အမေဇုန်တောမီး ငြိမ်းသတ်ရေး ဘရာဇီးစစ်တပ်ပါ စေလွှတ်ထားရ

ဘရာဆီးလီးယား၊ သြဂုတ်-၂၄-၂၀၁၉

မျိုးဆက် (VOM)

 

အမေဇုန်သစ်တောတွေ စံချိန်တင်မီးလောင်နေတာနဲ့ပတ်သက်ပြီး မီးငြိမ်းသတ်ရေးကူညီဖို့အတွက် ဘရာဇီးစစ်တပ်ကို သမ္မတဘော်ဆိုနာရိုက အမိန့်ထုတ်လိုက်ပါတယ်။

 

သစ်တောအတွင်းရှိ သဘာဝအတိုင်းရှိနေတဲ့နေရာတွေ၊ တိုင်းရင်းသားနယ်မြေတွေနဲ့ ဒေသတွင်းရှိ နယ်စပ်ဒေသတွေမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားဖို့ အမိန့်ကို သမ္မရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

အမေဇုန်သစ်တောတွေ မီးလောင်နေတာနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံခေါင်းဆောင်တွေက ဖိအားတွေပြင်းပြင်းထန်ထန်ပေးလိုက်ပြီးနောက်မှာ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ဒီလိုအမိန့်ကို ထုတ်ခဲ့တာပါ။

 

ဒီလို သစ်တောတွေ မီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကို ဘရာဇီးသမ္မတက ဝေဖန်ထားပြီး ဒီကိစ္စကိုခုတုံးလုပ် အပြစ်ပေးအရေးယူတာတွေ လုပ်နိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

 

မီးလောင်တာကို ငြိမ်းသတ်ဖို့ဒီထက်ပိုပြီး အားမထုတ်ဘူးဆိုရင် ဘရာဇီးနဲ့ ကြီးမားတဲ့ကုန်သွယ်ရေး သဘောတူညီချက် လုပ်မှာမဟုတ်ဘူးလို့ ပြင်သစ်နဲ့ အိုင်ယာလန်နိုင်ငံတို့က ပြောဆိုပြီးနောက်မှာ ဘရာဇီးသမ္မတက တုံ့ပြန်ဝေဖန်လိုက်တာပါ။

 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေကလည်း သြဂုတ် ၂၃ ရက်မှာ ဘရာဇီးနိုင်ငံက မြို့တွေမှာ ဆန္ဒပြမှုတွေလုပ်ဆောင်ပြီး မီးငြိမ်းသတ်ရေးပိုမိုလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြသလို ကမ္ဘာတစ်ဝန်းက ဘရာဇီးသံရုံးတွေပြင်ပမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

 

Ref : BBC

Photo : Agencies

 

#voiceofmyanmar #ဘရာဇီး #အမေဇုန်သစ်တော

Related posts

Leave a Comment

VOM News

FREE
VIEW