မီးရထားလျှပ်​စစ်​ကျွမ်းကျင်​ ဝန်ထမ်း​​တစ်​ဦးဓာတ်​လိုက်​​သေဆုံး

လက်​ပံတန်းဇူလိုင်​ ၂၂-၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်းသာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​လက်​ပံတန်းဘူတာမှာဇူလိုင် ၂၁ မနေ့​ ​နေ့လယ် ၁နာရီဝန်းကျင်​ကမီးရထားလျှပ်​စစ်​ကျွမ်းကျင်​(၅)ဝန်​ထမ်းအမ်ျိုးသား တစ်​ဦးဓာတ်​လိုက်​​သေဆုံးသွားတယ်​လို့လက်​ပံတန်းဘူတာကသိရပါတယ်​။

 

`သူ​နေတဲ့အခန်းထဲမှာဓာတ်​လိုက်​ပြီး​သေဆုံးသွားတာပါဘယ်​အချိန်​ကဖြစ်​​နေမှန်းမသိဘူး ကျ​နော့်တပည့်​​လေး​တွေကသူ့အခန်းကိုသွားပြီး​ခေါ်ကြည့်​တယ်​ ​ခေါ်မရဘူးအခန်းတံခါးကလည်းအတွင်းကချက်​ထိုးထားတယ်​မှန်​ကွဲတဲ့​နေရာကကြည့်​​တော့တုံးလုံးလဲ​နေတယ်​ ​ရေ​နွေးအိုးကျိုရင်း.ဓာတ်​လိုက်​​သေဆုံးသွားတာဖြစ်​မယ်​ထင်​တယ်​လို့´လက်​ပံတန်းဘူတာရုံလျှပ်​စစ်​ဌာနကတာဝန်​ခံဦးထွန်းမြင့်​က​ပြောပါတယ်​။

 

လက်​ပံတန်းဘူတာမြန်​မာ့မီးရထားလျပ်​စစ်​ကျွမ်းကျင်​ (၅)အဆင့်​ရှိကို​အောင်​ကိုကဖုန်းနဲ့ဆက်​သွယ်​အ​ကြောင်းကြားလို့်​ရဲတပ်​ကြပ်​မြင့်​​ဌေးနဲ့အဖွဲ့သက်​​သေအုပ်​ချုပ်​​ရေးမှူးဦးရဲမြင့်​တို့က.လာ​ရောက်​စစ်​​ဆေးခဲ့ရာမှာဘီးလင်းတန်းရပ်​ကွက်​​နေမြန်​မာ့မီးရထားလျပ်​စစ်​ကျွမ်းကျင်​(၅)အသက်​၅၉နှစ်​ရှိကို​အောင်​မြင့်​ကိုကုတင်​​ခေါင်းရင်းဘက်​မှာပြင်​ပဒဏ်​ရာမရှိဘဲ​ဘေး​စောင်းအ​နေအထားနဲ့​သေဆုံး​နေတာကို​တွေရတယ်​လို့ရဲမှတ်​တမ်းမှာ​ဖော်​ပြထားပါတယ်​။

 

ဘယ်​ဖက်​လက်​​မောင်းဂျိုင်း​အောက်​မှာအပူ​လောင်​အရည်​ကြည်​ဖုများထွက်​ပြီး သူ့ရဲ့​ခြေရင်းမှာဝါယာကြိုးတပ်​ဆင်​လျက်​လျပ်​စစ်​မီးဖိုနဲ့လဲကျ​နေတဲ့လျပ်​စစ်​ပေါင်းအိုး​တွေကိုစစ်​​ဆေး​တွေ့ရှိရပြီး​သေဆုံးသူကိုလက်​ပံတန်းပြည်​သူ့​ဆေးရုံကိုပို့​ဆောင်​ထားတယ်​လို့သိရပါတယ်​။

 

ဒီဖြစ်စဉ်ကို ​သေမှု​သေခင်းအမှတ်​ စဉ်​ (၅/၁၉)နဲ့အမှုဖွင့်​​ဆောင်​ရွက်​​နေတယ်​လို့လက်​ပံတန်းမြို့မရဲစခန်းကသိရပါတယ်​။

 

#voiceofmyanmar #လက်ပံတန်း #ရထားလျှပ်စစ်ဝန်ထမ်းဓါတ်လိုက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW