အမျိုးသမီးတစ်ဦးက အရက်သောက်ပြီး ကိုယ့်အိမ်ကိုယ်မီးရှို့ နေအိမ်လေးလုံး မီးလောင်

မန္တလေး၊ ဩဂုတ် ၁၀-၂၀၁၉

ဟိန်းကို( VOM )

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ လေးခေါင်းရပ်ကွက်မှာ ဒီနေ့မနက်စော နှစ်နာရီလောက်က အမျိုးသမီးတစ်ဦးဟာ အရက်မူးပြီး ကိုယ့်အိမ်ကိုယ် မီးရှို့ခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။

 

ဒေါ်ခိုင်ဇာဇာထွန်းဆိုတဲ့ အမျိုးသမီးဟာ အရက်မူးပြီး နေအိမ်အတွင်း ရေမြုပ်မွေ့ယာကို မီးရှို့ခဲ့လို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်က နေအိမ်လေးလုံးလောက်ကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

 

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 2 အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၄ လုံးခန့် နဲ့ ဆိုင်ကယ်သုံးစီး စုစုပေါင်း ၂၇ သိန်းခန့် မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။

 

မီးလောင်မှုဖြစ်ပွားရာနေရာကို မီးငြိမ်းသတ်ယာဉ် ၂၀ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၇၀ ဦးတို့နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။

 

အရက်သေစာသောက်စားပြီး နေအိမ်ကိုမီးရှို့ခဲ့တဲ့ ဒေါ်ခိုင်ဇာဇာထွန်း (ခ)ဆူးခက် အသက်၂၇ နှစ်ကို နယ်မြေခံအမှတ် ၃ ရဲစခန်းကနေ ပ-၃၉၀/၂၀၁၉ ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

 

#voiceofmyanmar #မန္တလေး #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW