ဘီပီအိုင်စက်ရုံးမှူးကို အင်းစိန်တရားရုံးကနေ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးကို ပြောင်းရွှေ့စစ်ဆေးမယ်

ရန်ကုန်- စက်တင်ဘာ၁၉-၂၀၁၉

ကိုးသက်စံ(VOM)

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဘီပီအိုင်စက်ရုံမှူး ဒေါက်တာအောင်ဇော်ရဲ့ အမှုကို လာမယ့် အောက်တိုဘာလ ၂ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး တရားရုံးကို ပြောင်းရွှေ့ပို့ဆောင် စစ်ဆေးတော့မှာဖြစ်ပါတယ်။

 

ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ဒုတိယအကြိမ် ရုံးချိန်းမှာ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒေါက်တာအောင်ဇော်ကို  ရုံးထုတ်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးဖြစ်တယ်လို့  ဒေါက်တာအောင်ဇော်ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ် ။

 

 

မြို့နယ်တရားရုံးက အမှုကိုခိုင်မာအောင် တည်ဆောက်နေတာပါ။ အောက်တိုဘာ ၂ရက်နေ့ကြရင် တိုင်းတရားရုံးမှာ ပြောင်းလဲစစ်ဆေးမှာပါ၊ သူဟာ ငွေကြေးအတွက် အဂတိလိုက်စားတာ လုံးဝမဟုတ်ပါဘူးလို့” အမှုလိုက်ပါဆောင်ရွက်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ် ။

 

 

 

 

ဒါ့အပြင် ဒေါက်တာအောင်ဇော်ဟာ ငွေကြေးအတွက် အဂတိလိုက်စားမှုလုံးဝမရှိတဲ့အပြင် လုပ်ငန်းပုံမှန် လည်ပတ်နိုင်ဖို့လုပ်ဆောင်ခဲ့တာသာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာအဲဒီကိစ္စအတွက်  ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိပြီးဖြစ်လို့ တရားရုံးကို တင်ပြနိုင်ခဲ့ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုကိုဖြေလျော့ပေးသွားမှာ ဖြစ်တယ်လို့ ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က ဆိုပါတယ် ။

 

 

“ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ကျွန်တော်တို့မှာရှိနေပြီ၊အဲဒီသက်သေတွေကို တရားရုံး ကိုတင်ပြနိုင်ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖြေလျော့ပေးမယ်ထင်ပါတယ် လို့ “ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ် ။

 

 

လက်ရှိ အချိန်မှာလည်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဟာ ဒေါက်တာအောင်ဇော်ကို စစ်ဆေးဖို့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပါတယ် ။

 

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒေါက်တာအောင်ဇော်ဟာ သွေးကြောသွင်း ဆေးရည်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ကော်စေ့ ၂၆တန်ကို လုပ်ထုံး လုပ်နည်းနဲ့ မညီဘဲဝယ်ယူပြီး ငွေကြေးအရ အဂတိလိုက်စားမှုရှိခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဆီမှာ တိုင်ကြားတာ ခံခဲ့ရတာဖြစ်ပါတယ် ။

 

အဲဒီလို တိုင်ကြားမှုကို ကော်မရှင်က စစ်ဆေးရာမှာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘဲ ဝယ်ယူခဲ့တာကို တွေ့ရှိရတဲ့အတွက် ကော်မရှင်ဥပဒေ ပုဒ်မ ၅၆နဲ့သူ့ကို့  ရဲတပ်ဖွဲ့က  စက်တင်ဘာလ ၆ ရက်နေ့မှာ စတင်ပြီး ထိန်းသိမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ် ။

 

ဒေါက်တာအောင်ဇော်ရဲ့ကိစ္စနဲ့ ဆက်စပ်ပြီး အထက်အရာရှိဖြစ်တဲ့ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးကိုကိုအောင်ကိုလည်း ကြီးကြပ်မှုပျက်ကွက်လို့ဆိုပြီး စက်တင်ဘာ ၁၃ ရက်က  တာဝန်က အနားပေးခံလိုက်ရပါတယ်။

 

#vocieofmyanmar  #BPI #ဒေါက်တာအောင်ဇော်

 

Related posts

Leave a Comment

VOM News

FREE
VIEW