တောင်ကိုရီးယား လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှားစစ်လေယာဉ်ကို သတိပေးပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

တောင်ကိုရီးယား လေပိုင်နက်အတွင်းကို ဇူလိုင် ၂၃ ရက်က ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားစစ်ဘက် လေယာဉ်တစ်စင်းကို တောင်ကိုရီးယားစစ်ဘက်က သတိပေးပစ်ခတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့  ဆိုးလ်မြို့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါ့အပြင် တရုတ်စစ်ဘက်လေယာဉ်လည်း တောင်ကိုရီးယား လေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်ပြီး ရုရှားစစ်ဘက်လေယာဉ်တစ်စင်း ကျူးကျော် ၀င်ရောက်တာဟာ ပထမဆုံးဝင်ရောက်လာခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

ရုရှားလေယာဉ်သုံးစင်းထဲက တစ်စင်းဟာ ဇူလိုင် ၂၃ ရက် အစောပိုင်းက တောင်ကိုရီးယား လေကြောင်းကာကွယ်ရေး ဇုန်အတွင်း ၀င်ရောက်လာခဲ့သလို တရုတ်စစ်ဘက်လေယာဉ်နှစ်စင်းလည်း  ၀င်ရောက်ခဲ့တယ်လို့  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ တရုတ်နဲ့ ရုရှားစစ်လေယာဉ်တွေ လေပိုက်နက်ချိုး ဖောက်ဝင်ရောက်တာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရက တရားဝင်ကန့်ကွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုးလ်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

Ref : Reuters

Photo : Getty Images

 

#voiceofmyanmar #တောင်ကိုရီးယား #ဆိုးလ် #လေပိုင်နက်ထဲကျူးကျော်လာတဲ့စစ်လေယာဉ်ကိုသတိပေးပစ်ခတ် #ရုရှား #တရုတ်

Related posts

Leave a Comment

VOM News

FREE
VIEW