်ခံနေရတာလို့ ကိုဇော်အောင်ထက်က ဆက်ပြောပါတယ်။   မန္တလးတိုင်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့…

Read More

ခန္တီးမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လာ

ခန္တီး၊ ဇူလိုင် ၁၀ – ၂၀၁၉ အောင်ဆန်းမြင့်(VOM)   စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၆ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး အခုလိုမိုးဆက်တိုက်ရွာဦးမယ်ဆို စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။   ခန္တီးမြို့ရဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ဟာ ၁၃၆၀ စင်တီမီတာ ဖြစ်ပြီး ဒီနေ့ မနက် ၆ နာရီခွဲအချိန်က မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်တွေအရကတော့ စိုးရိမ်ရေအမှတ်  ၁၁၄၀ စင်တီမီတာအထိ ရောက်နေပြီလို့ သိရပါတယ်။ ဒါဟာ စိုးရိမ်ရေအမှတ်ရောက်ဖို့ ၂၂ဝ စင်တီမီတာသာလိုတော့တဲ့ အခြေအနေဖြစ်ပါတယ်။   “မိုးတွေက ရွာနေသေးတယ်။ မြစ်ရေက တစ်နာရီကို တစ်ပေနှုန်းတက်နေတယ်။ ဒီလိုမိုးရွာတာ အဆက်မပြတ်ဘူးဆိုရင် ချင်းတွင်းမြစ်ရေ ကြီးနိုင်တယ်။” လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက…

Read More

အင်းတော် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်နဲ့ သစ်ခွဲစက်တွေကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

အင်းတော်၊ ဇူလိုင် – ၁၀ -၂၀၁၉ နိုင်ကြီး – ကသာ (VOM)   စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ သစ်စက်တွေနဲ့ ကျွန်းသစ်တန်ချိန် ရှစ်ဆယ်ကျော်ကို  ဇူလိုင် ၈ ရက်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့  ကသာခရိုင် သစ်တောဦးစီးဌာနက သိရပါတယ်။   အင်းတော်မြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေချိန် မံမော်ကြိုးဝိုင်း အကွက်အမှတ် ၅၀၊ ၅၆၊ ၅၇၊ ၇၂၊ ၇၃ နဲ့ နမ့်ဖယ်ကြိုးဝိုင်း အကွက်အမှတ် ၇၂ အဲဒီနေရာတွေမှာ တရားမဝင် ကျွန်းသစ်လုံးနဲ့သစ်ခွဲသား (၇၉၆ )လုံး /ချောင်း (တန်ချိန်အားဖြင့် ၈၃.၃၉၁၆ တန်) နဲ့ သစ်စက် ၅ လုံးကို ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်တွေကို စုံစမ်းဖော်ထုတ်ကာ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW