နိုင်ငံခြားရေးဝန်ကြီး ဌာနညွှန်မှူးအိမ်မှ ဌာနဆိုင်ရာ အချက်အလက်များ ခိုးယူခံရ

မန္တလေး၊ ဇူလိုင်လ ၂၂၊ ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ပါတ်ကုန်းဝန်းကျင်  ၂၇ လမ်း  ၇၂ × ၇၃ လမ်း ကြားမှာနေထိုင်တဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ  ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းရဲ့အိမ်မှာ ခိုးမှုဖြစ်လို့ ဌာနဆိုင်ရာ အချက်အလက်တွေနဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ ရဲက ပြောပါတယ်။   ဦးရဲမင်းသိန်းဟာ ဇူလိုင်လ ၂၁ ရက်နေ့က ညနက်မှ အိမ်ပြန်ရောက်ခဲ့ပြီး မနက်ပိုင်းမှာတော့ အရေးကြီး စာရွက်စာတမ်းတွေနဲ့ ငွေနဲ့ လက်ဝတ်လက်စားတွေ ပျောက်ဆုံးနေတာသိခဲ့ရလို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။   Sam sonite အိတ် တစ်လုံး ကာလ တန်ဖိုး (၂ )သိန်း ကျပ်၊ အိတ်အတွင်းမှ အရေးကြီး အချက်အလက်ပါသည့်  ငွေမှင်ရောင် …

Read More

မန္တလေးတက္ကသိုလ် အားကစားကွင်း ပုဂ္ဂလိကလက် ပေးဖြစ်မလား

မန္တလေး၊ ဇူလိုင် ၂၂ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတက္ကသိုလ်ပိုင် ကျောင်းတွင်းအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်းဖို့ ကမ်းလှမ်းချက်အပေါ် ကျောင်းသားအချို့က ကန့်ကွက်နေပေမယ့် အထက်အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ကျောင်းအုပ်ချုပ်ရေးဘက်က သိရပါတယ်။   ကျောင်းပိုင် အားကစားကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကနဦး ၁၀ နှစ်၊ နောက်ပိုင်းမှာ အနှစ် ၂၀ အကျိုးတူငှားရမ်းဖို့ အဆိုပြုထားတာဖြစ်ပြီး ဒီအပေါ်မှာ ကျောင်းသားသမဂ္ဂတွေ၊ လက်ရှိ ကျောင်းသား၊ ကျောင်းသူအချို့နဲ့ ကျောင်းသားဟောင်းအချို့က ကန့်ကွက်နေကြပါတယ်။   ဒါပေမယ့် လက်ရှိအခြေအနေဟာ ကုမ္ပဏီဘက်က အဆိုပြုတဲ့အဆင့်သာရှိသေးပြီး ဒီအပေါ်မှာ သဘောတူမတူဆိုတာကိုတော့ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ၊ ကျောင်းသားဟောင်းတွေ၊ ပြင်ပအားကစားသမားတွေနဲ့ ကျောင်းစီမံခန့်ခွဲသူတွေ အားလုံးရဲ့သဘောထားကောက်ယူကာ အထက်အဆင့်ဆင့်တင်ပြပြီးမှ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ မန္တလေးတက္ကသိုလ် ဒုပါချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပါတယ်။…

Read More

မြေပုံမြို့နယ်မှာ ကျေးရွာတချို့ နေရပ်စွန့်ခွာ

မြေပုံ၊ ဇူလိုင် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း ကျေးရွာတချို့က ဒေသခံအများအပြားဟာ နေရပ်စွန့်ခွာထွက် ပြေးနေကြရတာ ဖြစ်ပါတယ်။   အဲ့ဒီဒေသခံတွေဟာ မြေပုံမြို့နယ် ပေါက်တူးတောင်၊ ကျေးတော၊ စက်ခွေ၊ တပ်ရာ၊ ရေခေါင်းချိန် စတဲ့ကျေးရွာတွေကဖြစ်ပြီး တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိလာတတ်တာကြောင့် ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ အဲ့ဒီရွာသားတွေက ပြောပါတယ်။   “ကျနော်တို့ ထွက်ပြေးလာခဲ့တာက သုံရက်ရှိပါပြီ။ ကျနော်တို့ပေါက်တူးတောင်ရွာကို စစ်တပ်က ဝင်လာတယ်။ စခန်းချပြီးတော့နေတယ်။ ဒါကြောင့် ကြောက်ပြီးတော့ ထွက်ပြေးလာခဲ့တာပါ။”လို့ ကမ်းထောင်းကြီးမြို့ကို ရောက်ရှိနေတဲ့ ပေါက်တူးတောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။   အဲ့ဒီကျေးရွာသားတွေဟာ ကမ်းထောင်းကြီးမြို့ကို အများစုထွက်ပြေးလာခဲ့ကြပြီး တချို့အိမ်ထောင်စုတွေကတော့ စိတ္တရနဲ့ သရက်တောင်ကျေးရွာတွေကိုလည်း ရောက်ရှိခိုလှုံနေကြပါတယ်။   “အဲ့ဒီရွာသားတွေ ထွက်ပြေးနေကြတာက မြောက်ဦးနဲ့ ကျောက်တော်တို့မှာ ဖြစ်ပွားခဲ့သလို ဖြစ်မှာကို စိုးရိမ်ပြီးတော့…

Read More

မြန်မာ့ ဒီမိုကရေစီ ဘယ်ကိုသွားမလဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေလည်း သတိထားစောင့်ကြည့်

မန္တလေး၊ ဇူလိုင် – ၂၂ – ၂၀၁၉ ဖြူဖြူ (VOM)   မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ဘယ်ဘက်ကိုဆက်သွားမလဲဆိုတာကို အမေရိကန်စီးပွားရေးကုမ္ပဏီတွေကလည်း သတိထားစောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး George Sibley က ပြောဆိုပါတယ်။   “လူတွေရဲ့ရင်ထဲမှာ အမြဲတမ်းမေးခွန်းတစ်ခုရှိတာက ဒီအသွင်ကူးပြောင်းရေးက ဘယ်ဘက်ကို ဆက်သွားမှာလဲ၊ ဘယ်လိုဆက်သွားမှာလဲဆိုတာ အမြဲတမ်းစောင့်ကြည့်ကြတယ်။ အမေရိကန် ကုမ္ပဏီတွေကလည်း အလားတူပဲ သတိထားပြီးတော့ ကြည့်ကြတယ်။ တချို့ကတော့ လာချင်တယ်ဆို ချက်ချင်းရောက်လာတာရှိပေမယ့် တချို့ကတော့ အချိန်ယူပြီးစောင့်ကြည့်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အပြုသဘောဆောင်တဲ့ ဘက်ကိုသွားနေတယ်၊ ဆက်ပြီးတော့လည်း သွားအုံးမယ်လို့ ခန့်မှန်းတွေ့ရှိမယ်ဆိုရင် အနာဂါတ်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုပမာဏက အများကြီးတိုး လာနိုင်ပါတယ်။” လို့ ဆိုပါတယ်။   ဒီနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက…

Read More

ရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင်တစ်ဦးဖမ်းဆီးခံရ

    မြေပုံ၊ဇူလိုင်၂၂-၂၀၁၉ ခိုင်လင်းစံ(VOM)   မြေပုံမြို့နယ်ရခိုင်အမျိုးသားပါတီရဲ့မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နုအေးဟာ ဒီကနေ့မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။   ဒေါ်နုအေးဟာမြေပုံမြို့နယ်သဲတန်းရပ်ကွက်မှာနေထိုင်သူတစ်ဦးဖြစ်ပြီးဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့အမှုဖွင့်ခံထားတာကြောင့်ပြည်နယ်ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်းနဲ့ဘာကြောင့်အမှုဖွင့်ခံထားရတယ်ဆိုတာကိုမသိရသေးဘူးဆိုပါတယ်။   “ဒီကနေ့မနက်ပိုင်း၈နာရီလောက်မှာကျွန်တော်တို့ပါတီကဒေါ်နုအေးကိုပြည်နယ်ရဲတပ်ဖွဲ့ကလာဖမ်းသွားတယ်လို့သိရတယ်။သူ့ကိုဖမ်းတာကဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့ပြည်နယ်ကအမှုဖွင့်ပြီးတော့လာဖမ်းတယ်လို့သိရပါတယ်။ဘယ်ကိစ္စနဲ့အဲ့ဒီပုဒမနဲ့အမှုဖွင့်ခံရတယ်ဆိုတာကိုတော့မသိရသေးဘူး။”လို့မြေပုံမြို့နယ်အမှတ်၂ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်းကပြောပါတယ်။   ဖမ်းဆီးရတဲ့ဒေါ်နုအေးဟာရခိုင်အမျိုးသားပါတီမြေပုံမြို့နယ်ရဲ့အလုပ်အမှုဆောင်တစ်ဦးဖြစ်သလိုပါတီရဲ့ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။   အခုလိုပါတီဗဟိုကော်မတီဝင်တစ်ဦးကိုဖမ်းဆီးရတာနဲ့ပတ်သက်လို့မြေပုံမြို့နယ်ရဲစခန်းမှူးဒုရဲမှူးအောင်သန်းဇော်ဆီကိုဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုန်းလက်ခံပြောဆိုခြင်းမရှိတဲ့အတွက်ဖြစ်စဉ်နဲ့ပတ်သက်လို့မသိရှိခဲ့ရတာဖြစ်ပါတယ်။ “သူကကျွန်တော်တို့ပါတီမှာလုပ်သလို။ရခိုင်အမျိုးသမီးများအစည်းအရုံးRWU မှာလည်းလုပ်ပါတယ်။သူ့ရဲ့facebook အကောင့်မှာလည်းသူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တာကလွဲလို့တခြားနိုင်ငံရေးနဲ့ပတ်သက်တာတွေတင်တာတော့မတွေ့မိဘူး။ကျွန်တော်တို့မကြားမိတဲ့ကိစ္စတွေများရှိလားတော့မသိဘူး။သူ့ကိုဖမ်းဆီတာနဲ့ပတ်သက်လို့လည်းပါတီကိုရဲတပ်ဖွဲ့ကတရားဝင်အကြောင်းကြားခဲ့တာတွေလည်းမရှိခဲ့ဘူး။”လို့ဦးအောင်ဝင်းကဆက်လက်ပြောကြားပါတယ်။   အခုလိုပါတီဗဟိုကော်မတီဝင်တစ်ယောက်ကို၆၆(ဃ)နဲ့အမှုဖွင့်ပြီးတော့ဖမ်းဆီးရတဲ့ကိစ္စနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူစည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်ဆီကိုဆက်သွယ်ခဲ့ရမှာတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့သူ့အနေနဲ့ဘာမှမသိရှိသေးကြောင်းပြန်လည်ပြောဆိုထားပါတယ်။   လောလောဆယ်မှာ ဒေါ်နုအေးကို စစ်ဆေးနေပြီး အာမခံပေးမပေး မသိရသေးပါဘူး။   #voiceofmyanmar #ရခိုင်ပြည်နယ် #မြေပုံ #ရခိုင်အမျိုးသားပါတီ #၆၆ဃ

Read More

မီးရထားလျှပ်​စစ်​ကျွမ်းကျင်​ ဝန်ထမ်း​​တစ်​ဦးဓာတ်​လိုက်​​သေဆုံး

လက်​ပံတန်းဇူလိုင်​ ၂၂-၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်းသာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​လက်​ပံတန်းဘူတာမှာဇူလိုင် ၂၁ မနေ့​ ​နေ့လယ် ၁နာရီဝန်းကျင်​ကမီးရထားလျှပ်​စစ်​ကျွမ်းကျင်​(၅)ဝန်​ထမ်းအမ်ျိုးသား တစ်​ဦးဓာတ်​လိုက်​​သေဆုံးသွားတယ်​လို့လက်​ပံတန်းဘူတာကသိရပါတယ်​။   `သူ​နေတဲ့အခန်းထဲမှာဓာတ်​လိုက်​ပြီး​သေဆုံးသွားတာပါဘယ်​အချိန်​ကဖြစ်​​နေမှန်းမသိဘူး ကျ​နော့်တပည့်​​လေး​တွေကသူ့အခန်းကိုသွားပြီး​ခေါ်ကြည့်​တယ်​ ​ခေါ်မရဘူးအခန်းတံခါးကလည်းအတွင်းကချက်​ထိုးထားတယ်​မှန်​ကွဲတဲ့​နေရာကကြည့်​​တော့တုံးလုံးလဲ​နေတယ်​ ​ရေ​နွေးအိုးကျိုရင်း.ဓာတ်​လိုက်​​သေဆုံးသွားတာဖြစ်​မယ်​ထင်​တယ်​လို့´လက်​ပံတန်းဘူတာရုံလျှပ်​စစ်​ဌာနကတာဝန်​ခံဦးထွန်းမြင့်​က​ပြောပါတယ်​။   လက်​ပံတန်းဘူတာမြန်​မာ့မီးရထားလျပ်​စစ်​ကျွမ်းကျင်​ (၅)အဆင့်​ရှိကို​အောင်​ကိုကဖုန်းနဲ့ဆက်​သွယ်​အ​ကြောင်းကြားလို့်​ရဲတပ်​ကြပ်​မြင့်​​ဌေးနဲ့အဖွဲ့သက်​​သေအုပ်​ချုပ်​​ရေးမှူးဦးရဲမြင့်​တို့က.လာ​ရောက်​စစ်​​ဆေးခဲ့ရာမှာဘီးလင်းတန်းရပ်​ကွက်​​နေမြန်​မာ့မီးရထားလျပ်​စစ်​ကျွမ်းကျင်​(၅)အသက်​၅၉နှစ်​ရှိကို​အောင်​မြင့်​ကိုကုတင်​​ခေါင်းရင်းဘက်​မှာပြင်​ပဒဏ်​ရာမရှိဘဲ​ဘေး​စောင်းအ​နေအထားနဲ့​သေဆုံး​နေတာကို​တွေရတယ်​လို့ရဲမှတ်​တမ်းမှာ​ဖော်​ပြထားပါတယ်​။   ဘယ်​ဖက်​လက်​​မောင်းဂျိုင်း​အောက်​မှာအပူ​လောင်​အရည်​ကြည်​ဖုများထွက်​ပြီး သူ့ရဲ့​ခြေရင်းမှာဝါယာကြိုးတပ်​ဆင်​လျက်​လျပ်​စစ်​မီးဖိုနဲ့လဲကျ​နေတဲ့လျပ်​စစ်​ပေါင်းအိုး​တွေကိုစစ်​​ဆေး​တွေ့ရှိရပြီး​သေဆုံးသူကိုလက်​ပံတန်းပြည်​သူ့​ဆေးရုံကိုပို့​ဆောင်​ထားတယ်​လို့သိရပါတယ်​။   ဒီဖြစ်စဉ်ကို ​သေမှု​သေခင်းအမှတ်​ စဉ်​ (၅/၁၉)နဲ့အမှုဖွင့်​​ဆောင်​ရွက်​​နေတယ်​လို့လက်​ပံတန်းမြို့မရဲစခန်းကသိရပါတယ်​။   #voiceofmyanmar #လက်ပံတန်း #ရထားလျှပ်စစ်ဝန်ထမ်းဓါတ်လိုက်သေ

Read More

မြောက်ဦးမြို့ကို  ယူနက်စကို အသိအမှတ်ပြုရေးစာတမ်းပြုစုမှုအခက်အခဲရှိနေ

  မြောက်ဦး၊ဇူလိုင်၂၂-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအားကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ယူနက်စကိုအသိအမှတ်ပြုခံရရေးအတွက်ကွင်းဆင်းလေ့လာမှုတွေ၊စာတမ်းပြုစုမှုတွေပြုလုပ်ရာမှာတိုက်ပွဲတွေကြောင့်အခက်အခဲတချို့ရှိနေတယ်လို့မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့က ပြောပါတယ်။   အဲ့ဒီဆောင်ရွက်ချက်ကိုကျွမ်းကျင်ပညာရှင်တွေနဲ့မှတ်တမ်းများပြုစုပြီးအစီရင်ခံစာတွေ ရေးသားနေချိန် မြောက်ဦးမြို့နဲ့ အနီးဝန်းကျင်နေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတာကြောင့်လုပ်ငန်းစဉ်တွေအပေါ်မှာထိခိုက်တာတွေရှိနေတယ်လို့အဖွဲ့ရဲ့အတွင်းရေးမှူးဦးသန်းမြင့်ကပြောပါတယ်။   “ကျွန်တော်တို့ကစာတမ်းပြုစုနေတဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့ဒီမှာမြောက်ဦးမြို့မှာတိုက်ပွဲတွေဖြစ်နေတယ်။လက်နက်ကြီးတွေနဲ့မြို့အနီးအနားမှာပစ်ခတ်မှုတွေရှိနေတယ်။ဒါကြောင့်ပညာရှင်တွေရဲ့ကွင်းဆင်းလေ့လာမှုလုပ်ငန်းတွေကိုလုပ်ဖို့မရဘူး။ဒီလုပ်ငန်းစဉ်တွေမှာထိခိုက်မှုတွေရှိနေပါတယ်။”လို့ဦးသန်းမြင့်ကပြောပါတယ်။   ဒ့ါအပြင်မြောက်ဦးရှေးဟောင်းဧရိယာအတွင်းမှာအခုလိုမျိုးတိုက်ပွဲဖြစ်ပွားတာတွေ၊တပ်စခန်းတွေရှိနေတာတွေ၊ဘန်ကာတွေပြုလုပ်ထားတွေကြောင့်ဒေသခံတွေအနေနဲ့လည်းမြို့ပေါ်ကဘုရားပုထိုးတွေအပြင်တခြားနေရာတွေကယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ထိတွေ့ခွင့်မရရှိဘဲဖြစ်တယ်လို့မြောက်ဦးမြို့ခံဦးမောင်ကျော်ဇောကပြောပါတယ်။   “ဘုရားပုထိုးတွေကဖျက်ဆီးခံရတာတွေ၊သဘာဝဘေးတွေနဲ့ထိန်းသိမ်းစောင့်ရှောက်မှုနည်းပါးတာတွေကြောင့်ပျက်စီးနေတဲ့အထဲမှာအခုလိုမျိုးစစ်ရေးပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့အချိန်မှာပိုပြီးတော့ပျက်စီးထိခိုက်မှုတွေရှိလာနိုင်ပါတယ်။   ရှေးဟောင်းသုတေသနဌာနအနေနဲ့လည်းသွားလာရေးအခက်အခဲတွေရှိနိုင်တယ်။ခွင့်ပြုချက်မရလို့သွားလာဖို့အခက်အခဲတွေလည်းရှိနိုင်တယ်။အစိုးရကိုတောင်းဆိုရမှာဆိုလို့ရှိရင်တော့ဒီလုပ်ငန်းစဉ်တွေအပေါ်မှာအကူအညီပေးဖို့နဲ့အနှောင့်အယှက်မပေးဖို့လိုပါတယ်လို့ပဲပြောချင်ပါတယ်။”လို့ဦးမောင်ကျော်ဇောကပြောပါတယ်။   လက်ရှိမှာအဲ့ဒီအစီရင်ခံစာရေးသားပြုစုမှုဟာ၇၀ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ပေမယ့်ကျန်တဲ့အပိုင်းကိုဆက်လက်ရေးသားနိုင်ရေးအတွက်လေ့လာမှုလုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းထားရတာကြောင့်သတ်မှတ်ကာလအတွင်းမှာအစီရင်ခံစာကိုတင်သွင်းနိုင်ဖို့အတွက်ဖြစ်နိုင်ခြေနည်းပါးနေတယ်လို့သူကပြောပါတယ်။   “ဒီတိုင်းဆိုရင်တော့အစီရင်ခံစာကိုတင်သွင်းဖို့အတွက်သတ်မှတ်ထားတဲ့အချိန်ကာလထက်ကိုနောက်ကျသွားနိုင်ပါတယ်။ဒါကြောင့်ဒီလုပ်ငန်းစဉ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ကိုင်နိုင်ဖို့အတွက်မြောက်ဦးမြို့တွင်းကတပ်စခန်းတွေကိုဖယ်ရှားပေးဖို့လိုပါတယ်။ဒါမှမဟုတ်အပစ်ခတ်ရပ်စဲထားဖို့လိုအပ်ပါတယ်။အခုကတောင်ကုန်းတွေကနေပစ်ခတ်နေတာဆိုတော့ဘယ်သူမှမသွားရဲမလာရဲဖြစ်နေတယ်။”လို့ ဦးသန်းမြင့်ကဆက်လက်ပြောကြားပါတယ်။   မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနဲ့ပတ်သက်လို့လေ့လာဆန်းစစ်မှုများကိုအပိုင်းလိုက်ခွဲခြားပြုစုနေခြင်းဖြစ်ပြီးမြောက်ဦးမြို့တည်ပုံနဲ့ရေသိုလှောင်မှုစနစ်ကိုအဓိကထားပြီးစာတမ်းပြုစုနေတာလည်းဖြစ်ပါတယ်။   #voiceofmyanmar #ရခိုင် #ရှေးဟောင်း #မြောက်ဦး  #ယူနက်စကို

Read More
VOM News

FREE
VIEW