ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရှမ်းတိုင်းရင်းသားတွေ ပထမအကြိမ်တွေ့ဆုံ

မန္တလေး၊ သြဂုတ် ၆ – ၂၀၁၉

ရဲရင့်မင်းခန့်(VOM)

မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်လာတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နဲ့ တိုင်းအတွင်းရှိ ရှမ်းတိုင်းရင်းသားလူမျိုးတွေ သြဂုတ် ၆ ရက် မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရှမ်းတိုင်းရင်းသား သာရေး၊ နာရေး အသင်းခန်းမမှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီး ရှမ်းတိုင်းရင်းသားတွေဘက်က တောင်းဆိုမှုအချို့ရှိခဲ့ပါတယ်။

 

နှစ်စဉ်ကျင်းပလာခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ပတ်သက်ပြီး တစ်စုတစ်စည်းတည်းဖြစ်ဖို့အတွက် ရှမ်းတိုင်းရင်းသားရေးရာ သာရေး၊ နာရေးအသင်းမှာ ဆောင်ရွက်ပေးစေဖို့၊ အလားတူ ရှမ်းယဉ်ကျေးမှုစာပေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေအတွက် မြေနေရာတွေထပ်မံ ဖြည့်စွက် ဆောင်ရွက်ပေးဖို့နဲ့ အလုပ်အကိုင်အခက်အခဲတွေ ကူညီဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုခဲ့ကြတာပါ။

 

“ဒီနေ့ ပြည်သူတွေ တင်ပြသွားတဲ့အပေါ်မှာလည်း သက်ဆိုင်တဲ့ဌာနတွေနဲ့ အတူပူးပေါင်းပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အားလုံးအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်။” လို့ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

 

အဲဒီ တွေ့ဆုံပွဲအပြီးမှာ မန္တလေးမြို့ စက်မှုဇုန် ကနောင်ခန်းမမှာလည်း တွေ့ဆုံဖို့ ကျန်ရှိနေတဲ့  နောက်ထပ်ရှမ်းတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

#voiceofmyanmar #မန္တလေး #ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး

Related posts

✕
VOM News

FREE
VIEW