ဘားအံမြို့မှာ သိမ်းဆည်းခံ လယ်​​မြေပြန်​လည်​ရရှိဖို့ ဆန္ဒ​ဖော်​ထုတ်

ဘားအံစက်​တင်​ဘာ၂၀-၂၀၁၉

မိုးယံ(VOM)

 

ကရင်​ပြည်​နယ်​ ဘားအံမြိ့မှာ အကျဉ်းဦးစီးဌာန​တောင်​က​လေးအကျဉ်း​ထောင်​ကသိမ်းဆည်းထားတဲ့လယ်​​မြေ၆၈ဧကကိုပြန်​လည်​ရရှိဖို့တကယ်လို့လယ်​ပြန်​မ​ပေးရင်​လည်း ကာလတန်​ဖိုးအတိုင်း​လျော်​​ကြေးရရှိဖို့ ဒီ​နေ့မနံက်​ ၈နာရီခွဲအချိန်​ကမူလမြေပိုင်ရှင်တွေက ဆန္ဒဖော်​ထုတ်​ခဲ့ပါတယ်​။

 

 

“ လွန်​ခဲ့တဲ့၁၀နှစ်​​လောက်​ကတည်းကသိမ်းခံရတာအဘွား​မြေက၂.၅၆ဧကပါတယ်​ တိုင်​ထားတာအများကြီးဘဲဘာမှမထူးခြားဘူးအသိမ်းခံရတဲ့လယ်​​မြေ​တွေကအခုထိ လယ်​ကွင်းကြီးဘဲဘာစီမံကိန်းမှမလုပ်​ဘူးအဘွားတို့လယ်​ထဲသွား​တော့​မောင်းထုတ်​တယ်​လယ်​ပြန်​လိုချင်​တယ်​ဒါမှမဟုတ်​လည်း​လျော်​​ကြေးရချင်​တယ်​ “ လို့ သိမ်းဆည်းခံရတဲ့  က​မော်​ကဆင်​​ကျေးရွာမှ​မြေပိုင်ရှင် ဒေါ်ညိုက​ပြောပါတယ်​။

 

ဘားအံမြို့​ကျောက်​တိုင်​ကွင်းမှာစု​ဝေးကြပြီးရွှေယင်​​မျှော်​ဘုရားလမ်​ကနေကန္နားပတ်​လမ်းအတိုင်းသိမ်းဆည်း​မြေရှိတဲ့ ဇွဲကပင်​​တောင်​​ခြေအနီးအထိသုံးမိုင်​​ကျော်​လမ်း​လျှောက်​ချီတက်​ကြပြီး

 

ဒို့လယ်​​မြေဒို့လုပ်​ကိုင်​ခွင့်​ရရှိ​ရေးဒို့အ​ရေး၊ သမ္မတရဲ့ညွှန်​ကြားချက်​အတိုင်းလိုက်​ပါ​ဆောင်​ရွက်​​ပေး​​ရေး မတရားသိမ်းသူဒို့ရန်​သူစတဲ့ဗီနိုင်းပိုစတာတွေ အလံတွေကိုင်​​​ပြီးကြွေး​ကြော်​သံ​တွေနဲ့ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။

 

ဘားအံမြို့နယ်​ က​မော်​ကဆင်​​ကျေးရွာမှဒေါ်မဲအပါအဝင်​လယ်​သမား၁၅ဦး တို့ရဲ့ ရဲသာ​ကျေးရွာအုပ်​စုကကွင်းအမှတ်ဦးပိုင်​အမှတ်​ရှိပြီးသားလယ်​​မြေ၆၈ဧကကို တောင်​က​လေးအကျဉ်း​ထောင်​ကသိမ်းဆည်းခဲ့ရာမှာ​လျော်​​ကြေးတစ်​စုံတစ်​ရာ​ပေး​ချေခြင်းမရှိဘူးလို့လည်း​ပြောပါတယ်​။

 

`ပြည်​​ထောင်​စုအစိုးရရဲ့လမ်းညွှန်​ချက်​​တွေကိုပြည်​နယ်​အစိုးရကတိတိကျကျအ​ကောင်​အထည်​ ​ဖော်​​ပေးဖို့လိုမယ်​တကယ်​လိုအပ်​တာက၅၂ဧကသိမ်းထားတာက၆၈ဧက၁၆ဧကပိုသိမ်းထားတယ်​အဲဒီ၁၆ဧကကိုလယ်​သမား​လေးဦးကိုပြန်​​ပေးမယ်​​ပြောထားတာလည်းခုထိပြန်​မ​ပေး​သေးဘူးအမြန်​ဆုံးပြန်​​ပေး​စေချင်​ပါတယ်​´လို့ ၈၈ကရင်​ မျိုးဆက်​​ကျောင်းသားများရဲ့လူမှုဖွံ့ဖြိုး​ရေးအသင်းဥက္ကဌဦး​စော​မောင်​ကြီးက​ပြောပါတယ်​။

၂၀၁၀ခုနှစ်​ကစပြီးသက်​ဆိုင်​ရာဌာနများကို​ပေးပို့တိုင်​ကြားခဲ့ပြီး​ အခုနှစ်​​မေလကတစ်​ကြိမ်​ ဆန္ဒထုတ်​​ဖော်​ခဲ့ကြပြီးယခုအကြိမ်​နဲ့ဆိုနှစ်​ကြိမ်​ရှိပြီလို့​သိရပါတယ်​။

 

#voiceofmyanmar #ကရင်ပြည်နယ် #ဘားအံ #လယ်သိမ်းခံ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW