မိုးဆိုရင် ပဲခူးဟာ ရေအမြဲကြီးလို့ နောင်ရေမကြီးဖို့ ကော်မတီဖွဲ့ဆောင်ရွက်နေ

ပဲခူးစက်​တင်​ဘာ၁၂-၂၀၁၉

မိုးယံ(VOM)

 

 

ပဲခူးတိုင်းပဲခူးမြို့မှာ  ပဲခူးမြစ်​​ရေဟာစက်​တင်​ဘာ၁၂မနက်​၆နာရီခွဲ တိုင်းတာချက်​အရစိုးရိမ်​​ရေမှတ်​ အထက်​ ၁၉စင်​တီမီတာ​ကျော်​လွန်​​နေပြီးဆက်​လက်​မြင့်​တက်​​နေတာကြောင့် ရပ်ကွက်တချို့ ရေဝင်နေပါတယ်။

 

ရေကြီးနေ​တဲ့ လူ​နေအိမ်​တွေက မိသားစုတွေ စား​ဝတ်​​နေ​ရေးအခက်​အခဲဖြစ်​​နေပြီးစာသင်​​ကျောင်း၂၅​ကျောင်း ပိတ်​ထားရတယ်​လို့ ပဲခူးအ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနကသိရပါတယ်​။

 

ပဲခူးမြို့မှာယခုအချိန်​ထိကယ်​ဆယ်​​ရေးစခန်းဖွင့်​ထားခြင်းမရှိ​သေးဘဲနီးစပ်​ရာဘုန်းကြီးကျောင်းတွေမှာ​ရွှေ့​ပြောင်း​နေထိုင်​ကြတယ်​လို့ ကျွန်းသာယာရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးဦးမျိုး​ဇော်​ထွဋ်​က

 

“ သူတို့​နေ​ရေးထိုင်​​ရေးအဆင်​​ပြေ​စေဖို့်​ အ​နောက်​​ရွှေနံ့သာ​ကျောင်းတိုက်​မင်္ဂလာ​ဇေယျုံစာသင်​တိုက်​ငြိမ်းချမ်း​ဇေယျာစာသင်​တိုက်​ဒက္ခိဏာသာခါ ဘုန်း​တော်​ကြီးကျောင်း​တွေမှာယာယီ​နေထိုင်​ဖို့စီစဉ်​​ပေးထားပါတယ်​အိမ်​​ထောင်​စု​ပေါင်း၁၆၄စုလူဦး​ရေ၇၂၀နေထိုင်​​နေပါတယ်​” လို့​ပြောပါတယ်​။

 

ရေကြီး​ရေလျှံမှုနဲ့ပတ်​သက်​ပြီး ပြင်ဆင်နေတဲ့အနေအထားကို  ပဲခူးတိုင်းအစိုးရအဖွဲ့လယ်/ဆည်​ဝန်​ကြီးဦး​အောင်​​ဇော်​နိုင်​ကအခုလို​ပြောပါတယ်​။

 

“ အနိမ့်​ပိုင်းဖြစ်​လို့ မိုး​ဟေ့ဆို​ရေကဝင်​မှာဘဲ  စိုးရိမ်​​ရေမှတ်​ဖြစ်​လို့​နေ​ရေးထိုင်​​ရေးအခက်​အခဲဖြစ်​ရင်​ကယ်​ဆယ်​​ရေးစခန်း​တွေဖွင့်​​ပေးမှာပါ၊ ဒါကလတ်​တ​လော​ဆောင်​ရွက်​ရမယ့်​ပလန်ပါ​ရေရှည်​​ဆောင်​ရွက်​ရမယ့်​ပလန်​က​တော့ဒီ​နေရာ​တွေကို​ရေမကြီးဖို့ပဲခူးတိုင်း​ဒေသကြီးအစိုးရက​ရေကြီးနစ်​မြုပ်​မှု​ ကာကွယ်​​ရေး​ကော်​မတီဖွဲ့ပြီး ​ဆောင်​ရွက်​​နေပါတယ်​လို့” ​ဆိုပါတယ်​။

 

ပဲခူးတိုင်းအ​နောက်​ခြမ်းလက်​ပံတန်းမြို့နယ်​မှာ စာသင်​​ကျောင်း၁၄​ကျောင်း မင်းလှမြို့နယ်​မှာ ၁၉​ကျောင်း၊ နတ္တလင်းမြို့နယ်​မှာ၃​ကျောင်း၊ စုစု​ပေါင်း၃၆​ကျောင်း၊ ပဲခူးအ​ရှေ့ခြမ်း ပဲခူးခရိုင်​မှာ၂၅​ကျောင်းပိတ်​ထားရတယ်​လို့ ပဲခူးတိုင်း​ပညာ​ရေးမှူးရုံးမှသိရပါတယ်​။

 

#voiceofmyanmar #ပဲခူးရေကြီး

Related posts

Leave a Comment

VOM News

FREE
VIEW