ရန်ကုန်၊ သြဂုတ် ၁၅-၂၀၁၉ နေလင်း (VOM) သြဂုတ် ၁၂ ရက်က ကျရောက်တဲ့ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့တဲ့အတွက် အခမ်းအနားဦးဆောင်သူတွေထဲက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်အုံးလှနဲ့ တခြားဦးဆောင်သူ ၂ ယောက်ကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်ခံရတဲ့ နော်အုံးလှက “ကျမကို ညနေက ကျောက်တံတားမြို့နယ်မှူးက တရားစွဲထားတယ်။ ပြီးခဲ့တဲ့ကရင်အာဇာနည်နေ့လုပ်လို့ တရားစွဲတယ်ပေါ့။ စခန်းကို ခဏလာပါဦးတဲ့၊ ကျမက မလာနိုင်ဘူးလို့ပြောလိုက်တယ်။ ဘာပုဒ်မလဲလို့ ကျမလည်း မမေးလိုက်ဘူး။ ကျမနဲ့ စောအဲလဘတ်ချိုရယ် နောက်တယောက်က ကျမလည်းမမှတ်မိဘူး ။” လို့ ပြောပါတယ်။ ကရင့်အာဇာနည်နေ့ မတိုင်ခင်ကတည်းက ကမာရွတ်နဲ့ တောင်ဒဂုံမြို့နယ်က ခန်းမတွေမှာ ခွင့်ပြုမိန့်ရဖို့ ကြိုးစားပေမယ့် ခွင့်ပြုမပေးလို့ …
Read MoreMonth: August 2019
နောင်ချိုဘက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကုန်သည်တွေနဲ့ ပြည်သူတွေ စိုးရိမ်နေရ
မန္တလေး၊ သြဂုတ် ၁၅ – ၂၀၁၉ ဖြူဖြူ (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ဂုတ်တွင်းလမ်းဘက်မှာ ဒီနေ့ မနက်အစောပိုင်းကတည်းက စတင်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မွန်းလွဲပိုင်းအထိ ဖြစ်ပေါ်နေသေးတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေရှိနေသလို လမ်းတံတားပျက်စီးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ မွန်းလွဲ သုံးနာရီဝန်းကျင်အချိန်အထိ အဲဒီပစ်ခတ်မှုတွေကြောင့် အရပ်သားတွေနဲ့ ဂုတ်တွင်းရဲကင်းက တာဝန်ကျ ရဲဝန်ထမ်းတွေအပါအဝင် လူ ၁၀ ဦးထက်မနည်းသေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလည်း ဆေးရုံးတွေကိုပို့ဆောင်ပေးနေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ တရုတ်နိုင်ငံဘက်နဲ့ ကုန်သွယ်နေရတဲ့ ကုန်သည်တွေနဲ့ ခရီးသွားတွေဟာ နောင်ချို၊ ဂုတ်တွင်းလမ်းကို အဓိကထားအသုံးပြုနေရတာဖြစ်ပြီး အခုလို ပစ်ခတ်မှုတွေကြောင့် အများပြည်သူစိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။ “ပြည်သူတွေ သွားရေး၊ လာရေးဆောင်ရွက်နေတဲ့ လမ်းတံတားတွေကိုတော့ လက်နက်ကိုင်တွေ အနေနဲ့ ဖြိုခွဲဖျက်စီးတာတွေ မလုပ်သင့်ပါဘူး။ အခုက…
Read Moreအာဖရိက ဝက်တုပ်ကွေးကြောင့် မြန်မာဘက်က ၀က်သားတင်သွင်းမှု တရုတ်နိုင်ငံပိတ်ပင်
ပေကျင်း၊သြဂုတ်-၁၅-၂၀၁၉ မျိုးဆက်(VOM) အာဖရိက၀က်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေကြောင့်မြန်မာနိုင်ငံက၀က်တွေ၊တောဝက်တွေနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေတင်ပို့တာကိုတရုတ်နိုင်ငံကတားမြစ်လိုက်တယ်လို့တရုတ်အကောက်ခွန်ရုံးကသြဂုတ်၁၅ရက်မှာထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာသြဂုတ်၁၄ရက်ကအာဖရိက၀က်တုပ်ကွေးရောဂါကြောင့်ဝက်သေဆုံးမှုပထမဆုံးဖြစ်ပွားပြီးနောက်မြန်မာနိုင်ငံက၀က်သားနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေတင်ပို့တာကိုတားမြစ်လိုက်တာဖြစ်တယ်လို့တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ချက်ကိုဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာပြီးခဲ့တဲ့နှစ်သြဂုတ်လကစတင်တွေ့ရှိခဲ့တဲ့အာဖရိက၀က်တုပ်ကွေးရောဂါဟာဟောင်ကောင်နဲ့ဟိုင်နန်ကျွန်းအပါအ၀င်ပြည်မကြီးမှာရှိတဲ့ပြည်နယ်နဲ့ဒေသတွေမှာပြန့်နှံ့နေပြီးအပြင်းအထန်နှိမ်နှင်းနေရပါတယ်။ ဒါ့အပြင်အာဖရိက၀က်တုပ်ကွေးကြောင့်ထိုင်ဝမ်ကလည်းမြန်မာနိုင်ငံဘက်က၀က်သားနဲ့ဆက်စပ်ထုတ်ကုန်တွေတင်သွင်းတာကိုတားမြစ်ထားပြီးသယ်ဆောင်လာခဲ့မယ်ဆိုရင်တော့ဒါဏ်ငွေအနေနဲ့အမေရိကန်ဒေါ်လာခြောက်ထောင့်ငါးရာနီးပါးအထိတိုးမြင့်သတ်မှတ်ထားပါတယ်။ Ref & Photo: Reuters
Read Moreဂျပန်မှာ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၇၀၀ နီးပါးဖျက်သိမ်း
တိုကျို၊ သြဂုတ်-၁၅-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံအနောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်က အပူပိုင်းမုန်တိုင်းခရိုဆာတိုက်ခတ်နေတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေယာဉ်ခရီးစဉ် ၇၀၀ နီးပါးနဲ့ မီးရထားပို့ဆောင်ရေးတွေ ဖျက်သိမ်းလိုက်ရပြီး လူလေးသိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ လေယာဉ်ခရီးစဉ် ၆၇၉ ခုဖျက်သိမ်းလိုက်ရကြောင်း အင်န်အိပ်ခ်ျကေသတင်းဌာနက ဖော်ပြထားပြီး ဂျပန်နိုင်ငရဲ့ နွေရာသီအားလပ်ရက်ကုန်ချိန်မှာ စီစဉ်ထားတဲ့ ထောင်နဲ့ချီတဲ့ ခရီးစဉ်တွေ ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။ အပူပိုင်းမုန်တိုင်း ခရိုဇာဟာ ဂျပန်နိုင်ငံ ရှီကိုကူကျွန်း အရှေ့မြောက်ဘက်သို့ တစ်နာရီ လေတိုက်နှုန်း ၆၇ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး နေ့လယ်ပိုင်းမှာ တစ်နာရီမိုင် ၁၀၀ နှုန်းနဲ့တိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ထားပါတယ်။ မိုးရေချိန်ဟာ အချို့ဒေသတွေမှာ သြဂုတ် ၁၆ ရက်အထိ ၂၄ နာရီအတွင်း ၃၉ လက်မိကျော်လွန်နိုငတယ်လို့…
Read Moreပြင်ဦးလွင်နဲ့နောင်ချိုမှာ ဒီမနက်ဖြစ်တဲ့ တိုက်ခိုက်မှုတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေပြုလုပ်တာလို့ TNLA အတည်ပြု
မန္တလေး၊ သြဂုတ် ၁၅ – ၂၀၁၉ VOM ဒီကနေ့ မနက်အစောက နောင်ချိုနဲ့ ပြင်ဦးလွင်က နေရာ ၅ ခုထက်မနည်း တိုက်ပွဲငယ်တွေဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်တဲ့အခြေအနေကို သိနိုင်ဖို့ တီအန်အယ်လ်အေက ဗိုလ်မှူး မိုင်အိုက်ကျော်ကို ကိုနေလင်းက ဆက်သွယ်မေးကြည့်တော့ ဒီမနက် ၅နာရီနဲ့ ၅ နာရီခွဲကြားမှာ ၅နေရာလောက်ဖြစ်တာပေါ့ ဖြစ်တဲ့နေရာကတော့ နောင်ချိုမှာ ၃နေရာ ပြင်ဦးလွင်မှာ ၂နေရာ ဒီအက်စ်တီအေ တနေရာ မြို့ရှောင်လမ်းဂိတ်တနေရာ နောင်ချိုမှာကတော့ မြို့အဝင်တိုးဂိတ်တနေရာဖြစ်တယ်၊ ဂုတ်ထိပ်အထက်နားမှာ တနေရာ နောက်တနေရာက လောက်ဖန်နားမှာ တနေရာဖြစ်တယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကရော ဘယ်လိုက စဖြစ်လဲ ကျနော်တို့ဆီမှာ တိုက်ပွဲက တပ်မတော်က ထိုးစစ်ထိုးတဲ့ပုံစံဖြစ်နေလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ် ကျနော်တို့လှုပ်ရှားမှုက ကျပ်တည်းလာတယ် ကျပ်တည်းလာတဲ့အတွက် ပြီးတဲ့အခေါက်က စတိန့်မန့်ထုတ်ထားတာပေါ့နော် တပ်ဖက်က…
Read Moreစစ်ကိုင်းမြို့က “ရုပ်စုံကျောင်း” စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးနိုင်
စစ်ကိုင်း၊ သြဂုတ် ၁၄ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM) နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းတောင်အဆင်းလမ်းက အရိယ၀ံသချောင် “ရုပ်စံကျောင်း”ဟာ အခုချိန်မှာတော့ စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတာကြောင့် အဲဒီ ကျောင်းကို “ရုပ်စုံကျောင်း” လို့ခေါ်တွင်ခဲ့ကြတာလို့ မှတ်သားရပါတယ်။ ရုပ်စုံကျောင်းကို အင်းဝခေတ် ရေငုံဆရာတော်ကြီးထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင် “ဒုတိယမင်းခေါင်” ကနေ ကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”ကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပခရီးသွားတွေပါ လာရောက်လေ့လာကြပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးကြလေ့ရှိပါတယ်။ #voiceofmyanmar…
Read More၂၀၁၄ သန်းခေါင်စာရင်း ကောက်ခဲ့ပေမယ့် တိုင်းရင်းသားတွေရဲ့ မျိုးနွယ်စုအလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးတာမရှိလို့ လွှတ်တော်မှာ မေးမြန်း
နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၁၉ ကိုထွန်း(VOM) တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဒီနေ့ သြဂုတ် ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိမရှိ ဆိုတဲ့မေးခွန်းကို ကြယ်ပွင့်ပြ မေးမြန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီး ဖြစ်ပေမယ့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် ထုတ်ပြန်ပေးဖို့ အစီအစဉ် ရှိမရှိ၊ ရှိပါက ဘယ်အချိန်အခါမှာ ထုတ်ပြန်မယ်၊ မထုတ်ပြန်နိုင်ပါက ဘာကြောင့်မထုတ်ပြန်နိုင်သေးကြောင်းကို သိရှိလိုတဲ့အတွက် မေးမြန်းခဲ့တာလို့ သိရပါတယ်။ ဦးလှထွန်းကျော်ရဲ့မေးမြန်းမှုနဲ့…
Read Moreဆန္ဒပြမှုတွေကြောင့် ပိတ်ထားတဲ့ဟောင်ကောင်လေဆိပ် ပြန်ဖွင့်
ဟောင်ကောင်၊ သြဂုတ်-၁၄-၂၀၁၉ မျိုးဆက် (VOM) ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တစ်ညတာဖြစ်ပွားပြီးနောက် ဟောင်ကောင်နိုင်ငံတကာ လေဆိပ်ရဲ့ လေယာဉ်ပျံသန်းမှုတွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ လေဆိပ်ရဲ့ ၀င်ထွက်ဂိတ်တွေကို ပိတ်ဆို့ဆန္ဒပြမှုတွေကြောင့် သြဂုတ် ၁၃ ရက်မှာ ရာပေါင်းများစွာသော လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီနေ့မနက်အစောပိုင်းမှာတော့ လေယာဉ်ခရီးစဉ်အချို့နှောင့်နှေးတာတွေ၊ ပယ်ဖျက်တာမျိုးတွေ ရှိနေပေမယ့်လည်း ခရီးစဉ်တွေကို စီစဉ်ထားတဲ့အတိုင်း ပြေးဆွဲပျံသန်းဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် ဆန္ဒပြသူတွေကြောင့် လေဆိပ်ပိတ်ထားလိုက်ရပါတယ်။ လေဆိပ်မှာ ရက်အတန်ကြာ ဒီလိုမျိုးဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက် အချို့နေရာတွေမှာ ဆန္ဒပြသူတွေ ၀င်ရောက်တာကို တားမြစ်တဲ့ တရားရုံးယာယီအမိန့်တစ်ခုကို ရယူခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။ လေဆိပ်အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာကလွဲပြီး လေဆိပ်ရဲ့တစ်ခြားနေရာတစ်ခုခုမှာ ဆန္ဒပြတာတွေ လုပ်ဆောင်တာကနေ တားမြစ်တယ်လို့ လေဆိပ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။…
Read Moreရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းသန့်ကို အဆိုပြု
စစ်တွေ၊ သြဂုတ် ၁၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နေရာမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းက ဗိုလ်မှူးကြီး မင်းသန့်ကို အစားထားခန့်အပ်ပေးသွားဖို့ ရှိနေပါတယ်။ နယ်လုံဝန်ကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီးဖုန်းတင့်ကို တခြားတာဝန်ပေးအပ်သွားမှာ ဖြစ်တဲ့အတွက် အခုလိုအစားထိုးရတာဖြစ်ပြီး ဒီကနေ့ သြဂုတ် ၁၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂/၂၀၁၉ အရေးပေါ်အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တပ်မတော်မှာ တာဝန်ထမ်းဆောင်တာ နှစ် ၃၀ ရှိသွားပါပြီ။ ဒီတာဝန်တွေက ကျနော်တို့ ငယ်ငယ်ကတည်းက ထမ်းဆောင်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်တဲ့ကိုင်တဲ့အတွေ့အကြုံတွေ၊ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် အုပ်ချုပ်မှုကိစ္စတွေ၊ စစ်ရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ အများကြီးရှိပါတယ်။ ဒီတာဝန်ကိုလည်း လုံလုံခြုံခြုံ၊ ပြေပြေလည်လည်ဆောင်ရွက်နိုင်မယ်လို့ မျှောင်လင့်ပါတယ်။”လို့ အသစ်ခန့်အပ် တာဝန်ပေးအပ်ခြင်းခံရမယ့် ဗိုလ်မှူးကြီးမင်းသန့်က ပြောကြားခဲ့ပါတယ်။…
Read Moreလူကုန်ကူးခံရတဲ့ မြန်မာလုပ်သား ၇၀၀ ကျော် ထိုင်းအစိုးရက မြန်မာနိုင်ငံကို ပြန်လွှဲပေးမယ်
ရန်ကုန်၊ သြဂုတ် -၁၄-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံရှိ ပြန်လည်ထူထောင်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပေးသွားမယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ် ၁၃ ရက်နှောင်းပိုင်းမှာ ပြောပါတယ်။ လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေးအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ၂၃ ကြိမ်မြောက် အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနှစ်ကုန်မှာ နှစ်သုတ် ဒါမှမဟုတ် သုံးသုတ်ခွဲပြီး မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးသွားမယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ညွှန်ကြားရေးမှူး ဆူနီးက ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို လူကုန်ကူးခံရသူတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေ၊ တောင်းရမ်းခိုင်းတာတွေနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ်လုပ်ကိုင်စေတာ စတဲ့ပုံစံသုံးမျိုးနဲ့ အခိုင်းခံနေရပြီး ပြီးခဲ့တဲ့ ၂…
Read More