လုပ်ငန်းခွင်မှာ အနိုင်ကျင့်တဲ့ အလုပ်ရှင်တွေကို ထောင်ချတော့မယ်

ဆိုးလ်၊ ဇူလိုင်-၁၇-၂၀၁၉

မျိုးဆက် (VOM)

 

အလုပ်ရှင်တွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ပေးမှုတွေနဲ့အတူ လုပ်ငန်းခွင်မှာ အနိုင်ကျင့်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တောင်ကိုရီးယားမှာ ပြဌာန်းလိုက်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ  လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်နှောင့်ယှက်တာတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်တွေကို  အရေးယူဖို့လိုအပ်တာကြောင့် ပထမဆုံးအကြိမ်အဖြစ် အဲဒီဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

 

အတင်းပြောတာမျိုး၊ ကုမ္ပဏီလုပ်ငန်းတွေကို အတင်းအကြပ်စေခိုင်းတာမျိုး အပြုအမူတွေကိုပါ အလုပ်သမားတွေအနေနဲ့ တိုင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း နှောင့်ယှက်အနိုင်ကျင့်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပေါ်နေပြီး ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကို သက်ရောက်မှုရှိနေတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 

ဥပဒေသစ်အရ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရကြောင်း တိုင်ကြားတဲ့ဝန်ထမ်းကို ထုတ်ပယ်တာအပြင် ဘယ်လိုအရေးယူမှုမျိုးကိုမှ မပြုလုပ်ဖို့ အလုပ်ရှင်ကို ပိတ်ပင်တားမြစ်ထားပါတယ်။ လုပ်ငန်းခွင် အနိုင်ကျင့်တယ်လို့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ် ဒါမှာမဟုတ် ကိုရီးယားဝမ် သန်း ၃၀ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

 

Ref : BBC

Photo : Getty Images

 

#voiceofmyanmar #လုပ်ငန်းခွင်မှာအနိုင်ကျင့်တဲ့အလုပ်ရှင်တွေကိုထောင်ချမယ် #တောင်ကိုရီးယား #ဆိုးလ် #အမျိုးသားလူ့အခွင့်အရေးကော်မရှင်

Related posts

Leave a Comment

VOM News

FREE
VIEW