မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတဲ့အတွက် စစ်ကိုင်းမြို့မှာ စစ်တပ်နဲ့ရဲ လုံခြုံရေးဆောင်ရွက်

စစ်ကိုင်း- စက်တင်ဘာ ၁၃-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့ နယ်- မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ AA လက်နက်ကိုင် အဖွဲ့ဝင်များလို့ ယူဆရတဲ့ အမျိုးသား ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများ ဆက်သွယ်ရေးပစ္စည်းများ ဆက်စပ်ပစ္စည်းများနဲ့အတူ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကိုင်းနဲ့ တံတားတွေပေါ်မှာ လုံခြုံရေး ဆောင်ရွက်ခဲ့ကြပါတယ်။

 

ဒီလိုလုံခြုံရေးဆောင်ရွက်ရာမှာ  တပ်မ (၃၃)ခြေမြန်တပ်မဌာနချုပ်။အမှတ်(၁၃)ခြေမြန်တပ်ရင်း  တပ်ရင်း အမှတ် (၁၆) လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ သံချပ်ကာတပ်တွေနဲ့မော်တော် ယာဉ်တန်းတွေနဲ့အတူ လှည်လည်ကာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

 

”ဒါက မန္တလေးမှာ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ က AA လက်နက်ကိုင်တပ်ဖွဲ့ကလို့ယူဆတဲ့  အမျိုးသား၎ ဦးရယ် ဖောက်ခွဲရေးပစ္စည်းတွေမိတာကြောင့် ကျနော်တို့ စစ်ကိုင်းမှာ လည်း လုံခြုံရေးအပြည့်ရှိတာသိအောင်ရယ် တကယ်လို့ ရှိခဲ့တယ်ဆိုရင်လည်း အဆင်သင့်ဖြစ်အောင် လုံခြုံရေးဆောင်ရွက်တာ။ နောက်ရက်လုပ်ဖို့ကမသိရသေးဘူးဗျ  ဒီစစ်ကိုင်းမြို့မ ရဲစခန်းက တော့ ခရိုင်မှူးလမ်းညွန်ချက်နဲ့  ညတိုင်း လှည့်ကင်းနဲ့တံတားပေါ် ပိတ်ဆို့တွေ ဆောင်ရွက်နေတယ်လို့” လုံခြုံအဖွဲ့မှာပါဝင်တဲ့ တာဝန်ရှိ အမည်မဖော်လိုသူ အရာရှိတစ်ဦး ကပြောပါတယ်။

 

 

လုံခြုံရေးလှည့်လည်ဆောင်ရွက်ခြင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့ဝင်များ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အခုလို တစ်နေ့တည်း တစ်ပြိုင်တည်း လုံခြုံရေးအရပူးတွဲဆောင်ရွက်မှုမျိုး ကို စစ်ကိုင်းမြို့ မှာတစ်ခါမှ  မတွေဘူးဘဲ ရှားပါတယ်လို့ စစ်ကိုင်းမြို့နေ ဒေသခံ တစ်ဦးကပြောပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း  #လုံခြုံရေး

Related posts

Leave a Comment

VOM News

FREE
VIEW