အောင်သပြေရွာသား အကျဉ်းထောင်ထဲမှာ သေဆုံးတာဟာ နှစ်ကြီး အကျဉ်းသားတစ်ဦး နှိပ်စက်မှုကြောင့်သာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြော

မန္တလေး၊ ဩဂုတ် ၂၄-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ထွန်းမြင့်ဝင်းဆိုသူ ပါဝင်ခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က သူ့ကိုဖမ်းစီးကာ အကျဉ်းထောင်တွင်းပို့ဆောင်ထားစဉ် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။   အကျဉ်းထောင်ထဲ ပို့ထားပြီး နှစ်ရက်နီးပါအကြာ ဇွန်လ ၅ ရက်မှာတော့ ထွန်းမြင့်ဝင်းဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး  ဒါဟာ နှစ်ကြီးအကျဉ်းသားရဲ့ နှိပ်စက်မှုကြောင့် ဖြစ်တယ်လို့ ဒီနေ့ သြဂုတ် ၂၄ ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးစိုးအောင်က ပြောခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #အောင်သပြေ #အကျဉ်းသားသေဆုံးမှု

Read More

မြန်မာနိုင်ငံမှာ မဏ္ဍိုင် ဘယ်နှခုရှိသင့်သနည်း

မန္တလေး၊ သြဂုတ် – ၂၄-၂၀၁၉   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာထိန်းသိမ်းကာကွယ်ပါမည်လို့ သစ္စာပြုထားသူတွေကတော့ မဏ္ဍိုင် ၃ ရပ်ပဲရှိတယ်လို့ ဖြေကောင်း ဖြေပါလိမ့်မယ်။  တချို့ကြတော့လည်း  အရင်အစိုးရတုန်းကတော့ ပြည်သူကိုပါမဏ္ဍိုင်တစ်ရပ်အနေနဲ့ထည့်ပြီး မဏ္ဍိုင် ၅ ရပ်ရှိတယ်လို့ ပြောခဲ့တာ ကြားဖူးကြောင်း ဖြေသူလည်းရှိနိုင်သလို သတင်းသမားအတော်များများကတော့ ကျွန်တော်တို့၊ ကျွန်မတို့သည် ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထိမ်းမတ်ပေးဖို့  စတုတ္ထမဏ္ဍိုင်အဖြစ် ရှိနေတာပါလို့  ဖြေသူတွေလည်း ရှိပါတယ်။     သြဂုတ်လ ၂၃ ရက်နေ့က မီဒီယာကောင်စီရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့  မန္တလေးတိုင်းမှာ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲဆိုပြီး ဟိုတယ်မန္တလေးမှာ ကြီးကျယ်ခမ်းနားစွာကျင်းပပေးခဲ့ပါတယ်။ ဒီပွဲမှာ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က သူ့ရဲ့  အဖွင့်အမှာစကားမှာလည်း မဏ္ဍိုင် သုံးရပ်ကိုပဲ…

Read More

အမေဇုန်တောမီး ငြိမ်းသတ်ရေး ဘရာဇီးစစ်တပ်ပါ စေလွှတ်ထားရ

ဘရာဆီးလီးယား၊ သြဂုတ်-၂၄-၂၀၁၉ မျိုးဆက် (VOM)   အမေဇုန်သစ်တောတွေ စံချိန်တင်မီးလောင်နေတာနဲ့ပတ်သက်ပြီး မီးငြိမ်းသတ်ရေးကူညီဖို့အတွက် ဘရာဇီးစစ်တပ်ကို သမ္မတဘော်ဆိုနာရိုက အမိန့်ထုတ်လိုက်ပါတယ်။   သစ်တောအတွင်းရှိ သဘာဝအတိုင်းရှိနေတဲ့နေရာတွေ၊ တိုင်းရင်းသားနယ်မြေတွေနဲ့ ဒေသတွင်းရှိ နယ်စပ်ဒေသတွေမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားဖို့ အမိန့်ကို သမ္မရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။   အမေဇုန်သစ်တောတွေ မီးလောင်နေတာနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံခေါင်းဆောင်တွေက ဖိအားတွေပြင်းပြင်းထန်ထန်ပေးလိုက်ပြီးနောက်မှာ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ဒီလိုအမိန့်ကို ထုတ်ခဲ့တာပါ။   ဒီလို သစ်တောတွေ မီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကို ဘရာဇီးသမ္မတက ဝေဖန်ထားပြီး ဒီကိစ္စကိုခုတုံးလုပ် အပြစ်ပေးအရေးယူတာတွေ လုပ်နိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။   မီးလောင်တာကို ငြိမ်းသတ်ဖို့ဒီထက်ပိုပြီး အားမထုတ်ဘူးဆိုရင် ဘရာဇီးနဲ့ ကြီးမားတဲ့ကုန်သွယ်ရေး သဘောတူညီချက် လုပ်မှာမဟုတ်ဘူးလို့ ပြင်သစ်နဲ့ အိုင်ယာလန်နိုင်ငံတို့က ပြောဆိုပြီးနောက်မှာ ဘရာဇီးသမ္မတက တုံ့ပြန်ဝေဖန်လိုက်တာပါ။…

Read More

ဂျာကင်စက်ရုံပိုင်ရှင်ကို အလုပ်သမားတွေ ဆန္ဒပြ

ရန်​ကုန်​၊ သြဂုတ်​ ၂၄ – ၂၀၁၉ မိုးယံ(VOM)   ရန်​ကုန်​တိုင်း လှိုင်​သာယာမြို့နယ်​ ​ရွှေလင်​ပန်းစက်​မှုဇုန်က အလုပ်​သမားတွေနဲ့ ​ရွှေပြည်​သာမြို့နယ်​ သာဓုကန်​စက်​မှုဇုန်က အလုပ်​သမားတွေ ပူး​ပေါင်းပြီး အင်​အားရာကျော်ဟာ Young Clothing 1 နဲ့ 2 ဂျာကင်စက်​ရုံ အလုပ်​ရှင်ကို ဒီ​နေ့ မနက်​ ၉ နာရီက ​အလုပ်သမားရပိုင်ခွင့်တွေအတွက်ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   “အလုပ်ဆင်းချိန်နောက်ကျတယ်။ တစ်ရက်ပျက်ရင် ဘောနပ်ကြေးပြုတ်သွားရော။ လှိုင်သာယာ စက်ရုံ Young Clothing 1 မှာ ဘောနပ်နှစ်သောင်း၊ သုံးသောင်းရတယ်။ ဒီစက်ရုံမှာ တစ်သောင်းပဲရတယ်။ အမေသေတာ ခွင့်မပေးဘူး။ သူဌေးကအတူတူပဲ ဖြစ်တဲ့အတွက် အခွင့်အရေး အတူတူပဲဖြစ်ချင်လို့ စက်ရုံ နှစ်ရုံပူးပေါင်းပြီး ဆန္ဒပြရတာပါ။”လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မငြိမ်းငြိမ်းက ပြောပါတယ်။   မပန်းအိကလည်း “ယောကျာ်း သေတာတောင် အရင်းနှီးဆုံးမိတ်ဆွေတဲ့၊…

Read More

သုံးတန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုပြီး သတ်ဖြတ်အလောင်းဖျောက်မှု ဖြစ်ပွါး

မြန်အောင်၊ သြဂုတ် ၂၄ – ၂၀၁၉ ကိုအောင်(VOM)   ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ အသက်ကိုးနှစ်အရွယ် တတိယတန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ပြီး လူသတ်၊ အလောင်းဖျောက်ခဲ့တဲ့အမျိုးသားကို ဖမ်းဆီးရမိထားပြီလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။   သြဂုတ် ၂၁ ရက်က အဲဒီကျောင်းသူ ပျောက်ဆုံးခဲ့လို့ လိုက်လံရှာဖွေရာ နောက်တစ်နေ့ မနက်ပိုင်းမှာတော့ ကျေးရွာရဲ့ ရေတွင်းပျက်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ သိရပါတယ်။   ကလေးရဲ့ နဖူးအလယ်ကနေ နှာခေါင်းအထိ ပြတ်ရှဒဏ်ရာသုံးချက်၊ ယာဘက်လက်မောင်းအရင်း ချိုင်း အတွင်းရင်အုံနဲ့ ၀ဲဘက်ရင်အုံ၊ လက်ပြင်တို့မှာ ထိုးသွင်းဒဏ်ရာ ရှစ်ချက်၊ ၀ဲဘက်လက်ချောင်း ငါးချောင်းစလုံး ပြတ်နေပြီး ခန္ဓာကိုယ်အနှံ့မှာလည်း ပွန်းပဲ့ပြတ်ရှဒဏ်ရာများစွာနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။   “သူ့အမေက ခရစ်ယာန်ဘုရားကျောင်းမှာ ထမင်းချက်။ ကလေးမလေးက…

Read More

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေ၊ အပြန်အလှန်အခွန်တိုးကောက်ဖို့ စီစဉ်နေကြ

ဝါရှင်တန်၊ သြဂုတ်-၂၄-၂၀၁၉ မျိုးဆက်(VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် ထပ်မံအခွန်တိုးမြင့်ကောက်ခံလိုက်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာပါတယ်။   တရုတ်နိုင်ငံက သွင်းကုန်တွေကို နောက်ထပ်အခွန် ငါးရာခိုင်နှုန်းတိုးမြှင့်တာနဲ့ ပတ်သက်ပြီး သမ္မတထရန့်က သြဂုတ် ၂၃ ရက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။   ဒီကြေညာချက်ကတော့ ဒေါ်လာ  ၇၅ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်ကောက်ဖို့ စီစဉ်နေကြောင်း တရုတ်နိင်ငံက ကြေညာပြီး နာရီအနည်းငယ်အကြာမှာ ထရန့်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။   တရုတ်နိုင်ငံက အခွန်တိုးကောက်ဖို့ စီစဉ်နေတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတစ်ရပ်ဖြစ်တယ်လို့ ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အမေရိကန်ရဲ့ အကျိုးဖြစ်ထွန်းမှုတွေကို ရယူနေတယ်လို့ တရုတ်နိုင်ငံကို စွပ်စွဲပြောဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံအနေနဲ့ အမေရိကန်စိုက်ပျိုးရေးပစ္စည်းတွေ၊ လေယာဉ်နဲ့ ရေနံစိမ်းအပါအ၀င် ကုန်ပစ္စည်းအမျိုးပေါင်း ငါးထောင်ကျော်အပေါ် ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်း အခွန်တိုးမြင့်ကောက်ခံဖို့…

Read More

ပြည်တွင်းကိစ္စကို နိုင်ငံတကာ ပြသနာဖြစ်အောင် မလုပ်ဖို့လို

နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၁၉ ကိုထွန်း(VOM)   ပြည်တွင်းကိစ္စကို နိုင်ငံတကာပြသနာဖြစ်အောင် ဖန်တီးရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်လာတတ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်စိုးနိုင်ဦးက ပြောပါတယ်။   “ကာကွယ်ရေးနဲ့ ပတ်သက်လို့၊ လုံခြုံရေးနဲ့ ပတ်သက်လို့က ပြည်တွင်းကိစ္စကို ပြည်တွင်းမှာပဲ ဖြေရှင်းတာအကောင်းဆုံးပါ။ ဒီပြသနာကို နိုင်ငံတကာ ပြသနာဖြစ်အောင် ဖန်တီးခဲ့ရင် ဒါဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာအပါအဝင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာတတ်ပါတယ်။”လို့ ပြောဆိုခဲ့တာပါ။   ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကနေ နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဲဒီအပေါ်မှာအခြေခံပြီး သြဂုတ် ၂၃ ရက်က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။…

Read More

ပျူမြို့ဟောင်းမှာ ဟိုတယ်တွေတည်ဆောက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက နည်းမျိုးစုံနဲ့ကြိုးစားနေ

ပြည်၊ သြဂုတ် ၂၂ – ၂၀၁၉ လမင်း (VOM)   ပြည်မြို့မှာတည်ရှိတဲ့ သရေခေတ္တရာ(ပျူမြို့ဟောင်း) ရှေးဟောင်းဇုန်ထဲမှာ ဟိုတယ်တွေ တည်ဆောက်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေက နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေတာတွေ ရှိနေပါတယ် ။   အခုလိုနည်းမျိုးစုံနဲ့ ဟိုတယ်ဆောက်လုပ်ခွင့် ကမ်းလှမ်းနေတာတွေရှိနေပေမယ့်လည်း ဒီနေ့အချိန်ထိ ဘယ်သူ့ကိုမှ ခွင့်ပြုပေးထားတာ မရှိသေးဘူးလို့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးဒေသများဌာနခွဲ (သရေခေတ္တရာဌာနစု)က သိရပါတယ်။   ကမ္ဘာ့အမွေအနှစ်ဝင်တဲ့နေရာတွေကို ကမ္ဘာလှည့်ခရီးသွားတွေ၊ ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားကြတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဇုန်အတွင်းက လယ်ယာမြေတွေကို ကာလပေါက်ဈေးထက် ပိုပေးဝယ်ပြီး အခြားသုံးစွဲနည်းခွင့်တွေ လာလျှောက်ကြသလို ဟိုတယ်တွေ တည်ဆောက်နိုင်ဖို့အတွက် လာရောက်လျှောက်ထားတာတွေလည်း ရှိနေတယ်လို့ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ (သရေခေတ္တရာဌာနစု) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဟြေပါတယ်။   “ဒီနေရာတွေက အရင်က လယ်ယာမြေတွေ ဖြစ်နေတော့ အဆောက်အဦးဆောက်လို့ရအောင် အခြားနည်းသုံးစွဲခွင့်တွေ တင်ကြတယ်။ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မပေးဘူး၊ ပေးလိုက်ရင်ထိန်းမရတော့ဘူး။…

Read More
VOM News

FREE
VIEW