မကွေးတိုင်းမှာ လူသတ်မှုနဲ့မုဒိမ်းမှုအများဆုံးဖြစ်

မ​ကွေး၊စက်​တင်​ဘာ၂၃-၂၀၁၉

သူရိန်(VOM)

 

 

မကွေးတိုင်းအတွင်း ဒီနှစ်ဖြစ်တဲ့ အမှုတွေထဲမှာ လူသတ်မှုနဲ့မုဒိမ်းမှုကအများဆုံးဖြစ်ပွားခဲ့တယ်​လို့မ​ကွေးတိုင်းလုံခြုံ​ရေးအ​ခြေအ​နေနဲ့ပက်​သက်​ပြီး ဒီကနေ့ ပြုလုပ်​တဲ့ရှင်းလင်းပွဲကနေ သိရပါတယ်​။

 

“ အခုနှစ်ဇန်​နဝါရီလ(၁)ရက်က​နေသြဂုတ်လ(၃၁)ရက်အထိမကွေးတိုင်းဒေသကြီးအတွင်းမှာအမှုကြီး(၁၁၄)မှုဖြစ်ပွားခဲ့ရာမှာလူသတ်မှု(၆၆)မှု၊မုဒိန်းမှုကလည်း(၆၆)မှုဖြစ်ပွားခဲ့လို့အဲဒီအမှုနှစ်ခုကအများဆုံးဖြစ်ပွားခဲ့တယ်လို့ပြောရမှာပါ။အခြားမှု(၃၇၆၉)မှုဖြစ်ပွားခဲ့တာမှာနာကျင်ယာဉ်တိုက်မှုတွေက(၉၉၀)ကျော်လောက်ဖြစ်လို့အခြားမှုမှာလည်း ယာဉ်တိုက်မှုကအများဆုံးပါ”လို့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်မောင်လတ်ကပြောပါတယ်​။

 

၂၀၁၈ခုနှစ်တစ်နှစ်လုံးမှာအမှုကြီး(၂၁၅)မှုဖြစ်ပွားခဲ့ပြီး၂၀၁၉ခုနှစ်မှာ(၈)လပိုင်းကုန်အထိအမှုကြီး(၁၄၄)မှု၊အခြားမှုအနေနဲ့၂၀၁၈ခုနှစ်တစ်နှစ်လုံးမှာ(၅၆၄၈)မှုဖြစ်ပွားခဲ့ပြီး၂၀၁၉ခုနှစ်(၈)လပိုင်းကုန်အထိ(၃၇၀၀)ကျော်သာရှိသေးတဲ့အတွက်​၂၀၁၈ခုနှစ်ကထက်အမှုကြီးရောအခြားမှုပါဖြစ်ပွားမှုနှုန်းလျော့နည်းမယ့်​အခြေအနေမှာရှိ​နေတယ်​လို့သိရပါတယ်​။

 

 

ဒါ့ပြင်​မ​ကွေးမြို့က​လုံခြုံမှုမရှိ​တော့​ဘူးလို့လူမှု့ကွန်ယက်စာမျက်​နာ​တွေမှာ ပျံနှံ​နေမှုနဲ့ပက်​သက်​ပြီး​​နေ့ညလုံခြုံ​ရေး​တွေဆောင်​ရွက်​​နေသလို ရပ်​ကင်း၊ လှည့်​ကင်းတွေကိုမြို့​ပေါ်( ၉) နေရာဖြစ်​တဲ့အထက( ၃)လမ်းဆုံ၊ရန်ပယ်ဈေး၊မြို့မဈေး၊ပြည်တော်သာလမ်း၊မြင်းကင်းလမ်းဆုံ၊လမ်းငါးသွယ်လမ်းဆုံ၊  ဗိုလ်ချုပ်ပန်းခြံအာရှထောင့်၊ ကန်သာကန်ဘောင်၊ တက္ကသိုလ်လမ်းဆုံနေရာ​တွေမှာမနက်​က​နေ​နေ့လည်​ ( ​၁၂)နာရီထိတစ်ဖွဲ့၊ည​နေပိုင်းထိ(၁)ဖွဲ့၊ည(၁၂)နာရီ​နောက်​ပိုင်းက​နေမိုးလင်းအထိလှည့်​ကင်း​ဆောင်​ရွက်​​နေ​တယ်​လို့သိရပါတယ်​။

 

 

မကွေးတိုင်းဒေသကြီးအတွင်းမှာ၂၀၁၉ခုနှစ်ဇန်​နဝါရီလ(၁)ရက်က​နေသြဂုတ်လ(၃၁)ရက်အထိသက်ငယ်မုဒိန်းဖြစ်ပွားမှုအနေနဲ့အသက်(၂)နှစ်က​နေ(၅)နှစ်အရွယ်ထိ(၄)ဦး၊(၆)နှစ်က​နေ(၁၀)နှစ်အထိ(၆)ဦးကျူးလွန်ခံခဲ့ရသလိုမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ မကွေးတိုင်းတစ်တိုင်းလုံးအနေနဲ့(၄၉)မှု၊ တရားခံကျား(၈၄)ဦး၊မ(၁၀) ဦးဖမ်းဆီးနိုင်ခဲ့ပြီးမကွေးခရိုင်မှာ(၁၆)မှု၊ ပခုက္ကူခရိုင်မှာ(၁၄)မှု၊သရက်ခရိုင်မှာ(၇)မှု၊ဂန့်ဂေါခရိုင်မှာ(၆)မှု၊မင်းဘူးခရိုင်​မှာ(၆)မှုဖြစ်ပွားခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်​။

 

#voiceofmyanmar #မကွေးတိုင်း #မှုခင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW