အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လာမယ့်လမှာ ပြုလုပ်မယ်

အက်စပန်၊ ဇူလိုင်-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စီစဉ်ထားတဲ့အတိုင်း လာမယ့်လမှာ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား သဘောတူညီချက်ကို ချိုးဖောက်ရာရောက်လိမ့်မယ်လို့ မြောက်ကိုရီးယားရဲ့ စွပ်စွဲချက်တွေကိုလည်း သူကငြင်းဆိုလိုက်ပါတယ်။

 

စစ်ရေးလေ့ကျင့်တာရဲ့  သဘောသဘာဝအရ ထိုးစစ်ဆင်ဖို့လုပ်ဆောင်နေတာမဟုတ်ဘဲ မဟာမိတ်တွေ ခိုင်မာအားကောင်းစေဖို့ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ရဲ့ ငြိမ်းချမ်းရေးစီမံကိန်းဆိုင်ရာ အတွင်းရေးမှူး ချွိင်ဂျောင်ခွန်က အက်စပန်အင်စတီကျုရဲ့ နှစ်ပတ်လည် မဟာဗျူဟာဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့လက  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ရာမှာ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရန့် ထပ်မံအတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၁၆ ရက်တွင် ပြောဆိုခဲ့ပြီး စစ်ရေးလေ့ကျင့်ခန်း ဆက်လက်လုပ်ဆောင်မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့နှစ်က စင်္ကာပူထိပ်သီးဆွေးနွေးပွဲမှာ  ရရှိခဲ့တဲ့  သဘောတူညီချက်တွေကို ပေါ်တင်ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

 

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ အခုသီတင်းပတ်အတွင်းက စွပ်စွဲပြောဆိုမှုတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက်ပွန်ပီယိုက ငြင်းဆိုထားပါတယ်။

 

Ref & Photo: Reuters

 

#voiceofmyanmar #အမေရိကန် #တောင်ကိုရီးယား #ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလာမယ့်လမှာလုပ်မယ် #အက်စပန် #မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW