တန်ဇန်နီးယား လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှု လူ ၅၇ ဦးထက်မနည်းသေဆုံး

ဒိုဒိုမာ၊ သြဂုတ်-၁၀-၂၀၁၉ မျိုးဆက် (VOM)   တန်ဇန်းနီးယားနိုင်ငံမှာ လောင်စာတင်ယာဉ်တစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၅၇ ဦးထက်မနည်း သေဆုံးသွားပြီး ၆၅ ဦးဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ခပ်ဝေးဝေးနေရာတွေထိ မီးလောင်နေတဲ့ အပျက်အစီးတွေ ပြန့်နှံ့နေတာတွေနဲ့ မြေပြင်ပေါ်မှာ မီးလောင်ကျွမ်းပြီး ပြန့်ကျဲနေတဲ့ ရုပ်အလောင်းတွေရဲ့ ပုံတွေက လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။   လူတွေဟာ တိမ်းမှောက်သွားတဲ့ လောင်စာဆီကားက ဆီတွေကို ယူဖို့ကြိုးစားချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။   ဒီမတော်တဆမှုဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါအက်ဆလမ်မြို့ရဲ့ အနောက်ဘက် ၁၂၄ မိုင် အကွာမှာရှိတဲ့ မိုရိုဂိုရို ဒေသမှာ ဖြစ်ပွားခဲ့တာပါ။ နိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ မိုရိုဂိုရိုဟာ ဆိပ်ကမ်းက ကုန်တင်ကားတွေနဲ့ လောင်စာဆီသယ်တဲ့ ယာဉ်တွေအတွက်…

Read More

ပေါင်မြို့နယ် မြေပြိုကျမှုမှာ သေဆုံးသူ ၃၄ ဦးတွေ့ထားပြီး ကလေး ၁၈ ဦးပါဝင်

ပေါင်၊ သြဂုတ် ၁၀ – ၂၀၁၉ မိုးယံ(VOM)   မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ သံဖြူရပ်ကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုကျမှုကြောင့် လက်ရှိအချိန် သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ ၃၄ ဦးတွေ့ရှိထားပြီး ကလေးငယ် ၁၈ ဦးပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။   မနေ့ ည ၁၁ နာရီအထိမှာ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီး ၁၄ ဦး ကလေး ၁၂ ဦးရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှာ လူကြီး ၂ ဦး၊ ကလေး ၆ ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းက ကိုဇာနည်က ပြောပါတယ်။ ဒါ့အပြင် အသက်ရှင်လျက် ရှာဖွေတွေ့ရှိထားတဲ့ ၂၈ ဦးကို ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။   မွန်ပြည်နယ်မှာ သြဂုတ်…

Read More

စစ်ကိုင်းကို သန့်ရှင်းသာယာလှပတဲ့ မြို့အဖြစ် ဖော်ဆောင်ဖို့ ရွေးချယ်

စစ်ကိုင်း၊ သြဂုတ်  ၁၀ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့ကို စံပြမြို့ဖြစ်လာအောင် သန့်ရှင်းသာယာလှပတဲ့ မြို့အဖြစ်ဖော်ဆောင်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က  ရွေးချယ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။   “သန့်ရှင်းသာယာလှပရေးအတွက်လုပ်လို့ ရွေးချယ်တာ မဟုတ်ဘူး။ အဲဒီလိုလုပ်ဖို့ ရွေးချယ်ထားတာ။ ကျနော်တို့က လုပ်ပြရမှာပေါ့။ ကျနော်တို့ဌာနတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အဲအတွက်ကြောင့် စစ်ကိုင်းမြို့မှာရှိတဲ့ NGO အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ မြို့နေပြည်သူတွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီခေါင်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ။” လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။   သြဂုတ် ၉ ရက် နေ့လယ် ၃ နာရီက  စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံးခန်းမှာ  မြို့မိ မြိုဖအဖွဲ့၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီး  မြို့ဒီထက်မက သန့်ရှင်းသာယာ လှပရေးအတွက် အကြံဉာဏ်များတောင်းခံခြင်းနဲ့…

Read More

မုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာလူ ၁၃ ဦးသေဆုံး တစ်သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

ရှန်ဟိုင်း၊ သြဂုတ်-၁၀-၂၀၁၉ မျိုးဆက် (VOM)   တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း လီကီမာကြောင့် လူ ၁၃ ဦးသေဆုံးသွားပြီး ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။   မုန်တိုင်းဟာ  သြဂုတ် ၁၀ ရက်အစောပိုင်းက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကို ၀င်ရောက်တိုက်ခိုက်နေခဲ့တဲ့အတွက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်တာတွေကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေ၊ သစ်ပင်ထောင်နဲ့ချီပြီး လဲပြိုတာတွေနဲ့အတူ လူ တစ်သန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။   အဲဒီ မုန်တိုင်းဟာ  အစောပိုင်းနာရီတွေက လေတိုက်နှုန်း တစ်နာရီကို ၁၁၆ မိုင်နဲ့ ၀န်လင်းမြို့ကိုတိုက်ခတ်ခဲ့ကာ  ရှန်ဟိုင်းကို ဦးတည်ပြီး အရှေ့ဘက် ကမ်းရိုးတန်ကို တိုက်ခတ်ဖွယ်ရှိတယ်တယ်လို့ ဆိုပါတယ်။   မိုးရွားသွန်းမှုကြောင့် ဖြစ်လာနိုင်တဲ့  မြေပြိုတာတွေ၊  ရေကြီးရေလျှံတာတွေကို အာဏာပိုင်တွေက သတိပေးထားပြီး အန်ဟူ၊ ကျန်ဆုနဲ့  စီကျန်စတဲ့…

Read More

အမျိုးသမီးတစ်ဦးက အရက်သောက်ပြီး ကိုယ့်အိမ်ကိုယ်မီးရှို့ နေအိမ်လေးလုံး မီးလောင်

မန္တလေး၊ ဩဂုတ် ၁၀-၂၀၁၉ ဟိန်းကို( VOM )   မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ လေးခေါင်းရပ်ကွက်မှာ ဒီနေ့မနက်စော နှစ်နာရီလောက်က အမျိုးသမီးတစ်ဦးဟာ အရက်မူးပြီး ကိုယ့်အိမ်ကိုယ် မီးရှို့ခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။   ဒေါ်ခိုင်ဇာဇာထွန်းဆိုတဲ့ အမျိုးသမီးဟာ အရက်မူးပြီး နေအိမ်အတွင်း ရေမြုပ်မွေ့ယာကို မီးရှို့ခဲ့လို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်က နေအိမ်လေးလုံးလောက်ကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။   မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 2 အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၄ လုံးခန့် နဲ့ ဆိုင်ကယ်သုံးစီး စုစုပေါင်း ၂၇ သိန်းခန့် မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။   မီးလောင်မှုဖြစ်ပွားရာနေရာကို မီးငြိမ်းသတ်ယာဉ် ၂၀ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃…

Read More

နာဂဒေသ ဦးစီးဥက္ကဋ္ဌက ငြင်းဆိုပေမယ့် ကျေးရွာအချို့ရိက္ခာပြတ်နေတယ်လို့ သိရ

လဟယ်၊ သြဂုတ် ၁၀ -၂၀၁၉ ခန္တီးဆောင်း(VOM)   စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်ထဲက  ကျေးရွာတချို့မှာ စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။   “စားနပ်ရိက္ခာ ပြတ်လပ်မှုက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာနှစ်စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့က ကူညီမှုတွေ မရရှိသေးဘူး။”လို့ ဒေသခံ ကိုလော်တူးက ပြောပါတယ်။   နာဂဒေသမှာ နှစ်စဉ်မိုးရာသီကာလရောက်တိုင်း အခုလို စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပေမယ့် ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက်ပေးမှုတွေ ရောက်မလာဘူးလို့ ဆိုကြပါတယ်။   ဒါနဲ့ပတ်သက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းကတော့ “ကျနော်တို့ နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်တာတွေ မရှိပါဘူး။ ဒါတွေက သတင်းအမှားတွေ ဖြစ်တယ်။” လို့ ဆိုပါတယ်။   ဒါပေမယ့် လဟယ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်ကတော့ နာဂဒေသက…

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ် ဆားဘီးယားနိုင်ငံသားအဖြစ်ခံယူ

ဘဲဂရိတ်၊ သြဂုတ်-၉-၂၀၁၉ မျိုးဆက် (VOM)   ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း ပေါ့ဆစွာဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှောင်ရှားဖို့ ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံကနေ ထွက်ပြေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကို နို်င်ငံသားအဖြစ် ဆားဘီးယားအစိုးရက ခွင့်ပြုလိုက်ပါတယ်။   အသက် ၅၂ နှစ်အရွယ် ယင်လပ်ရှင်နာဝပ်ဟာ အကျင့်ပျက်ချစားမှုတွေအတွက် ထောင်ဒဏ်ကို ရှောင်ရှားဖို့ ၂၀၀၆ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားတဲ့  အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့အတူ ဒူဘိုင်းမှာ နေထိုင်ခဲ့ပါတယ်။   နိုင်ငံရဲ့  အကျိုးစီးပွားနဲ့ ကိုက်ညီတယ်ဆိုရင် နိုင်ငံခြားသားတစ်ဦးဟာ  ဆားဘီးယား နိုင်ငံသားဖြစ်နိုင်တယ်ဆိုတဲ့ ဥပဒေရေးရာပြဌာန်းချက်တစ်ခုကို ကိုးကားပြီး ဇွန် ၂၇ ရက်နေ့မှာ  ယင်လပ်ကို နိုင်ငံသားအဖြစ်ပေးဖို့ ဆားဘီးယားအစိုးရက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။   အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားဝင်ပြန်တမ်းကို ပြည်တွင်းသတင်းဌာနတွေမှာ သြဂုတ် ၈ ရက်က…

Read More

တိုက်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာ အနီရောင်အဆင့် အရေးပေါ်ကြေညာချက်ထုတ်ပြန်

ပေကျင်း၊သြဂုတ်-၉-၂၀၁၉ မျိုးဆက် (VOM)   အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခုဟာ တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသကို  ဦးတည်နေတာကြောင့် အနီရောင်အဆင့် အရေးပေါ်ကြေညာချက်တစ်ရပ်ကို တရုတ်အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။   မုန်တိုင်းလီကီမာဟာ လက်တလောမှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ ကျော်နဲ့ ထိုင်ဝမ်ဘက်မှာ တိုက်ခတ်နေပြီး တရုတ်နိုင်ငံ၊ ရှင်းရှောင်းပြည်နယ် ကုန်းတွင်းပိုင်းကိုတော့  သြဂုတ်၁၀ရက် စနေနေ့မှာ ဝင်ရောက်မှာဖြစ်ပါတယ်။   ကယ်ဆယ်ရေးလုပ်ငန်းတွေကို စီမံခန့်ခွဲလမ်းညွှန်ဖို့ အဲဒီဒေသကို အရေးပေါ်အဖွဲ့တွေ စေလွှတ်ဖြန့်ချထားပြီး ဖြစ်တယ်လို့ တရုတ်နိုင်ငံအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   ရှန်ဟိုင်းရှိ ကမ်းရိုးတန်းတွေပေါ်မှာ နေထိုင်တဲ့  ထောင်ပေါင်းများစွာသော ပြည်သူတွေကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ သတိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။   ယန်ဇီမြစ်နဲ့ မြစ်ဝါဖြစ်ရဲ့  အရှေ့ဘက်ပိုင်းတွေမှာ သြဂုတ် ၁၄ ရက်ထိအောင် ရေကြီးရေလျှံတာနဲ့ ပတ်သက်တဲ့ သတိပေးချင်တွေ ထုတ်ပြန်ထားပြီး  ကျန်စုနဲ့…

Read More

၂၀၀၈ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြု

နေပြည်တော်၊ သြဂုတ် ၉ -၂၀၁၉ ကိုထွန်း(VOM)   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီက တင်ပြထားတဲ့အစီရင်ခံစာကို ဒီနေ့ သြဂုတ် ၉ ရက်မှာ ကျင်းပတဲ့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း အတည်ပြုလိုက်ပါတယ်။   ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြုနည်းနဲ့ ဆောင်ရွက်ခဲ့ရာမှာ ထောက်ခံဆန္ဒမဲ ၄၀၁ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ၊ ကြားနေမဲမရှိဘဲ ထောက်ခံဆန္ဒမဲများတဲ့အတွက် သဘောတူအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးထွန်းထွန်းဟိန်က ဒီနေ့လွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။   ကော်မတီအစီရင်ခံစာ အတည်ပြုလိုက်တဲ့အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်မှူးချုပ်မောင်မောင်ကတော့ “သီးခြားပြောစရာတော့ မရှိပါဘူး။ အရင်ကပြောဖူးသလို စောင့်ကြည့်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အတိုင်း ဆက်ပြီးလုပ်နေမှာပါ။ ပါဝင်ဖို့ ရှိလား၊ မရှိဘူးလားဆိုတာကတော့ ပြောလို့မရသေးပါဘူး။”လို့ ပြောပါတယ်။   ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈…

Read More

ဆေးရုံးအုပ်ကြီးနဲ့ ဝန်ထမ်းနှစ်ဦးကို အဂတိလိုက်တယ်လို့ တိုင်တန်းထားမှု ဌာနတွင်းစစ်ဆေးမှုပြုလုပ်

မန္တလေး၊ ဩဂုတ် ၈-၂၀၁၉ ဟိန်းကို(VOM)     မန္တလေးမြို့ ကုတင် ၅၀၀ အရိုးရောဂါအထူးကုဆေးရုံရဲ့ ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းနှစ်ဦးဟာ အဂတိလိုက်​စားမှု ရှိတယ်​ဆိုပြီး တိုင်​ကြားခံရမှုနဲ့ပတ်​သက်​လို့ ဒီ​နေ့ သြဂုတ်လ ၈ ရက်​ည​နေပိုင်းက ဌာနတွင်းစစ်​​ဆေးမှု​တွေ ပြုလုပ်​ခဲ့ပါတယ်​။   ​ဆေးရုံဝင်းအတွင်း တင်ဒါလုပ်ငန်းတွေမှာ အဂိတိလိုက်စားမှုရှိ​​နေတယ်​ဆိုပြီး ​ဆေးရုံဝင်းအတွင်းလုပ်ငန်းရှင်အချို့နဲ့ ဝန်ထမ်းအချို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို ဩဂုတ်လ ၆ ရက်နေ့က တိုင်ကြားထားတာ ဖြစ်​ပါတယ်​။   ​ဆေးရုံအတွင်း ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်၊ ကား၊ဆိုင်ကယ် အပ်နှံခွင့် လုပ်ငန်းတွေအတွက်​ တရားဝင်တင်ဒါပေးဆောင်ရတဲ့ ငွေတွေဟာ ဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေး၊အငယ်တန်းစာရေးတို့ကိုပေးဆောင်ရာမှာ သက်မှတ်ထားတဲ့ တင်ဒါငွေကြေးထက်ပိုမိုပေးရတယ်လို့ဆိုပြီး တိုင်ကြားထားတာပါ။   ” ဒီကနေ့ကျွန်တော်တို့အဖွဲ့ တိုင်ကြားတဲ့ ၁၄ယောက်လုံးကို ခေါ်စစ်ပါတယ်၊ စစ်တဲ့အဖွဲ့တွေကလည်း မှန်ကန်ပါတယ်၊ တိကျပါတယ်၊ ကျွန်တော်တို့ကို တိုင်တဲ့အခြေအနေကိုမေးတယ်၊ သက်သေခံအသံတွေရော စတစ်တွေရော…

Read More
VOM News

FREE
VIEW