ရန်ကုန်မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင်တင်နေစဉ်အတွင်း ကုန်တင်ရထားတွဲများ ရိုးမပတ်လမ်းမှသွားရန်စီစဉ်

ပြည်စက်တင်ဘာ ၁၀-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ရန်ကုန်-မန္တလေးမီးရထားလမ်းကိုအဆင့်မြှင့်ရထားလမ်းအဖြစ်ပြုပြင်ရန်ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)အကူအညီနဲ့ယခုနှစ်အောက်တိုဘာလမှာ စတင်တော့မှာဖြစ်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကသိရပါတယ်။

 

အရင်ကနှစ်လမ်းသွားစနစ်ကိုအခုအခါမှာတစ်လမ်းကိုပိတ်ကာတစ်လမ်းသွားစနစ်အဖြစ်ယာယီအသုံးပြုမှာဖြစ်ပြီး ကုန်တင်ရထားတွေအတွက် မိုင်၈၀ပိုမိုအသုံးပြုကာ ရိုးမပတ်လမ်းကနေ ပြေးဆွဲသွားမှာလို့ သိရပါတယ်။

 

“ရန်ကုန်-မန္တလေးလမ်းပိုင်းမှာရထားလမ်းပြင်တဲ့အခါမှာဒွေးလမ်းကိုဧကလမ်းစနစ်နဲ့တစ်ချို့ပြင်တဲ့နေရာတွေမှာဆောင်ရွက်ရမယ်ဆောက်ရွက်တဲ့အခါမှာတတ်နိုင်သမျှတော့ဂျပန်တွေနဲ့ညှိထားတယ်ဘာမှပြဿနာမရှိအောင်ရထားတွေလည်းထိခိုက်မှုမရှိအောင်ညှိထားတယ်ဒါကတစ်ခါတစ်ရံမှာအခက်အခဲတွေ့နိုင်တယ်အခက်အခဲတွေ့ရင်တစ်ချို့သောကုန်ရထားတွေကိုဒီဘက်ကနေပြီးတော့ရိုးမပတ်လမ်းကြီးဖြစ်တဲ့ရန်ကုန်ပြည်(ရွှေတံခါး)ဆတ်သွားပျဉ်းမနားမန္တလေးသွားလို့ရတယ်မိုင်၈၀တော့ပိုတာပေါ့အဲလိုနည်းနဲ့ကုန်ရထားတွေပို့နိုင်အောင်ကြိုးစားမယ်”လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကပြောပါတယ်။

 

ကုန်တင်ရထားတွဲများသွားမဲ့ပတ်လမ်းကိုလည်း စက်တင်ဘာလဆန်းပိုင်းက ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကရထားစီးပြီးလိုက်လံစစ်ဆေးပြီးပြီဖြစ်ကာ ကြံ့ခိုင်မှု့နည်းတဲ့လမ်းပိုင်းနေရာတွေမှာလည်းပြုပြင်ဘို့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

 

 

၃၈၅မိုင်ရှိတဲ့ ရန်ကုန်မန္တလေးရထားလမ်းပိုင်းကို အပိုင်း၂ပိုင်းခွဲကာ(ရန်ကုန်တောင်ငူ)ကို အောက်တိုဘာမှာစတင်ပြီး အပိုင်း၂တောင်ငူမန္တလေးကို ၂၀၂၁တွင် ဆက်လက်အဆင့်မြှင့်တင်သွားမှာဖြစ်လို့ ခုလို ကုန်ပစ္စည်းတွေ မကြန့်ကြာစေရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

 

#voiceofmyanmar #ရန်ကုန်မန္တလေးရထားလမ်း

 

Related posts

Leave a Comment

VOM News

FREE
VIEW