မန္တလေး၊ သြဂုတ် ၁၅ – ၂၀၁၉
VOM
ဒီကနေ့ မနက်အစောက နောင်ချိုနဲ့ ပြင်ဦးလွင်က နေရာ ၅ ခုထက်မနည်း တိုက်ပွဲငယ်တွေဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်တဲ့အခြေအနေကို သိနိုင်ဖို့ တီအန်အယ်လ်အေက ဗိုလ်မှူး မိုင်အိုက်ကျော်ကို ကိုနေလင်းက ဆက်သွယ်မေးကြည့်တော့
ဒီမနက် ၅နာရီနဲ့ ၅ နာရီခွဲကြားမှာ ၅နေရာလောက်ဖြစ်တာပေါ့ ဖြစ်တဲ့နေရာကတော့ နောင်ချိုမှာ ၃နေရာ ပြင်ဦးလွင်မှာ ၂နေရာ ဒီအက်စ်တီအေ တနေရာ မြို့ရှောင်လမ်းဂိတ်တနေရာ နောင်ချိုမှာကတော့ မြို့အဝင်တိုးဂိတ်တနေရာဖြစ်တယ်၊ ဂုတ်ထိပ်အထက်နားမှာ တနေရာ နောက်တနေရာက လောက်ဖန်နားမှာ တနေရာဖြစ်တယ်။
ဖြစ်ရတဲ့အကြောင်းအရင်းကရော ဘယ်လိုက စဖြစ်လဲ
ကျနော်တို့ဆီမှာ တိုက်ပွဲက တပ်မတော်က ထိုးစစ်ထိုးတဲ့ပုံစံဖြစ်နေလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ် ကျနော်တို့လှုပ်ရှားမှုက ကျပ်တည်းလာတယ် ကျပ်တည်းလာတဲ့အတွက် ပြီးတဲ့အခေါက်က စတိန့်မန့်ထုတ်ထားတာပေါ့နော် တပ်ဖက်က ထိုးစစ်တွေက ဘာမှပြောင်းလဲမှုမရှိဘူး အဲဒါကြောင့် ခုခံကာကွယ်စစ်ပြန်လည်ပြုလုပ်တာဖြစ်တယ်။
ခုမေမြို့က DSTA လိုနေရာကို တောင်ဝင်တိုက်တယ်ဆိုတော့ တပ်မတော်နားရွက်ကို တံတွေးဆွတ်သလိုဖြစ်ပြီး ထိုးစစ်တွေပိုပြင်းထန်လာမယ်လို့ တွေးမထားမိဘူးလား
ခုနက ပြောသလိုပေါ့ ဒီအကြောင်းတွေကြောင့် ကျနော်တို့က ခုခံစစ်ပြန်လည်လုပ်ရတာဖြစ်တယ် ဒီဟာက နဂိုကတည်းက တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ် ဒီလဆန်းပိုင်းကတည်းက တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတာပါ။
တီအန်အယ်လ်အေ တဖွဲ့တည်းဟုတ်မယ်မထင်ဘူး ဘယ်အဖွဲ့တွေပါသေးလဲ
ဒီနေ့ဖြစ်တာကတော့ ကျနော်တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ပေါ့ ကျနော်တို့ တီအန်အယ်လ်အေရယ် အေအေ(ရခိုင့်တပ်မတော်)၊ အမ်အန်ဒီအေအေ (ကိုးကန့်အဖွဲ) မဟာမိတ် ၃ဖွဲ့လုပ်တာပါ။
ဒီနေ့ တိုက်ပွဲကြောင့် အထိအခိုက်အကျအဆုံးရှိသေးလား
တိုက်ပွဲ အသေးစိတ်အခြေအနေကတော့ ကျနော်တို့ အတိအကျပြောလို့မရသေးပါဘူး။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော် မိုင်းလားမှာတွေ့ပြီးနောက် ထပ်တွေ့ဖို့ရှိသေးလား ဘာတွေလုပ်နေတာရှိလဲ
တွေ့ဆုံဖို့ကိစ္စက ဘာမှထူးခြားမှုရှိမလာနိုင်ဘူး ညှိနိုင်းနေဆဲကာလလို့ပြောရမှာပေါ့ နေရာညှိနိုင်းမရလို့ ပြေလည်မှုမရသေးဘူး တွေ့ဆုံမှုက ထူးခြားမှုမရှိဘူးလို့ပြောနိုင်ပါတယ်။
ဒါ့အပြင် အခုနောက်ဆုံးသတင်းတွေအရ (၁၂နာရီခန့်အချိန်အထိ) နောက်ချို၊ ဂုတ်တွင်းကားလမ်းတံတားမှာ ပျက်စီးမှုတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Myo Thant Aung
#voiceofmyanmar #