ဂျပန်မှာ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၇၀၀ နီးပါးဖျက်သိမ်း

တိုကျို၊ သြဂုတ်-၁၅-၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံအနောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်က အပူပိုင်းမုန်တိုင်းခရိုဆာတိုက်ခတ်နေတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေယာဉ်ခရီးစဉ် ၇၀၀ နီးပါးနဲ့ မီးရထားပို့ဆောင်ရေးတွေ ဖျက်သိမ်းလိုက်ရပြီး လူလေးသိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

 

လေယာဉ်ခရီးစဉ် ၆၇၉ ခုဖျက်သိမ်းလိုက်ရကြောင်း အင်န်အိပ်ခ်ျကေသတင်းဌာနက ဖော်ပြထားပြီး ဂျပန်နိုင်ငရဲ့ နွေရာသီအားလပ်ရက်ကုန်ချိန်မှာ စီစဉ်ထားတဲ့ ထောင်နဲ့ချီတဲ့ ခရီးစဉ်တွေ ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။

 

အပူပိုင်းမုန်တိုင်း ခရိုဇာဟာ ဂျပန်နိုင်ငံ ရှီကိုကူကျွန်း အရှေ့မြောက်ဘက်သို့ တစ်နာရီ လေတိုက်နှုန်း ၆၇ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး နေ့လယ်ပိုင်းမှာ တစ်နာရီမိုင် ၁၀၀ နှုန်းနဲ့တိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

 

မိုးရေချိန်ဟာ  အချို့ဒေသတွေမှာ သြဂုတ် ၁၆ ရက်အထိ ၂၄ နာရီအတွင်း ၃၉ လက်မိကျော်လွန်နိုငတယ်လို့ အာဏာပိုင်များက သတိပေးထားပြီး လူ ၄၄၆၀၀၀ ဦးကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အကြံပြုထားကြ ပါတယ်။ ဒါပေမယ့် သြဂုတ် ၁၅ ရက်နံနက်ပိုင်းအထိ အကြီးအကျယ်ရေကြီးတာမျိုးတွေတော့ မဖြစ်ခဲ့ဘဲ အသေးစားထိခိုက်မှုအနည်းငယ်မျှသာဖြစ်ပွားခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်နေတဲ့ဒေသရှိ လူတွေအနေနဲ့  ဖြစ်နိုင်သမျှ နေအိမ်ပြင်ပကို မသွားကြဖို့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်နဲ့အညီ လိုအပ်ရင် ဘေးလွတ်ရာရွှေ့ပြောင်းရေး ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းကြောင်း အစိုးရအဖွဲ့အတွင်းဝန် ယိုရှီဟီဒီဆူဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

အပူပိုင်းမုန်တိုင်း ခရိုဇာအပြင်းအထန်တိုက်ခတ်နိုင်တဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသတွေဟာ ၂၀၁၈ ခုနှစ်ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

 

Ref & Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW