တန်ဇန်နီးယား လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှု လူ ၅၇ ဦးထက်မနည်းသေဆုံး

ဒိုဒိုမာ၊ သြဂုတ်-၁၀-၂၀၁၉

မျိုးဆက် (VOM)

 

တန်ဇန်းနီးယားနိုင်ငံမှာ လောင်စာတင်ယာဉ်တစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၅၇ ဦးထက်မနည်း သေဆုံးသွားပြီး ၆၅ ဦးဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ခပ်ဝေးဝေးနေရာတွေထိ မီးလောင်နေတဲ့ အပျက်အစီးတွေ ပြန့်နှံ့နေတာတွေနဲ့ မြေပြင်ပေါ်မှာ မီးလောင်ကျွမ်းပြီး ပြန့်ကျဲနေတဲ့ ရုပ်အလောင်းတွေရဲ့ ပုံတွေက လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။

 

လူတွေဟာ တိမ်းမှောက်သွားတဲ့ လောင်စာဆီကားက ဆီတွေကို ယူဖို့ကြိုးစားချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

 

ဒီမတော်တဆမှုဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါအက်ဆလမ်မြို့ရဲ့ အနောက်ဘက် ၁၂၄ မိုင် အကွာမှာရှိတဲ့ မိုရိုဂိုရို ဒေသမှာ ဖြစ်ပွားခဲ့တာပါ။ နိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ မိုရိုဂိုရိုဟာ ဆိပ်ကမ်းက ကုန်တင်ကားတွေနဲ့ လောင်စာဆီသယ်တဲ့ ယာဉ်တွေအတွက် အဓိကသွားလာရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

 

Ref : BBC

Photo : EATV

 

#voiceofmyanmar #တန်ဇန်နီးယား #လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW