ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ မိသားစုနဲ့  အမှုလိုက်ပေးတဲ့ ရှေ့နေတွေကို အမှုဖွင့်

နေပြည်တော်-စက်တင်ဘာ ၂၇-၂၀၁၉

ကိုထွန်း (VOM)

 

နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားလို့အမည်ပေးထားတဲ့ ကလေးငယ်ကို မဖွယ်မရာပြုကျင့်တဲ့ အမှုမှာ ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဦးကြီးနဲ့ ဒေါ်ကြီး ၂ယောက်ရယ် တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေနဲ့ အမှုကို ကူညီသူ စုစုပေါင်း ၆ ယောက်ကို ကလေးသူငယ် ဥပဒေနဲ့  မနေ့ညနေက အမှုဖွင့်လိုက်ပါတယ်။

 

အမှုဖွင့်တိုင်ကြားသူကတော့ Wisdom Hill မူကြိုကျောင်းမှာ ကြီးကြပ်အုပ်ချုပ်တဲ့ ဆရာမ ဒေါ်ဥမ္မာလှိုင်ဖြစ်ပါတယ်။

 

ဒေါ်ဥမ္မာလှိုင်ရဲ့ တိုင်ကြားချက်ကတော့ သူ့ရဲ့သား ၂ယောက်ရဲ့ ဆိုရှယ်မီဒီယာကပုံတွေယူပြီး တရားရုံးမှာ ကလေးငယ်ကို မေးမြန်းထားတဲ့ ဗီဒီယိုဖိုင် သက်သေခံတင်သွားတဲ့  ဗစ်တိုးရီးယားရဲ့ မိသားစုဝင် ၃ယောက်၊  တရားလိုနဲ့ စွပ်စွဲခံရသူဘက်ကလိုက်တဲ့ ရှေ့နေ ၂ယောက်ရဲ့ မီဒီယာမှာဖြေကြားမှု၊ ဒီအမှုကို ကူညီဆောင်ရွက်နေတဲ့ သက္ကမိုးညို(ခ) ဒေါက်တာ ဝင်းကိုကိုသိန်း ဟာလည်း ၁၄.၉.၂၀၁၉ ရက်နေ့က သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာ စတုတ္ထရုံးချိန်းဆိုတဲ့ ခေါင်းစဉ်နဲ့ တရားရုံးမှာ သက်သေခံတင်သွင်းတဲ့ ဗီဒီယိုဖိုင် အကြောင်းရေးသားဖော်ပြခဲ့တာဟာ သား(၂)ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက် ရစေခြင်းများ ဖြစ်ပေါ်စေလို့ ဆိုပြီး  အရေးယူပေးဖို့  တရားလိုပြုလုပ်တိုင်တန်းတာဖြစ်ပါတယ်။

 

ဒီအမှုကို ပတ္တာနယ်မြေရဲစခန်း(ပ) ၁၀၅/၂၀၁၉ ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါတယ်။

 

ဒီလိုအလားတူပဲ ပြီးတဲ့ ၂ရက်က စွပ်စွဲဖမ်းဆီးခံရသူ ကားဒရိုင်ဘာ ကိုအောင်ကြီးဘက်က အမှုလိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကိုလည်း အလားတူပုဒ်မတွေနဲ့ပဲ အမှုဖွင့်ထားတာကြောင့် စုစုပေါင်း အမှုဖွင့်ခံရသူ ၇ယောက်ရှိသွားပြီဖြစ်ပါတယ်။

 

အမှုဖွင့်ခံရတဲ့ ဒေါ်စုဒါလီအောင်ကတော့ ခုလိုအမှုဖွင့်ခံရတာပြင် ဖိအားပေးတာတွေ ခြိမ်းခြောက်တာတွေ နောက်ယောင်ခံလိုက်တာတွေ သူခံရတာရှိပေမယ့် နောက်ဆုတ်သွားမှာမဟုတ်ပဲ စွပ်စွဲခံရသူ ကိုအောင်ကြီးအမှုပြီးသည်ထိ လိုက်ပါဆောင်ရွက်သွားမယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

 

#voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား #ရှေ့နေတွေတရားစွဲခံရ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW