နေပြည်တော် နှစ်လယ် ကျောက်မျက်ရတနာပြပွဲစပြီ

နေပြည်တော်-စက်တင်ဘာ ၁၆-၂၀၁၉

ကိုထွန်း(VOM)

 

၂၀၁၉ခုနှစ်​ နှစ်​လယ်​မြန်​မာ့​ကျောက်​မျက်​ရတနာပြပွဲကို စက်​တင်​ဘာ ၁၆ရက်​​နေ့ မနက်​ပိုင်း​က နေပြည်​​တော်​၊ မဏိရတနာ​ကျောက်​စိမ်းခန်းမမှာ စတင်​ကျင်းပပြုလုပ်​နေပါတယ်။

 

စက်​တင်​ဘာ ၁၆ရက်​​ကနေ ၂၅ရက်​​နေ့ထိ​ ပြမှာဖြစ်ပြီး ၁၆ရက်​​နေ့ကနေ ၁၈ရက်​​နေ့ထိ ရတနာကုန်​သည်​တွေက ကျောက်​မျက်​အတွဲတွေကို ကြည့်​ရှုစစ်​​ဆေးခြင်း၊ အိပ်​ဖွင့်​တင်​ဒါစနစ်​ဖြင့်​​ရောင်းချမည့်​​ကျောက်​မျက်​အတွဲများအတွက်​​ဈေးနှုန်းလွှာတင်​သွင်းခြင်း(BIDDING FORM)၊ တင်​ဒါပုံးများတွင်​ထည့်​သွင်းခြင်းတို့​ ဆောင်​ရွက်​ရမည်​ဖြစ်​​ကြောင်းသိရပါတယ်။

 

စက်​တင်​ဘာ၁၉ ရက်​​နေ့မှာ အ​ခြေခံယူရို​ငွေ ၅၀၀နှင့်​ တန်​ဖိုးသတ်​မှတ်​ထားတဲ့ ကျောက်​မျက်​အတွဲတွေကို အိပ်​ဖွင့်​တင်​ဒါစနစ်​ဖြင့်​​ ရောင်းချမှာလို့ကြော်ငြာထားပါတယ်။

 

 

စက်​တင်​ဘာ ၂၀ရက်​​နေ့ကနေ ၂၅ရက်​​နေ့ထိ အ​ခြေခံ​ဈေး ယူရို​ငွေ(၅၀၀၀)နှင့်​အထက်​ တန်​ဖိုးသတ်​မှတ်​ထားတဲ့ ကျောက်​စိမ်းအတွဲတွေ အ​ခြေခံ​ဈေး ယူရို​ငွေ (၁၀၀၀)နှင့်​အထက်​တန်​ဖိုးသတ်​မှတ်​ထားတဲ့ အ​ချောထည်​ ​ကျောက်​စိမ်းတွဲတွေကို အိပ်​ဖွင့်​တင်​ဒါစနစ်​နဲ့ ရောင်းချမှာဖြစ်ပါတယ်။

 

ဒီပွဲမှာ အ​ခြေခံ​ဈေး ယူရို ၅၀၀၀၀၀၀ တန်​ဖိုးရှိ​ ကျောက်​စိမ်းတွဲကိုလည်းပြသထား​ပါတယ်။

 

နှစ်​လယ်​​ကျောက်​မျက်​ရတနာ​ပြပွဲကို ပြည်​တွင်း၊ပြည်​ပ ရတနာကုန်​သည်​ ၄၅၅၈ လာ​ရောက်​ကြ​သလို ဒုတိယသမ္မတ ဦးဟင်​နရီဗန်​ထီးယူ့နဲ့ ပြည်​​ထောင်​စုဝန်​ကြီးတွေလည်း တက်​​ရောက်ပြီး ပြသထားတဲ့ ကျောက်​မျက်​ရတနာတွေကို ကြည့်​ရှု့​လေ့လာခဲ့ပါတယ်။

 

#voiceofmyanmar #နေပြည်တော် #ကျောက်စိမ်းပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW