ရသေ့တောင်၊ သြဂုတ် ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ မနေ့ သြဂုတ် ၅ ရက်က သူ့ရဲ့မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ကနေ နုတ်ထွက်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဦးဝင်းအောင်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် နုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုက ပြောပါတယ်။ “မြို့နယ်အုပ်ချုပ်ရေးမှူးက နုတ်ထွက်ခွင့်တင်ထားတာ ကြာပါပြီ။ အခုနုတ်ထွက်ခွင့်ရတဲ့အတွက် နုတ်ထွက်သွားတာပါ။ တခြားကိစ္စတွေတော့မရှိဘူး။ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ထွက်တာပါ။”လို့ ဦးမောင်မောင်ချိုက ပြောပါတယ်။ လက်ရှိမှာတော့ ရသေ့တောင်မြို့နယ်ဟာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြားမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး လုံခြုံရေးအရ နုတ်ထွက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ “သူက ကိုယ်ရေးကိုယ်တာနဲ့ ထွက်တယ်လို့တော့ပြောတာပေါ့။ ဒါပေမယ့် ကျနော်တို့ထင်တာက တိုက်ပွဲဖြစ်ပွားနေတဲ့…
Read MoreDay: August 6, 2019
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရှမ်းတိုင်းရင်းသားတွေ ပထမအကြိမ်တွေ့ဆုံ
မန္တလေး၊ သြဂုတ် ၆ – ၂၀၁၉ ရဲရင့်မင်းခန့်(VOM) မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်လာတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နဲ့ တိုင်းအတွင်းရှိ ရှမ်းတိုင်းရင်းသားလူမျိုးတွေ သြဂုတ် ၆ ရက် မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရှမ်းတိုင်းရင်းသား သာရေး၊ နာရေး အသင်းခန်းမမှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီး ရှမ်းတိုင်းရင်းသားတွေဘက်က တောင်းဆိုမှုအချို့ရှိခဲ့ပါတယ်။ နှစ်စဉ်ကျင်းပလာခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ပတ်သက်ပြီး တစ်စုတစ်စည်းတည်းဖြစ်ဖို့အတွက် ရှမ်းတိုင်းရင်းသားရေးရာ သာရေး၊ နာရေးအသင်းမှာ ဆောင်ရွက်ပေးစေဖို့၊ အလားတူ ရှမ်းယဉ်ကျေးမှုစာပေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေအတွက် မြေနေရာတွေထပ်မံ ဖြည့်စွက် ဆောင်ရွက်ပေးဖို့နဲ့ အလုပ်အကိုင်အခက်အခဲတွေ ကူညီဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုခဲ့ကြတာပါ။ “ဒီနေ့ ပြည်သူတွေ တင်ပြသွားတဲ့အပေါ်မှာလည်း သက်ဆိုင်တဲ့ဌာနတွေနဲ့ အတူပူးပေါင်းပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အားလုံးအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်။” လို့ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က…
Read Moreဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုအားလုံး ထိန်းချုပ်ထားဖို့ ဒ်ါနယ်ထရန့်အမိန့်ထုတ်
ဝါရှင်တန်၊ သြဂုတ်-၆-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ထိန်းချုပ်ထားဖို့ အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၅ ရက်မှာ လက်မှတ်ထိုးလိုက်ပြီး သမ္မတ နီကိုးလပ်မာဒူရိုကို ရာထူးကနေ ဖယ်ရှားရေးရည်ရွယ်လုပ်ဆောင်တဲ့ သံတမန်ရေးနဲ့ အရေးယူပိတ်ဆို့မှု လုပ်ဆောင်တာတွေ ပိုမိုမြှင့်တက်လာနေပါတယ်။ ဗင်နီဇွဲလားအစိုးရတာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှု ချမှတ်တာတွေအပါအ၀င် နိုင်ငံပိုင်ရေနံကုမ္ပဏီနဲ့ ဘဏ္ဍာရေးကဏ္ဍကို မကြာသေးမီလတွေအတွင်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့အမိန့်ကို ဒေါ်နယ်ထရန့်က လက်မှတ်ထိုးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားအားလုံးကို ပိတ်ဆို့ထားလိုက်ပြီး လွှဲပြောင်းခြင်း၊ ပေးချေခြင်း၊ တင်ပို့ခြင်း၊ ရုပ်သိမ်းခြင်း ဒါမှမဟုတ် အခြားနည်းလမ်းနဲ့ လှူဒါန်းတာမျိုးတွေလည်း ပြုလုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ကထုတ်ပြန်တဲ့ အမိန့်မှာ ဖော်ပြထားပါတယ်။ ဒီအမိန့်ကြောင့် ဒေါ်နယ်ထရန့်အစိုးရအဖွဲ့ရဲ့ မဟာမိတ်တွေတောင်…
Read Moreဂွမြို့နယ်မှာ စက်လှေနစ်မြုပ် နှစ်ဦးပျောက်ဆုံးနေ
ဂွ၊ သြဂုတ် ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ တောင်ပိုင်းအစွန်ဆုံး ဧရာဝတီတိုင်းနဲ့ ဆက်စပ်တည်ရှိနေတဲ့ ဂွမြို့နယ်မှာ သြဂုတ် ၄ ရက်က စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲ့ဒီစက်လှေဟာ ချောင်းသာကြီးကျေးရွာကနေ ဂွမြို့ပေါ်ကို လာရာလမ်းမှာ ရာသီဥတုဆိုးရွာပြီး ပင်လယ်လှိုင်းတွေ ပြင်းထန်တဲ့အတွက်ကြာင့် အုန်းပင်ချောင်းဝ ရေလယ်ဝဲမှာ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ “အဲ့ဒီစက်လှေမှာ လူသုံးယောက်ပါလာတယ်။ ဇော်နိုင်ဦးဆိုတဲ့ တစ်ယောက်ကတော့ ကမ်းကို ကူးနိုင်တဲ့အတွက် အသက်ရှင်ခဲ့တယ်။ ကျန်နှစ်ယောက်ကတော့ ရှာမတွေ့သေးဘူး။”လို့ ရှာဖွေရေးဆောင်ရွက်နေတဲ့ ဂွမြို့မရဲစခန်းက ပြောပါတယ်။ အဲဒီစက်လှေဟာ ဂွမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ချောင်းသာကြီးကျေးရွာကိုသွားပြီးတော့ ကွမ်းညွှန့်တွေခူးပြီး ပြန်လာခဲ့ကြတာဖြစ်ပြီး စက်လှေပေါ်မှာ ချောင်းသာကြီးကျေးရွာအုပ်စု ကျောက်တန်းကျေးရွာက ဦးလှမြင့်၊ မောင်အေးမင်းထွန်းနဲ့ ဂွမြို့ပေါ် ရွာမရပ်ကွက်က ကိုဇော်နိုင်ဦးတို့ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။ …
Read Moreကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပျောက်ဆုံးနေပြီး ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရ
ကျောက်တော်၊ သြဂုတ် ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးတို့ဟာ သြဂုတ်လ ၃ ရက်နေ့က ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ၄ ရက်နေ့ ညနေပိုင်းမှာတော့ ရာအိမ်မှူးရဲ့ အလောင်းကို ကုလားတန်မြစ်အတွင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပျောက်ဆုံးနေသူဟာ ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးမောင်သန်း (အသက် ၅၀ နှစ်)ဖြစ်ပြီး တွေ့ရှိခဲ့တဲ့အလောင်းကတော့ သာဒါဆိပ်ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဦးမောင်ဝင်းနိုင် (၃၄ နှစ်)တို့ ဖြစ်ပါတယ်။ “ ဆင်အိုးချိုင်ရွာနားမှာရှိတဲ့ ရေလယ်ကျွန်း ပေါ်ကျွန်းမှာတွေ့တယ်လို့တော့ ပြောပါတယ်။”လို့ သာဒါဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့သမီး ဒေါ်စုစုမာက ပြောပါတယ်။ သူတို့နှစ်ဦးဟာ သြဂုတ်လ ၃ ရက် နေ့လည်ပိုင်းက ဆင်ကိုပေါက်တော (ဘင်္ဂါလီ) ကျေးရွာကို အိမ်ထောင်စုစာရင်း စစ်ဆေးဖို့အတွက် သွားရောက်ခဲ့ကြတာဖြစ်ပြီး အပြန်လမ်းမှာ…
Read Moreပါရှန်ပင်လယ်ကွေ့မှာ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အီရန်ကြေညာ
တီဟီရန်၊ သြဂုတ်-၆-၂၀၁၉ မျိုးဆက် (VOM) နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒီနှစ်နှောင်းပိုင်းမှာ ပါရှန်ပင်လယ်ကွေ့အတွင်း ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အီရန်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ မော်စကိုမှာ ပြီးခဲ့တဲ့အပတ်က သဘောတူခဲ့ကြတာလို့ အီရန်ရေတပ်ဗိုလ်ချုပ် ဟိုစိန်ခန်ဇာဒီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သဘောတူညီချက်ရဲ့ အချို့အချက်တွေကို အမျိုးအစားခွဲခြားထားပေမယ့် အားလုံးကိုခြုံငုံကြည့်ရင် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် နှစ်နိုင်ငံ ရေတပ်ကတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မှာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်တာလို့ သူကပြောပါတယ်။ ခန်ဇာဒီဟာ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ရုရှားကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မယ့်နေရာကို အတည်ပြုထားတာ မရှိသေးပေမယ့် ဟော်မုဇ်ရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ အီရန်ဘက်ကဆိုပါတယ်။ ၂၀၁၅ ခုနှစ်နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်လိုက်ပြီးနောက်ပိုင်း ပါရှန်ပင်လယ်ကွေ့နဲ့…
Read Moreဘူးသီးတောင်မြို့နယ်မှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာမှုနဲ့ တပ်ကဖမ်းဆီးထား
ဘူးသီးတောင်၊ သြဂုတ် ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာလို့ဆိုပြီး မနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက တပ်မတော်ကနေ ဖမ်းဆီးသွားပါတယ်။ အဲ့ဒီပညာရေးဝန်ထမ်းဟာ ပြင်ချောင်းကျေးရွာ အမကမှာ တာဝန်ကျနေတဲ့ မူလတန်းပြဆရာ ဦးနေဇော်လင်းဖြစ်ပြီး သရက်ပြင်ကျေးရွာက ကျောင်းသားတွေကို ကျူရှင်ပြပြီးလို့ ကြာညိုပြင်ကျေးရွာကို ပြန်လာတဲ့အချိန် စိုင်းဒင်တံတားမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ “သူ့ကိုဖမ်းတာက သူဟာ သရက်ပြင်ရွာကနေ စာပြလို့ ပြန်လာတဲ့အချိန် စိုင်းဒင်တံတားပေါ်မှာ ဖုန်းဝင်လာလို့ ဖုန်းပြောနေတုန်း တပ်ကဖမ်းသွားတာလို့ သိရတယ်။ သူ့ကိုဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။”လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းဆရာဟာ ပြင်ချောင်းကျေးရွာကနေ ထွက်ပြေးလာပြီး ကြာညိုပြင်ကျေးရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းက ကလေးတွေကို ပညာသင်ကြားပေးနေရင်း…
Read Moreတောင်ကျရေနဲ့ ဒီရေကြောင့် ငပုတောမြို့နယ်အတွင်းက နေအိမ်အချို့ရေနစ်မြုပ်
ငပုတော၊ သြဂုတ် ၆ -၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်းမှာ မနေ့ သြဂုတ် ၅ ရက် ညနေပိုင်းက တောင်ကျရေနဲ့ ပင်လယ်ဒီရေကြောင့် ကျေးရွာတစ်ချို့က အိမ်ခြေ ၁၆၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၆ ရွာမှာ တောင်ကျချောင်းရေနဲ့ ပင်လယ်ဒီရေ ၀င်ရောက်မှုကြောင့် အိမ်ခြေ ၁၆၅ အိမ် ရေနစ်ခဲ့တာပါ။ ငရုတ်ကောင်းတောင်ရွာမှာ အိမ်ခြေ ၁၅ လုံး၊ ၀ါးကလောရွာမှာ ၆ လုံး၊ သစ်ထုတ်လုပ်ရေးရွာမှာ ၁၁ လုံး၊ သရက်စမ်းရွာမှာ ၁၀ လုံး၊ ထီးလုံးဖြူရွာမှာ ၅ လုံး၊ ၀က်ကော်ရွာမှာ ၁၁၈ လုံး ရေနစ်မြုပ်ခဲ့တယ်လို့ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။…
Read Moreဆောက်လုပ်ရေးဝန်ကြီးဌာနမှာ အသုံးပြုနေတဲ့ကားထဲက သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ တွေ့ရှိ
နေပြည်တော်၊ သြဂုတ် ၆ – ၂၀၁၉ ကိုထွန်း(VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ ဘောဂသီရိကားဝန်းအတွင်းက ကားဝပ်ရှော့တစ်ခုမှာ ပြုပြင်ဖို့ဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက အပ်ထားတဲ့ကားထဲက ကျပ်သိန်း ခြောက်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့ ပျဉ်းမနားမြို့မရဲစခန်းက သိရပါတယ်။ “အဲဒါက ဝန်ကြီးဌာနကကား၊ သူတို့က ဆီထည့်တဲ့အခါမှာ ဆီကသတ်မှတ်ပမာဏထည့်လို့မရဘူး၊ နည်းနေတာ။ အဲတော့ မသင်္ကာလို့ တိုင်ကီကို စစ်ဖို့ပေါ့။ အဲဒါနေဝပ်ရှော့က ဖြုတ်စစ်တော့ တွေ့တဲ့အခါမှာ ကျနော်တို့ဆီ အကြောင်းကြားလို့ သွားစစ်တော့ တိုင်ကီအတွင်းထဲမှာ အကန့်အကန့်တွေ ထည့်ထားတာပေါ့။”လို့ ပျဉ်းမနားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။ သြဂုတ် ၅ ရက်က ဘုရင့်နောင်ယာဉ်ပြင်ရုံ အမှတ်-(ယ/၃၆) အလုပ်ရုံမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ပြုပြင်ဖို့အပ်ထားတဲ့ Land Cruiser အမျိုးအစား(အဖြူရောင်)ကားရဲ့ ဆီတိုင်ကီ အံဝှက်အတွင်းက အလေးချိန် ၃၅၀…
Read Moreအမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ဒုံးပျံတွေထပ်ပစ်ပြီး သတိပေး
ဆိုးလ်၊ သြဂုတ်-၆-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ သီတင်းနှစ်ပတ်အတွင်း လေးကြိမ်မြောက်အဖြစ် အမျိုးအမည်မသိ ဒုံးပျံနှစ်စင်းကို ပစ်ခတ်လိုက်ပြန်တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ပါတယ်။ ဒုံးပျံတွေကို ဟွမ်ဟေးပြည်နယ်ကနေ ကိုရီးယားကျွန်းဆွယ်တစ်လျှောက် ပင်လယ်ပြင်ရဲ့ အရှေ့ပိုင်းကို ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီပစ်ခတ်မှုဟာ သြဂုတ် ၅ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် အမျက်ဒေါသထွက်တယ်ဆိုတာကို ထပ်မံသတိပေးဖော်ပြလိုက်တာလို့ ဆိုပါတယ်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့နဲ့ ရရှိထားတဲ့ သဘောတူညီမှုတွေကို ချိုးဖောက်လိုက်တာလို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။ အဓိက စစ်ရေးလေ့ကျင့်မှုကိုတော့ သြဂုတ် ၁၁ ရက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စတင်သွားမှာဖြစ်ပြီး အကြိုပြင်ဆင်လေ့ကျင့်မှုတွေကတော့ စတင်နေပြီဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်ခတ်မှုတွေနဲ့ ပတ်သက်တဲ့…
Read More