စစ်ကိုင်းကို သန့်ရှင်းသာယာလှပတဲ့ မြို့အဖြစ် ဖော်ဆောင်ဖို့ ရွေးချယ်

စစ်ကိုင်း၊ သြဂုတ်  ၁၀ -၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့ကို စံပြမြို့ဖြစ်လာအောင် သန့်ရှင်းသာယာလှပတဲ့ မြို့အဖြစ်ဖော်ဆောင်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က  ရွေးချယ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

 

“သန့်ရှင်းသာယာလှပရေးအတွက်လုပ်လို့ ရွေးချယ်တာ မဟုတ်ဘူး။ အဲဒီလိုလုပ်ဖို့ ရွေးချယ်ထားတာ။ ကျနော်တို့က လုပ်ပြရမှာပေါ့။ ကျနော်တို့ဌာနတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အဲအတွက်ကြောင့် စစ်ကိုင်းမြို့မှာရှိတဲ့ NGO အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ မြို့နေပြည်သူတွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီခေါင်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ။” လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။

 

သြဂုတ် ၉ ရက် နေ့လယ် ၃ နာရီက  စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံးခန်းမှာ  မြို့မိ မြိုဖအဖွဲ့၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီး  မြို့ဒီထက်မက သန့်ရှင်းသာယာ လှပရေးအတွက် အကြံဉာဏ်များတောင်းခံခြင်းနဲ့ စစ်ကိုင်းမြို့အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ဖို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်းမှာ ၃၇ မြို့နယ်တည်ရှိတဲ့အထဲကနေ စံပြမြို့အဖြစ်ဖော်ဆောင်ဖို့ စစ်ကိုင်းမြို့ကို အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ပြည်ထောင်စုအစိုးရဆီ တင်ပြပြီး ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ  ၂၈ ရက်က စစ်ကိုင်းမြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့   စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ စစ်ကိုင်းခရိုင် လူထုတွေ့ဆုံပွဲမှာ One State One Township စီမံချက်နဲ့  စစ်ကိုင်းမြို့ကို စံပြမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ တိုင်းအစိုးရအဖွဲ့  စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ကပြောဆိုခဲ့တာပါ။

 

#voiceofmyanmar #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW