ရန်ကုန် မြို့တော်ခမ်းမရှေ့မှာ ကရင့်အာဇာနည်နေ့ လုပ်ခဲ့တဲ့ နော်အုံးလှအပါအဝင် ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်

ရန်ကုန်၊ သြဂုတ် ၁၅-၂၀၁၉ နေလင်း (VOM)   သြဂုတ် ၁၂ ရက်က ကျရောက်တဲ့  ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့တဲ့အတွက် အခမ်းအနားဦးဆောင်သူတွေထဲက  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်အုံးလှနဲ့  တခြားဦးဆောင်သူ ၂ ယောက်ကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။   အမှုဖွင့်ခံရတဲ့ နော်အုံးလှက “ကျမကို ညနေက ကျောက်တံတားမြို့နယ်မှူးက တရားစွဲထားတယ်။ ပြီးခဲ့တဲ့ကရင်အာဇာနည်နေ့လုပ်လို့ တရားစွဲတယ်ပေါ့။ စခန်းကို ခဏလာပါဦးတဲ့၊ ကျမက မလာနိုင်ဘူးလို့ပြောလိုက်တယ်။ ဘာပုဒ်မလဲလို့ ကျမလည်း မမေးလိုက်ဘူး။ ကျမနဲ့ စောအဲလဘတ်ချိုရယ် နောက်တယောက်က ကျမလည်းမမှတ်မိဘူး ။” လို့  ပြောပါတယ်။   ကရင့်အာဇာနည်နေ့ မတိုင်ခင်ကတည်းက ကမာရွတ်နဲ့ တောင်ဒဂုံမြို့နယ်က ခန်းမတွေမှာ ခွင့်ပြုမိန့်ရဖို့ ကြိုးစားပေမယ့် ခွင့်ပြုမပေးလို့ …

Read More

နောင်ချိုဘက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကုန်သည်တွေနဲ့ ပြည်သူတွေ စိုးရိမ်နေရ

မန္တလေး၊ သြဂုတ် ၁၅ – ၂၀၁၉ ဖြူဖြူ (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ဂုတ်တွင်းလမ်းဘက်မှာ ဒီနေ့ မနက်အစောပိုင်းကတည်းက စတင်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မွန်းလွဲပိုင်းအထိ ဖြစ်ပေါ်နေသေးတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေရှိနေသလို လမ်းတံတားပျက်စီးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။   မွန်းလွဲ သုံးနာရီဝန်းကျင်အချိန်အထိ အဲဒီပစ်ခတ်မှုတွေကြောင့် အရပ်သားတွေနဲ့ ဂုတ်တွင်းရဲကင်းက တာဝန်ကျ ရဲဝန်ထမ်းတွေအပါအဝင် လူ ၁၀ ဦးထက်မနည်းသေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလည်း ဆေးရုံးတွေကိုပို့ဆောင်ပေးနေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။   တရုတ်နိုင်ငံဘက်နဲ့ ကုန်သွယ်နေရတဲ့  ကုန်သည်တွေနဲ့ ခရီးသွားတွေဟာ နောင်ချို၊ ဂုတ်တွင်းလမ်းကို အဓိကထားအသုံးပြုနေရတာဖြစ်ပြီး အခုလို ပစ်ခတ်မှုတွေကြောင့် အများပြည်သူစိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။   “ပြည်သူတွေ သွားရေး၊ လာရေးဆောင်ရွက်နေတဲ့ လမ်းတံတားတွေကိုတော့ လက်နက်ကိုင်တွေ အနေနဲ့ ဖြိုခွဲဖျက်စီးတာတွေ မလုပ်သင့်ပါဘူး။ အခုက…

Read More

အာဖရိက ဝက်တုပ်ကွေးကြောင့် မြန်မာဘက်က ၀က်သားတင်သွင်းမှု တရုတ်နိုင်ငံပိတ်ပင်

ပေကျင်း၊သြဂုတ်-၁၅-၂၀၁၉ မျိုးဆက်(VOM)   အာဖရိက၀က်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေကြောင့်မြန်မာနိုင်ငံက၀က်တွေ၊တောဝက်တွေနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေတင်ပို့တာကိုတရုတ်နိုင်ငံကတားမြစ်လိုက်တယ်လို့တရုတ်အကောက်ခွန်ရုံးကသြဂုတ်၁၅ရက်မှာထုတ်ပြန်လိုက်ပါတယ်။   မြန်မာနိုင်ငံမှာသြဂုတ်၁၄ရက်ကအာဖရိက၀က်တုပ်ကွေးရောဂါကြောင့်ဝက်သေဆုံးမှုပထမဆုံးဖြစ်ပွားပြီးနောက်မြန်မာနိုင်ငံက၀က်သားနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေတင်ပို့တာကိုတားမြစ်လိုက်တာဖြစ်တယ်လို့တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ချက်ကိုဖော်ပြထားပါတယ်။   တရုတ်နိုင်ငံမှာပြီးခဲ့တဲ့နှစ်သြဂုတ်လကစတင်တွေ့ရှိခဲ့တဲ့အာဖရိက၀က်တုပ်ကွေးရောဂါဟာဟောင်ကောင်နဲ့ဟိုင်နန်ကျွန်းအပါအ၀င်ပြည်မကြီးမှာရှိတဲ့ပြည်နယ်နဲ့ဒေသတွေမှာပြန့်နှံ့နေပြီးအပြင်းအထန်နှိမ်နှင်းနေရပါတယ်။   ဒါ့အပြင်အာဖရိက၀က်တုပ်ကွေးကြောင့်ထိုင်ဝမ်ကလည်းမြန်မာနိုင်ငံဘက်က၀က်သားနဲ့ဆက်စပ်ထုတ်ကုန်တွေတင်သွင်းတာကိုတားမြစ်ထားပြီးသယ်ဆောင်လာခဲ့မယ်ဆိုရင်တော့ဒါဏ်ငွေအနေနဲ့အမေရိကန်ဒေါ်လာခြောက်ထောင့်ငါးရာနီးပါးအထိတိုးမြင့်သတ်မှတ်ထားပါတယ်။   Ref & Photo: Reuters  

Read More

ဂျပန်မှာ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၇၀၀ နီးပါးဖျက်သိမ်း

တိုကျို၊ သြဂုတ်-၁၅-၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံအနောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်က အပူပိုင်းမုန်တိုင်းခရိုဆာတိုက်ခတ်နေတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေယာဉ်ခရီးစဉ် ၇၀၀ နီးပါးနဲ့ မီးရထားပို့ဆောင်ရေးတွေ ဖျက်သိမ်းလိုက်ရပြီး လူလေးသိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။   လေယာဉ်ခရီးစဉ် ၆၇၉ ခုဖျက်သိမ်းလိုက်ရကြောင်း အင်န်အိပ်ခ်ျကေသတင်းဌာနက ဖော်ပြထားပြီး ဂျပန်နိုင်ငရဲ့ နွေရာသီအားလပ်ရက်ကုန်ချိန်မှာ စီစဉ်ထားတဲ့ ထောင်နဲ့ချီတဲ့ ခရီးစဉ်တွေ ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။   အပူပိုင်းမုန်တိုင်း ခရိုဇာဟာ ဂျပန်နိုင်ငံ ရှီကိုကူကျွန်း အရှေ့မြောက်ဘက်သို့ တစ်နာရီ လေတိုက်နှုန်း ၆၇ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး နေ့လယ်ပိုင်းမှာ တစ်နာရီမိုင် ၁၀၀ နှုန်းနဲ့တိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ထားပါတယ်။   မိုးရေချိန်ဟာ  အချို့ဒေသတွေမှာ သြဂုတ် ၁၆ ရက်အထိ ၂၄ နာရီအတွင်း ၃၉ လက်မိကျော်လွန်နိုငတယ်လို့…

Read More

ပြင်ဦးလွင်နဲ့နောင်ချိုမှာ ဒီမနက်ဖြစ်တဲ့ တိုက်ခိုက်မှုတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေပြုလုပ်တာလို့ TNLA အတည်ပြု

မန္တလေး၊ သြဂုတ် ၁၅ – ၂၀၁၉ VOM   ဒီကနေ့ မနက်အစောက နောင်ချိုနဲ့ ပြင်ဦးလွင်က နေရာ ၅ ခုထက်မနည်း တိုက်ပွဲငယ်တွေဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်တဲ့အခြေအနေကို သိနိုင်ဖို့ တီအန်အယ်လ်အေက ဗိုလ်မှူး မိုင်အိုက်ကျော်ကို ကိုနေလင်းက ဆက်သွယ်မေးကြည့်တော့   ဒီမနက် ၅နာရီနဲ့ ၅ နာရီခွဲကြားမှာ ၅နေရာလောက်ဖြစ်တာပေါ့ ဖြစ်တဲ့နေရာကတော့ နောင်ချိုမှာ ၃နေရာ  ပြင်ဦးလွင်မှာ ၂နေရာ ဒီအက်စ်တီအေ တနေရာ မြို့ရှောင်လမ်းဂိတ်တနေရာ နောင်ချိုမှာကတော့ မြို့အဝင်တိုးဂိတ်တနေရာဖြစ်တယ်၊  ဂုတ်ထိပ်အထက်နားမှာ တနေရာ နောက်တနေရာက လောက်ဖန်နားမှာ တနေရာဖြစ်တယ်။   ဖြစ်ရတဲ့အကြောင်းအရင်းကရော ဘယ်လိုက စဖြစ်လဲ   ကျနော်တို့ဆီမှာ တိုက်ပွဲက တပ်မတော်က ထိုးစစ်ထိုးတဲ့ပုံစံဖြစ်နေလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ် ကျနော်တို့လှုပ်ရှားမှုက ကျပ်တည်းလာတယ် ကျပ်တည်းလာတဲ့အတွက် ပြီးတဲ့အခေါက်က စတိန့်မန့်ထုတ်ထားတာပေါ့နော် တပ်ဖက်က…

Read More
VOM News

FREE
VIEW